နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်၊ ပြိုင်ပွဲဝင်လိုသူများ ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းအထိ စာရင်းပေးသွင်းနိုင်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်၊ ပြိုင်ပွဲဝင်လိုသူများ ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းအထိ စာရင်းပေးသွင်းနိုင်
ဇှနျ 13, 2018
By Tachileik News Agency

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ဇွန်လ(၁၇)ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲဝင်လိုသူများအား အနေဖြင့် ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်း အချိန်အထိ စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲအား တာချီလိတ်ခရိုင် မိုးလုံလေလုံ အားကစားခန်းမတွင် ၂၀၁၈ခုနှစ် ဇွန်လ(၁၇)ရက်နေ့ နံနက်(၉)နာရီမှ စ၍ ဇွန်လ(၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည့် အတွက် အားကစား ၀ါသနာရှင်များ အနေဖြင့် လာရောက် အားပေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့်  ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ၏ ဆက်သွယ်ရန် ဖုန်းများဖြစ်သည့် ဦးအေးမင်းထွဋ် ( 09250859964 ) ဦးဝင်းစွမ် ( 09250250642 ) နှင့် ဦးဆန်းဝင်းအောင် ( 09250780533 )သို့ ဇွန်လ(၁၆)ရက်နေ့ ညနေ(၄)နာရီအချိန်အထိ နောက်ဆုံးထား ဆက်သွယ်မေးမြန်းကာ စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ကျင်းပပြုလုပ်ရန်အတွက် တာချီလိတ်ခရိုင် မိုးလုံလေလုံ အားကစားခန်းမတွင် ဇွန်လ(၁၃)ရက်နေ့၌ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ - NLD Tachileik


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ဇွန်လ(၁၇)ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲဝင်လိုသူများအား အနဖြေင့် ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်း အချိန်အထိ စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။

"ပြိုင်ပွဲက (၁၇)ရက်နေ့မှာ ကျင်းပမှာဆိုတော့ ပြိုင်ပွဲဝင်လိုသူများ အနေနဲ့ ဇွန်လ(၁၆)ရက်နေ့ ညနေ(၄)နာရီနောက်ဆုံးထားပြီး ဆက်သွယ် စာရင်းပေးလို့ ရပါတယ်။ ပြိုင်ပွဲနဲ့အတူ ဖွင့်ပွဲကို ကျွန်တော်တို့ ဇွန်လ(၁၇)ရက်နေ့ နံနက်(၉)နာရီမှာ ကျင်းပမှာပါ။"ဟု ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌ ( တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး )ဦးဝင်းစွမ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပြိုင်ပွဲအား တာချီလိတ်ခရိုင် မိုးလုံလေလုံ အားကစားခန်းမတွင် ၂၀၁၈ခုနှစ် ဇွန်လ(၁၇)ရက်နေ့ နံနက်(၉)နာရီမှ စ၍ ဇွန်လ(၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည့် အတွက် အားကစား ဝါသနာရှင်များ အနဖြေင့် လာရောက် အားပေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနဖြေင့် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ၏ ဆက်သွယ်ရန် ဖုန်းများဖြစ်သည့် ဦးအေးမင်းထွဋ် ( 09250859964 ) ဦးဝင်းစွမ် ( 09250250642 ) နှင့် ဦးဆန်းဝင်းအောင် ( 09250780533 )သို့ ဇွန်လ(၁၆)ရက်နေ့ ညနေ(၄)နာရီအချိန်အထိ နောက်ဆုံးထား ဆက်သွယ်မေးမြန်းကာ စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ကျင်းပပြုလုပ်ရန်အတွက် တာချီလိတ်ခရိုင် မိုးလုံလေလုံ အားကစားခန်းမတွင် ဇွန်လ(၁၃)ရက်နေ့၌ ညှိနှိုင်းအစည်းအေဝး ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - NLD Tachileik

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~