မြန်မာ - ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တောင်ကြီးတွင် နှစ်ရက်တာကျင်းပ

မြန်မာ - ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တောင်ကြီးတွင် နှစ်ရက်တာကျင်းပ
ဇှနျ 3, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဇွန်လ(၃)ရက်နေ့မှ စတင်ကာ (၂)ရက်တိတိ ကျင်းပမည့် အကြိမ်(၂၀)မြောက် မြန်မာ - ထိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးအား Royal Taunggyi Hotel တွင် ကျင်းပနေကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇွန်လ(၃)ရက်နေ့ နံနက်က စတင်သည့် အဆိုပါ အစည်းအဝေးတွင်  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် မြင့်အောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) ၏ Secretary General Mr. Sirinya Sitdhichai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က လက်ရှိ မူးယစ်ဆေးဝါး ပြဿနာ အခြေအနေများ နှင့်  (၁၉)ကြိမ်မြောက်အဖြစ် ကျင်းပခဲ့သည့် အစည်းအဝေးမှ ထွက်ပေါ်လာသည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ပြန်လည် ဆန်းစစ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် အောင်ဝင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၀)ဦး၊ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ (ONCB) မှ Secretary General Mr. Sirinya Sitdhichai ဦးဆောင်သော  ထိုင်းနိုင်ငံ ကိုယ်စားလှယ် (၁၈)ဦးတို့ တက်ရောက်နေကြောင်း သိရသည်။

ဓါတ်ပုံ - ပြည်ထဲရေး

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဇွန်လ(၃)ရက်နေ့မှ စတင်ကာ (၂)ရက်တိတိ ကျင်းပမည့် အကြိမ်(၂၀)မြောက် မြန်မာ - ထိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအေဝးအား Royal Taunggyi Hotel တွင် ကျင်းပနေကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇွန်လ(၃)ရက်နေ့ နံနက်က စတင်သည့် အဆိုပါ အစည်းအေဝးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် မြင့်အောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)၏ Secretary General Mr. Sirinya Sitdhichai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က လက်ရှိ မူးယစ်ဆေးဝါး ပြဿနာ အခြေအနေများ နှင့် (၁၉)ကြိမ်မြောက်အဖြစ် ကျင်းပခဲ့သည့် အစည်းအေဝးမှ ထွက်ပေါ်လာသည့် အစည်းအေဝးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ပြန်လည် ဆန်းစစ်ခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး သင်တန်းများ၊ ပရိကာဆာထိန်းချုပ်ရေး ဆောင်ရွက်မှုများ၊ ကုသရေးနှင့်ပြန်လည်ထူထောင်ရေး စီမံခန့်ခွဲမှုများကို ပြန်လည်ဆန်းစစ်ကြပြီး မြန်မာ - ထိုင်း နယ်စပ်ဒေသ တစ်လျှောက် မူးယစ်ဆေးဝါး ပူးတွဲ ထိန်းချုပ်မှု စစ်ရေးစီမံချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအေဝးသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် အောင်ဝင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၀)ဦး၊ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ (ONCB) မှ Secretary General Mr. Sirinya Sitdhichai ဦးဆောင်သော ထိုင်းနိုင်ငံ ကိုယ်စားလှယ် (၁၈)ဦးတို့ တက်ရောက်နေကြောင်း သိရသည်။

ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~