ကျိုင်းတုံမြို့ရှိ နောင်ခမ်းကန်၏ ကန်ပေါင်နှင့်ကန်ပတ်လမ်းအား ပြည်နယ်အစိုးရ ဘတ်ဂျတ်ဖြင့် ပြုပြင်သွားမည်
ကျိုင်းတုံမြို့ရှိ နောင်ခမ်းကန်၏ ကန်ပေါင်နှင့်ကန်ပတ်လမ်းအား ပြည်နယ်အစိုးရ ဘတ်ဂျတ်ဖြင့် ပြုပြင်သွားမည်
ဇှနျ 20, 2018
By Tachileik News Agency
၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်က နောင်ခမ်းကန်အား ကန်ပေါင်ရိုးကျောက်စီ မြေထိန်းနံရံ ပြုလုပ်ခြင်းနှင့် ကန်ပတ်လည် ကွန်ကရစ်လမ်းခင်းခြင်းအတွက် ရန်ပုံငွေချပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြားချက်တွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
ပြည်နယ်အစိုးရအဖွဲ့  အနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အပိုင်း(၁)တွင် ဝင်ငွေလျာထားချက် ငွေကျပ် သိန်း (၁၀,၆၇၀) လျာထားဆောင်ရွက်ထားရှိပြီး အဆိုပါ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ကတ္တရာလမ်း (၁) လမ်း၊ ကျောက်ချောလမ်း (၄) လမ်း၊ ကွန်ကရစ်လမ်း(၂) လမ်း၊ မြေသားလမ်း(၂) လမ်း၊ Box Culvert (၁၇) စင်း တည်ဆောက်ခြင်း၊ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း၊ မြို့တွင်းလမ်းပေါက်များဖာခြင်းနှင့် မြို့ရေပေးရေးလုပ်ငန်း (၁၀) ခု၊ ရေမြောင်းပြုလုပ်ခြင်းနှင့် အင်ဂျင်နီယာလုပ်ငန်းသုံးယာဉ် ဝယ်ယူခြင်းများ အတွက် စုစုပေါင်း ကျပ်သိန်းပေါင်း (၅,၃၉၅) သုံးစွဲရန် လျာထားကြောင်း သိရသည်။
ကျိုင်းတုံစည်ပင်သာယာရေးဌာနအနေဖြင့် နောင်ခမ်းကန်၊ ကန်ပေါင်ရိုး ကျောက်စီမြေ ထိန်းနံရံ ပြုလုပ်ခြင်း (၂,၈၅၀)ပေ ခန့်မှန်း ကုန်ကျငွေ ကျပ် (၁,၉၇၂) သိန်းနှင့် ကန်ပတ်လည်ကွန်ကရစ် လမ်းခင်းခြင်း (၁,၀၇၅ ပေ x ၁၀ ပေ)၊ (၅၂၅ ပေ x ၁၄ ပေ)ခန့်မှန်းကုန်ကျငွေကျပ် (၅၅၈) သိန်း၊ စုစုပေါင်း ခန့်မှန်းကုန်ကျ ငွေကျပ်သိန်းပေါင်း (၂,၅၃၀) အတွက်၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အပိုင်း(၂)မှစ၍ ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြားခဲ့သည်။
ဓါတ်ပုံ - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ နောင်ခမ်းကန်အား ကန်ပေါင်ရိုးကျောက်စီ မြေထိန်း နံရံပြုလုပ်ခြင်းနှင့် ကန်ပတ်လည် ကွန်ကရစ်လမ်းခင်းခြင်းအား ငွေကျပ်သိန်း (၂,၅၃၀) ကုန်ကျမည်ဖြစ်ရာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အပိုင်း(၂)မှစ၍ ဘဏ္ဍာငွေရရှိမှုပေါ် မူတည်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်က နောင်ခမ်းကန်အား ကန်ပေါင်ရိုးကျောက်စီ မြေထိန်းနံရံ ပြုလုပ်ခြင်းနှင့် ကန်ပတ်လည် ကွန်ကရစ်လမ်းခင်းခြင်းအတွက် ရန်ပုံငွေချပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ဖြကြေားချက်တွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
"ကျိုင်းတုံမြို့ရှိ နောင်ခမ်းကန်ဟာ အမှတ်(၃)ရပ်ကွက် လေယာဉ်ကွင်းလမ်းဘေးမှာရှိပြီးတော့ အကျယ်အားဖြင့် (၆)ဧကကျော် ကျယ်ဝန်းပါတယ်။၎င်းကန်အတွင်း သာသနာ့ဗိမာန်တော်နှင့် စေတီတစ်ဆူ တည်ထားကာ မြို့ကျက်သရေဆောင်ကန်တစ်ကန်လည်းဖြစ်ပါတယ်။ ကျိုင်းတုံမြို့သို့ လေယာဉ်လမ်းကြောင်းမှ ရောက်ရှိလာသော ပြည်တွင်းပြည်ပ ဧည့်သည်များ၊ နိုင်ငံတော်အကြီးအကဲများ အားလုံးနှင့် မိုင်းလားသို့ သွားရောက်မည့် ဧည့်သည်များသည်၎င်းကန်ပတ်လမ်းကို မဖြစ်မနေ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ အဆိုပါ ကန်ပတ်လမ်းတွင် မိုတယ်၊ ဟိုတယ်နှင့် တည်းခိုခန်းများလည်း ရှိနပြေီး ပြည်တွင်းပြည်ပ ဧည့်သည်များလည်း လာရောက် လည်ပတ် ဓာတ်ပုံရိုက်လေ့ရှိသော နေရာလည်း ဖြစ်ပါတယ်။ ယခုအခါမှာ မြေသားကန်ဘောင်များ ပဲ့ကျခြင်းများကြောင့် အောက်ခြေကမ်းပါးများ ပြိုကျခြင်းနှင့် ကွန်ကရစ်လူသွားလမ်းများ ပဲ့ကျခြင်းတို့ ဖြစ်ပေါ်ပြီး ကန်၏အလှ ပျက်စီးနေပါတယ်”ဟု ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်က လွှတ်တော်တွင် တင်ပြသွားခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့ အနဖြေင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အပိုင်း(၁)တွင် ဝင်ငွေလျာထားချက် ငွေကျပ် သိန်း (၁၀,၆၇၀) လျာထားဆောင်ရွက်ထားရှိပြီး အဆိုပါ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ကတ္တရာလမ်း (၁) လမ်း၊ ကျောက်ချောလမ်း (၄) လမ်း၊ ကွန်ကရစ်လမ်း(၂) လမ်း၊ မြေသားလမ်း(၂) လမ်း၊ Box Culvert (၁၇) စင်း တည်ဆောက်ခြင်း၊ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း၊ မြို့တွင်းလမ်းပေါက်များဖာခြင်းနှင့် မြို့ရေပေးရေးလုပ်ငန်း (၁၀) ခု၊ ရေမြောင်းပြုလုပ်ခြင်းနှင့် အင်ဂျင်နီယာလုပ်ငန်းသုံးယာဉ် ဝယ်ယူခြင်းများ အတွက် စုစုပေါင်း ကျပ်သိန်းပေါင်း (၅,၃၉၅) သုံးစွဲရန် လျာထားကြောင်း သိရသည်။
ကျိူင်းတုံစည်ပင်သာယာရေးဌာနအနဖြေင့် နောင်ခမ်းကန်၊ ကန်ပေါင်ရိုး ကျောက်စီမြေ ထိန်းနံရံ ပြုလုပ်ခြင်း (၂,၈၅၀)ပေ ခန့်မှန်း ကုန်ကျငွေ ကျပ် (၁,၉၇၂) သိန်းနှင့် ကန်ပတ်လည်ကွန်ကရစ် လမ်းခင်းခြင်း (၁,ဝ၇၅ ပေ x ၁၀ ပေ)၊ (၅၂၅ ပေ x ၁၄ ပေ)ခန့်မှန်းကုန်ကျငွေကျပ် (၅၅၈) သိန်း၊ စုစုပေါင်း ခန့်မှန်းကုန်ကျ ငွေကျပ်သိန်းပေါင်း (၂,၅၃၀) အတွက်၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အပိုင်း(၂)မှစ၍ ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ဖြကြေားခဲ့သည်။
ဓာတ်ပုံ - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~