ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့နှင့် အဖွဲ့ဝင်များကို မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့နှင့် အဖွဲ့ဝင်များကို မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်
ဇွန် 8, 2018
By Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ် သတ်မှတ်ခံထားရသည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (National Government of the Union of Burma-NCGUB) အဖွဲ့နှင့် အဖွဲ့ဝင်များကို ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့မှစ၍ အဆိုပါ သတ်မှတ်ချက်များမှ ပယ်ဖျက်လိုက်သည်။

အဆိုပါ အဖွဲ့အား မတရားအသင်းများ အက်ဥပဒေအရ မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၃/၂၀၁၈)ဖြင့်လည်းကောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၄/၂၀၁၈)ဖြင့် လည်းကောင်း ဇွန်လ(၈)ရက်နေ့တွင် ထုတ်ပြန်ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~