က်ဳိင္းတံုၿမိဳ႕ရွိ ကတ္ဇင္းရြာတြင္ အရက္အလြန္အကၽြံေသာက္ၿပီး မိမိကိုယ္ကို တူမီးျဖင့္ ပစ္ခတ္ကာ ေသေၾကာင္းႀကံ

က်ဳိင္းတံုၿမိဳ႕ရွိ ကတ္ဇင္းရြာတြင္ အရက္အလြန္အကၽြံေသာက္ၿပီး မိမိကိုယ္ကို တူမီးျဖင့္ ပစ္ခတ္ကာ ေသေၾကာင္းႀကံ
ဇွန် 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတံုၿမိဳ႕၊ မုိင္းဇင္းေက်းရြာအုပ္စု၊ ကတ္ဇင္းရြာမွ အမ်ိဳးသားတစ္ဦး အရက္အလြန္အကြ်ံ ေသာက္ၿပီး ေနအိမ္တြင္ မိမိကိုယ္ကို တူမီးေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ က်ိဳင္းတံုျပည္သူ႔ ေဆးရံုသို႔ တင္ပို႔ထားရၿပီး ေသေၾကာင္းႀကံစည္မႈျဖင့္ အမႈဖြင့္အေရးယူခံထားရေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇြန္လ (၁)ရက္ေန႔က က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ အမ်ိဳးသားတစ္ဦး ေသနတ္ဒဏ္ရာျဖင့္ ေရာက္လာသျဖင့္ က်ိဳင္းတံုၿမိဳ႕မရဲတပ္ဖြဲ႕မွ တာဝန္ရိွသူမ်ားက သြားေရာက္စစ္ေဆးရာ အသက္ (၄၆)ႏွစ္အရြယ္ ဦးဧယာအား ရင္ဘတ္အထက္နားတြင္ တူမီးေသနတ္ရွပ္ထိထားသည့္ ဒဏ္ရာျဖင့္ ေတြ႔ရသျဖင့္ စစ္ေဆးခဲ့ရာ ၎မွာ အရက္အလြန္အကၽြံေသာက္ၿပီးေနာက္ ေနအိမ္ အိပ္ခန္းအတြင္းရိွ တူမီးေသနတ္ျဖင့္ မိမိကိုယ္ကို သတ္ေသရန္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရေၾကာင္း သိရသည္။

မိမိကိုယ္မိမိ သတ္ေသရန္ႀကိဳးစားခဲ့သည့္ ဦးဧယာအား က်ိဳငး္တံုၿမိဳ႕မရဲစခန္းတြင္ (ပ)၁၆၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ကတ်ဇင်းရွာမှ အမျိုးသားတစ်ဦး အရက်အလွန်အကျွံ သောက်ပြီး နေအိမ်တွင် မိမိကိုယ်ကို တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ကျိုင်းတုံပြည်သူ့ ဆေးရုံသို့ တင်ပို့ထားရပြီး သေကြောင်းကြံစည်မှုဖြင့် အမှုဖွင့်အရေးယူခံထားရကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇွန်လ (၁)ရက်နေ့က ကျိုင်းတုံပြည်သူ့ဆေးရုံသို့ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် ရောက်လာသဖြင့် ကျိုင်းတုံမြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အသက် (၄၆)နှစ်အရွယ် ဦးဧယာအား ရင်ဘတ်အထက်နားတွင် တူမီးသေနတ်ရှပ်ထိထားသည့် ဒဏ်ရာဖြင့် တွေ့ရသဖြင့် စစ်ဆေးခဲ့ရာ၎င်းမှာ အရက်အလွန်အကျွံသောက်ပြီးနောက် နေအိမ် အိပ်ခန်းအတွင်းရှိ တူမီးသေနတ်ဖြင့် မိမိကိုယ်ကို သတ်သေရန် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရကြောင်း သိရသည်။

မိမိကိုယ်မိမိ သတ်သေရန်ကြိုးစားခဲ့သည့် ဦးဧယာအား ကျိုငး်တုံမြို့မရဲစခန်းတွင် (ပ)၁၆၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~