လူငယ္ခ်င္း စိန္ေခၚရန္ျဖစ္ရာမွ တစ္ဦးဓါးထိုးခံရၿပီး ဒဏ္ရာအျပင္းအထန္ ရရိွ

လူငယ္ခ်င္း စိန္ေခၚရန္ျဖစ္ရာမွ တစ္ဦးဓါးထိုးခံရၿပီး ဒဏ္ရာအျပင္းအထန္ ရရိွ
ဇွန် 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းေယာင္းၿမိဳ႕တြင္ အရက္ေသာက္ၿပီး လူငယ္အဖြဲ႕ခ်င္း စိန္ေခၚရန္ျဖစ္ၾကရာမွ တူျဖစ္သူ ဓါးျဖင့္ထိုးခံရသျဖင့္ ဦးေလးေတာ္စပ္သူက ၂၀၁၈ ခုႏွစ္ ဇြန္လ (၇)ရက္ေန႔တြင္ လာေရာက္ တုိင္တန္းေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕၊ အမွတ္(၈)ရပ္ကြက္ေန ဦးအုိက္လံု၏ တူေတာ္စပ္သူ အသက္(၁၉)ႏွစ္အရြယ္ အိုက္ယန္းသည္ ဇြန္လ(၆)ရက္ေန႔ ညေန(၆)နာရီတြင္ သူငယ္ခ်င္း(၅)ဦးႏွင့္အတူ ဝမ္ဘိုးအုပ္စု၊ ယန္းမြန္းေက်းရြာရိွ ငါးကန္စားေသာက္ဆုိင္၌ အရက္သြားေသာက္ရာ အဆိုပါ ငါးကန္သို႔ အရင္ေရာက္ၿပီး အရက္ေသာက္ေနသည့္ ယန္းမြန္းရြာမွ အသက္(၁၉)ႏွစ္အရြယ္ အိုက္ခမ္းႏြန္းႏွင့္သူငယ္ခ်င္းအဖြဲ႕က စိန္ေခၚရန္စခဲ့ေၾကာင္း သိရသည္။

အိုက္ယန္း၏ သူငယ္ခ်င္း စိုင္းအြန္ပင္း အေပါ့သြားစဥ္ အုိက္ခမ္းႏြန္း၏ သူငယ္ခ်င္းျဖစ္သူ အုိက္အစ္က ေနာက္မွ လုုိက္၍ ရန္ျဖစ္သျဖင့္ အိုက္ယန္းက လုိက္လံတားျမစ္စဥ္  အိုက္ခမ္းႏြန္းက အိုက္ယန္း၏ ေက်ာကို စတီးရိုးတပ္ အသြား(၇)လက္မခန္႔ရိွ ဓါးျဖင့္ထိုးသျဖင့္ အိုက္ယန္းသည္ ယာဘက္ေက်ာျပင္တြင္ စိုးရိမ္ရသည့္ ဒဏ္ရာရရိွသြား၍ ၂၀၁၈ခုႏွစ္ ဇြန္လ (၇)ရက္ေန႔ ညေန (၂)နာရီ (၄၅)မိနစ္တြင္ မိုင္းေယာင္းၿမိဳ႕မရဲစခန္းသို႔ လာေရာက္အမႈဖြင့္ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တိုင္ၾကားမႈအား မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ (ပ) ၈/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့တွင် အရက်သောက်ပြီး လူငယ်အဖွဲ့ချင်း စိန်ခေါ်ရန်ဖြစ်ကြရာမှ တူဖြစ်သူ ဓားဖြင့်ထိုးခံရသဖြင့် ဦးလေးတော်စပ်သူက ၂၀၁၈ ခုနှစ် ဇွန်လ (၇)ရက်နေ့တွင် လာရောက် တိုင်တန်းကြောင်း သိရသည်။

မိုင်းယောင်းမြို့၊ အမှတ်(၈)ရပ်ကွက်နေ ဦးအိုက်လုံ၏ တူတော်စပ်သူ အသက်(၁၉)နှစ်အရွယ် အိုက်ယန်းသည် ဇွန်လ(၆)ရက်နေ့ ညနေ(၆)နာရီတွင် သူငယ်ချင်း(၅)ဦးနှင့်အတူ ဝမ်ဘိုးအုပ်စု၊ ယန်းမွန်းကျေးရွာရှိ ငါးကန်စားသောက်ဆိုင်၌ အရက်သွားသောက်ရာ အဆိုပါ ငါးကန်သို့ အရင်ရောက်ပြီး အရက်သောက်နေသည့် ယန်းမွန်းရွာမှ အသက်(၁၉)နှစ်အရွယ် အိုက်ခမ်းနွန်းနှင့်သူငယ်ချင်းအဖွဲ့က စိန်ခေါ်ရန်စခဲ့ကြောင်း သိရသည်။

အိုက်ယန်း၏ သူငယ်ချင်း စိုင်းအွန်ပင်း အပေါ့သွားစဉ် အိုက်ခမ်းနွန်း၏ သူငယ်ချင်းဖြစ်သူ အိုက်အစ်က နောက်မှ လိုက်၍ ရန်ဖြစ်သဖြင့် အိုက်ယန်းက လိုက်လံတားမြစ်စဉ် အိုက်ခမ်းနွန်းက အိုက်ယန်း၏ ကျောကို စတီးရိုးတပ် အသွား(၇)လက်မခန့်ရှိ ဓားဖြင့်ထိုးသဖြင့် အိုက်ယန်းသည် ယာဘက်ကျောပြင်တွင် စိုးရိမ်ရသည့် ဒဏ်ရာရရှိသွား၍ ၂၀၁၈ခုနှစ် ဇွန်လ (၇)ရက်နေ့ ညနေ (၂)နာရီ (၄၅)မိနစ်တွင် မိုင်းယောင်းမြို့မရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားမှုအား မိုင်းယောင်းမြို့မရဲစခန်းတွင် (ပ) ၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်) 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~