Mytel က ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အမှတ်တံဆိပ်ဆိုင် ၂ ဆိုင်နှင့် အရောင်းဆိုင်ပေါင်း ၅၀၀ ကျော်ဖွင့်မည်

Mytel က ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အမှတ်တံဆိပ်ဆိုင် ၂ ဆိုင်နှင့် အရောင်းဆိုင်ပေါင်း ၅၀၀ ကျော်ဖွင့်မည်
ဇှနျ 9, 2018
By Tachileik News Agency


Mytel ၏ တစ်နိုင်ငံလုံး အတိုင်းအတာ မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇွန်လ (၉)ရက်နေ့က ကျင်းပနေရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၎င်းတို့၏ မိတ်ဆက်ပွဲ အခမ်းအနားကို Amazing Keng Tong Hotel တွင် ကျင်းပရာ Mytel ၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ကုန်အမှတ်တံဆိပ်ဆိုင်ရာ ဒါရိုက်တာ Mr. Hoang Nguyun Chiue ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်၊ စစ်ဘက်၊ အရပ်ဘက်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Mytel အနေဖြင့် မြန်မာနိုင်ငံလူဦးရေ၏ (၈၀) ရာခိုင်နှုန်းထံ ၎င်းတို့၏ ကွန်ယက်က ထိုးဖောက် ရောက်ရှိနေပြီး မြို့နယ်ပေါင်း (၃၀၀)၊ ရာခိုင်နှုန်း (၇၀) ကို 4G ကွန်ယက် ဝန်ဆောင်မှုပေးနိုင်နေပြီဟု အဆိုပါမိတ်ဆက်ပွဲတွင် ပြောကြားသည်။




လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပအော်ပရေတာနှစ်ခုဖြစ်သည့် Ooredoo Myanmar Ltd ၊ Telenor Myanmar Ltd နှင့် ပြည်တွင်းအော်ပရေတာများဖြစ်သည့် MPT နှင့် KDDI Summit Global Myanmar Company Limited တို့က ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေကြခြင်းဖြစ်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လိုင်စင်နှင့် လိုင်စင်အသုံးပြုခအနေဖြင့် တယ်လီနော မြန်မာအား အမေရိကန် ဒေါ်လာသန်း (၅၀၀) နှင့် အူရီဒူးအား အမေရိကန်ဒေါ်လာ သန်း (၁၀၅၀) ဖြင့် လိုင်စင် ပေးအပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ - ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ဆက်သွယ်ရေးလိုင်းဖြစ်သည့် Mytel က ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့နယ်များတွင် အမှတ်တံဆိပ်ဆိုင် (၂)ဆိုင်နှင့် အရောင်းဆိုင်ပေါင်း (၅၀၀)ကို ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

Mytel၏ တစ်နို်င်ငံလုံး အတိုင်းအတာ မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇွန်လ (၉)ရက်နေ့က ကျင်းပနေရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်၎င်းတို့၏ မိတ်ဆက်ပွဲ အခမ်းအနားကို Amazing Keng Tong Hotel တွင် ကျင်းပရာ Mytel၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ကုန်အမှတ်တံဆိပ်ဆိုင်ရာ ဒါရိုက်တာ Mr. Hoang Nguyun Chiue၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနို်င်၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်၊ စစ်ဘက်၊ အရပ်ဘက်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Mytel၏ ဖိုင်ဘာကွန်ယက်များကို ရှမ်းပြည်နယ် အရှေ့ပိုင်းမှ မြို့နယ်ပေါင်း (၁၅)မြို့နယ်အနက် (၁၀)မြို့နယ်တွင် ဖိုင်ဘာဆက်ကြောင်းများ ချိတ်ဆက်ပြီးဖြစ်ကြောင်း သိရပြီး 4G ကွန်ယက်ကို မြို့နယ်ပေါင်း (၈)မြို့နယ်တွင် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

Mytel အနဖြေင့် မြန်မာနိုင်ငံလူဦးရေ၏ (၈၀) ရာခိုင်နှုန်းထံ၎င်းတို့၏ ကွန်ယက်က ထိုးဖောက် ရောက်ရှိနပြေီး မြို့နယ်ပေါင်း (၃၀၀)၊ ရာခိုင်နှုန်း (၇၀) ကို 4G ကွန်ယက် ဝန်ဆောင်မှုပေးနိုင်နပြေီဟု အဆိုပါမိတ်ဆက်ပွဲတွင် ပြောကြားသည်။

မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်သည့် စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာလိုင်စင်အား Myanmar National Tele & Communications ကုမ္ပဏီလီမိတက်က အမေရိကန်ဒေါ်လာ သန်း (၃၀၀) ဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ (၁၂) ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ Viettel Global Investment Joint Stock Company Limited နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင် Star High Company နှင့် MNTH Public Limited တို့သည် Joint Venture Agreement ကို ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် တစ်နှစ်နှင့် ငါးလအတွင်း လုပ်ငန်းများ စတင်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Mytel တွင် မြန်မာဘက်မှ ပုဂ္ဂလိကအများပိုင်အဖွဲ့(၁၁)ဖွဲ့ ပါဝင်ဖွဲ့စည်းထားရှိပြီး အစုရှယ်ယာ (၅၁) ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပအော်ပရေတာနှစ်ခုဖြစ်သည့် Ooredoo Myanmar Ltd၊ Telenor Myanmar Ltd နှင့် ပြည်တွင်းအော်ပရေတာများဖြစ်သည့် MPT နှင့် KDDI Summit Global Myanmar Company Limited တို့က ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နကြခြေင်းဖြစ်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လိုင်စင်နှင့် လိုင်စင်အသုံးပြုခအနဖြေင့် တယ်လီနော မြန်မာအား အမေရိကန် ဒေါ်လာသန်း (၅၀၀) နှင့် အူရီဒူးအား အမေရိကန်ဒေါ်လာ သန်း (၁၀၅၀) ဖြင့် လိုင်စင် ပေးအပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~