ထိုင်းနိုင်ငံဘက်မှ ကျူးကျော်ဆောက်လုပ်သည့် အဆောက်အဦများအတွက် ငှားရမ်းခဖြင့် ငှားရမ်းလိုကြောင်း ထိုင်းဘက်က ဆွေးနွေးထား

ထိုင်းနိုင်ငံဘက်မှ ကျူးကျော်ဆောက်လုပ်သည့် အဆောက်အဦများအတွက် ငှားရမ်းခဖြင့် ငှားရမ်းလိုကြောင်း ထိုင်းဘက်က ဆွေးနွေးထား
ဇှနျ 1, 2018
By Tachileik News Agency


အဆိုပါ ကျူးကျော်များအား ဖယ်ရှား ရှင်းလင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် မေလ (၃၁)ရက်နေ့ညနေက တာချီလိတ်မြို့တွင် ကျင်းပပြီး နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်များက ဆွေးနွေးရာ၌ နှစ်နိုင်ငံနယ်နိမိတ် ဧရိယာအတွင်း ကျူးကျော်ဆောက်လုပ်ထားသည့်  အဆောက်အဦပိုင်ရှင်များအနေဖြင့် ၎င်းတို့ ကျူးကျော် ဆောက်လုပ် ထားသည့် အဆောက်အဦများအား  ဖယ်ရှားရမည်ဖြစ်သည်ကို အသိပေးပြောကြားသွားရန်၊ ကျူးကျော် အဆောက်အဦများ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက်  သတ်မှတ်အချိန်ကာလတစ်ခုကို  သတ်မှတ်ပေးရန် အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးပြီး  နယ်နိမိတ်ဧရိယာအတွင်း ကျူးကျော် ဆောက်လုပ် ထားသည့်  အဆောက်အဦပိုင်ရှင်များအား  ဖိအားပေး ရှင်းလင်းခိုင်းမည် ဆိုပါက အခက်အခဲများ ရှိပြီး၊ မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာနိုင်ရာ ယင်းသို့ ပြဿနာများ မဖြစ်ပွား စေရန်အတွက်  ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ကျူးကျော်ဆောက်လုပ်ထားသည့်  အဆောက်အဦ မြေနေရာ များအား  သတ်မှတ်ဈေးနှုန်းနှင့် နှစ်ကာလအတိုင်းအတာတစ်ခုဖြင့် ငှားရမ်းပေးမည်ဆိုပါက ငှားရမ်း လိုပါကြောင်း  ထိုင်းနိုင်ငံ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓါတ်ပုံ -  Tiger Wan


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ကျူးကျော် ဆောက်လုပ်ထားသည့် အဆောက်အဦမြေ နေရာများအား သတ်မှတ်ဈေးနှုန်းနှင့် နှစ်ကာလ အတိုင်းအတာ တစ်ခုဖြင့် ငှါးရမ်းလိုကြောင်း ထိုင်းနိုင်ငံတာဝန်ရှိသူများ ဆွေးနွေးထားကြောင်း သိရသည်။

မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်စပ် မယ်ဆိုင်- မယ်ဟောက်ချောင်းတစ်လျှောက်ရှိ ပုံသေနယ်နိမိတ်အား ကျူးကျော် တည်ဆောက်ထားသည့် အဆောက်အဦများအား နှစ်နိုင်ငံ တာဝန်ရှိသူများအဖွဲ့က တာချီလိတ်နှင့် မယ်ဆိုင်ဘက်ခြမ်းတို့တွင် ၂၀၁၈ ခုနှစ် မေလ (၃၁)ရက်နေ့က သွားရောက်စစ်ဆေးရာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ ကျူးကျော် ဆောက်လုပ်ထားသည့် အဆောက်အဦ (၃၃)လုံးနှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်မှ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အဦ (၄၅)လုံးရှိကြောင်း စစ်ဆေး တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ကျူးကျော်များအား ဖယ်ရှား ရှင်းလင်းနိုင်ရေး ညှိနှိုင်းအစည်းအေဝးကို ၂၀၁၈ ခုနှစ် မေလ (၃၁)ရက်နေ့ညနေက တာချီလိတ်မြို့တွင် ကျင်းပပြီး နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ် ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေ နှင့်အဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပေးအရာရှိ H.E.Mr.Vasin Teeravechyan နှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အစည်းအေဝးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်များက ဆွေးနွေးရာ၌ နှစ်နိုင်ငံနယ်နိမိတ် ဧရိယာအတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အဦပိုင်ရှင်များအနဖြေင့်၎င်းတို့ ကျူးကျော် ဆောက်လုပ် ထားသည့် အဆောက်အဦများအား ဖယ်ရှားရမည်ဖြစ်သည်ကို အသိပေးပြောကြားသွားရန်၊ ကျူးကျော် အဆောက်အဦများ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် သတ်မှတ်အချိန်ကာလတစ်ခုကို သတ်မှတ်ပေးရန် အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးပြီး နယ်နိမိတ်ဧရိယာအတွင်း ကျူးကျော် ဆောက်လုပ် ထားသည့် အဆောက်အဦပိုင်ရှင်များအား ဖိအားပေး ရှင်းလင်းခိုင်းမည် ဆိုပါက အခက်အခဲများ ရှိပြီး၊ မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာနိုင်ရာ ယင်းသို့ ပြဿနာများ မဖြစ်ပွား စေရန်အတွက် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အဦ မြေနေရာ များအား သတ်မှတ်ဈေးနှုန်းနှင့် နှစ်ကာလအတိုင်းအတာတစ်ခုဖြင့် ငှါးရမ်းပေးမည်ဆိုပါက ငှါးရမ်း လိုပါကြောင်း ထိုင်းနိုင်ငံ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - Tiger Wan

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~