- မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ထမ့်လွမ်လှိုဏ်ဂူ၏ ပုံစံအကြမ်း -
- မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ထမ့်လွမ်လှိုဏ်ဂူ၏ ပုံစံအကြမ်း -
ဇွန် 27, 2018
By Tachileik News Agency
၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက စတင်ကာ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်လှိုဏ်ဂူအတွင်း အသက်(၁၁)နှစ်မှ အသက်(၂၅)နှစ်အထိ ပါဝင်သည့် အားကစားသမား ကျောင်းသား(၁၂)ဦး နှင့် အားကစားနည်းပြ(၁)ဦး စုစုပေါင်း လူငယ်(၁၃)ဦးသည် ဇွန်လ(၂၇)ရက်နေ့ အကူး နံနက်(၁)နာရီအချိန် အထိ အဆိုပါ ဂူအတွင်းမှ ထွက်လာနိုင်ခြင်းမရှိသေးဘဲ ပျောက်နေသည့်အတွက် ကယ်ဆယ်ရေး အဖွဲ့များမှ ရှာဖွေမှုများကို နေ့ရော ညပါ ကြိုးပမ်းရှာဖွေနေကြသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက စတင်ကာ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်လှိုဏ်ဂူအတွင်း အသက်(၁၁)နှစ်မှ အသက်(၂၅)နှစ်အထိ ပါဝင်သည့် အားကစားသမား ကျောင်းသား(၁၂)ဦး နှင့် အားကစားနည်းပြ(၁)ဦး စုစုပေါင်း လူငယ်(၁၃)ဦးသည် ဇွန်လ(၂၇)ရက်နေ့ အကူး နံနက်(၁)နာရီအချိန် အထိ အဆိုပါ ဂူအတွင်းမှ ထွက်လာနိုင်ခြင်းမရှိသေးဘဲ ပျောက်နေသည့်အတွက် ကယ်ဆယ်ရေး အဖွဲ့များမှ ရှာဖွေမှုများကို နေ့ရော ညပါ ကြိုးပမ်းရှာဖွေနကြေသည်။
ဇွန်လ(၂၆)ရက်နေ့ ည(၆)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့မှ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးမှလည်း အဆိုပါ ဂူသို့ ကြွရောက်ကာ မေတ္တာပို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇွန်လ(၂၆)ရက်နေ့ ညပိုင်းတွင် အင်အားနှစ်ဆတိုး၍ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည့်အတွက် ဇွန်လ(၂၇)ရက်နေ့တွင် ထူးခြားသည့် သတင်းကောင်းကြားနိုင်မည်ဖြစ်ကြောင်း ခရိုင်းခရိုင် အုပ်ချုပ်ရေးမှူးက သတင်းမီဒီယာများကို ဇွန်လ(၂၆)ရက်နေ့ ညပိုင်းက ပြောကြားထားခြင်းဖြစ်သည်။
အဆိုပါ ဂူသည် တာချီလိတ်တွင် နေထိုင်သူများလည်း သွားရောက်လည်ပတ်လေ့ရှိသော နေရာတစ်ခုဖြစ်သည်။
( ထိုင်းနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့များမှ ပုံစံကြမ်း ဖော်ပြထားသည်ကို တာချီလိတ်သတင်းအေဂျင်စီမှ မြန်မာလို ပြန်လည်ညွှန်းထားခြင်း ဖြစ်ပါသည်။ )
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~