တာခ်ီလိတ္ နယ္စပ္ ထုိင္းႏုိင္ငံ မယ္ဆိုင္ဘက္မွ နယ္စပ္ျဖတ္ေက်ာ္ အင္တာနက္ထုတ္လႊင့္သည့္ေနရာအား ထုိင္းအာဏာပိုင္မ်ား ဝင္ေရာက္ ဖမ္းဆီး

တာခ်ီလိတ္ နယ္စပ္ ထုိင္းႏုိင္ငံ မယ္ဆိုင္ဘက္မွ နယ္စပ္ျဖတ္ေက်ာ္ အင္တာနက္ထုတ္လႊင့္သည့္ေနရာအား ထုိင္းအာဏာပိုင္မ်ား ဝင္ေရာက္ ဖမ္းဆီး
ဇွန် 21, 2018
By Tachileik News Agency

ျမန္မာ - ထုိုင္းႏွစ္ႏုိင္ငံၾကား ဆက္သြယ္ေရးဖိုင္ဘာဆက္ေၾကာင္းမ်ား တရားမဝင္သြယ္တန္းမႈမ်ား စိစစ္ေရးႏွင့္ ပတ္သက္၍ ျမန္မာႏွင့္ ထုိင္း ႏွစ္ႏုိင္ငံ တာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္အတြင္း ေလးႀကိမ္ ေတြ႔ဆံု ေဆြးေႏြးၿပီးေနာက္ ဇြန္လအတြင္း မယ္ဆိုင္ၿမိဳ႕တြင္ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ အင္တာနက္ထုတ္လႊင့္သည့္ ေနရာမ်ား ထုိင္းအာဏာပိုင္မ်ားက ဝင္ေရာက္ ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။

ႏွစ္ႏုိင္ငံၾကား ဆက္သြယ္ေရးဖိုင္ဘာ ဆက္ေၾကာင္းမ်ား တရားမဝင္သြယ္တန္းမႈမ်ား စိစစ္ေရးႏွင့္ ပတ္သက္၍ မယ္ဆိုင္ႏွင့္ တာခ်ီလိတ္ရိွ ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလမွစတင္ ေဆြးေႏြးခဲ့ကာ  ဧၿပီလအတြင္း စတုတၳအႀကိမ္ေျမာက္ေတြ႔ဆံုၿပီးေနာက္ ဇြန္လအတြင္း ဖမ္းဆီးမႈမ်ား လုပ္ေဆာင္လာျခင္း ျဖစ္သည္။

ထုိင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ရိွ ေလးထပ္အေဆာက္အဦတစ္လံုးအား ထို္င္းအာဏာပိုင္မ်ားက ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၀)ရက္ေန႔ နံနက္ (၇)နာရီခြဲတြင္ ဝင္ေရာက္ စစ္ေဆးဖမ္းဆီးလိုက္ၿပီး အဆိုပါေနရာသည္ ကမာၻ႔ဖလားေဘာလံုးပြဲအား အြန္လိုင္းစနစ္ျဖင့္ ေလာင္းကစားျပဳလုပ္ရန္ အင္တာနက္လိုင္းမ်ားကို တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ လႊင့္ထုတ္ေပးေနသည့္ ေနရာျဖစ္ေၾကာင္း ထုတ္ေဖၚ ေျပာၾကားလာျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ႏွင့္ သက္ဆိုင္ရာေဒသတို႔မွ ရဲတပ္ဖြဲ႕တာဝန္ရိွသူမ်ား၊ တပ္မေတာ္မွ တာဝန္ရွိသူမ်ား၊ ေဒသအာဏာပိုင္မ်ား၊ ႏိုင္ငံေတာ္အသံလႊင့္ႏွင့္ ဆက္သြယ္ေရး ေကာ္မရွင္ (NBTC)မွ တာဝန္ရိွသူမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ မယ္ဆိုင္ၿမိဳ႕ရိွ ေလးထပ္အဆာက္အဦအား ဝင္ေရာက္ရွာေဖြ စစ္ေဆးျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕မွ တဖက္အိမ္နီးခ်င္းႏိုင္ငံသို႔  မီတာ(၈၀၀)အတြင္း အင္တာနက္ ထုတ္လႊင့္မႈမ်ား ရိွေနေၾကာင္း အာဏာပိုင္မ်ားက IP နံပါတ္မ်ားျဖင့္ စံုစမ္းေတြ႔ရိွရသျဖင့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အင္တာနက္လိုင္း ထပ္ဆင့္ ထုတ္လႊင့္စက္မ်ား၊ တာဝါတုိင္မ်ား တပ္ဆင္ထားသည့္ ေလးထပ္ အေဆာက္အဦ ပိုင္ရွင္၏ ထြက္ဆိုခ်က္အရ ျမန္မာႏုိင္ငံသားတစ္ဦးက လြန္ခဲ့သည့္ ႏွစ္ႏွစ္ ကတည္းက တစ္လလွ်င္ ထုိင္းဘတ္ေငြ (၁၅,၀၀၀)ျဖင့္ အင္တာနက္လိုင္း (၁၅)လုိင္း တပ္ဆင္ရန္ အခန္း ငွားရမ္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

တပ္ဆင္ထားသည့္ ေနရာအား စံုစမ္း စစ္ေဆးမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ ေနရာေပါင္း (၂၀)သို႔ အင္တာနက္ ထုတ္လႊင့္ေနမႈမ်ားကို ျဖတ္ေတာက္လိုက္ၿပီး တာဝါတိုင္ေပါင္း (၃၂)ခုႏွင့္ ထပ္ဆင့္လႊင့္စက္ (၁၈၂)ခုတုိ႔ကို သိမ္းဆည္းခဲ့ရာ ခန္႔မွန္းတန္ဖိုးမွာ ဘတ္(၅)သန္းရိွသည္ဟု ထိုင္းအာဏာပိုင္မ်ားက ထုတ္ေဖၚ ေျပာၾကားသည္။

အဆုိပါ ေနရာတြင္ ထပ္ဆင့္လႊင့္စက္မ်ား တပ္ဆင္သူႏွင့္ ငွားရမ္းသူတို႔အား ခြင့္ျပဳခ်က္ မရိွဘဲ တပ္ဆင္မႈ၊ ထပ္ဆင့္ လႊင့္စက္မ်ား တရားမဝင္ အသံုးျပဳမႈ၊ ခြင့္ျပဳခ်က္ မရိွဘဲ အေဆာက္အဦး ျပင္ဆင္မႈ၊ တည္ေဆာက္မႈမ်ား အတြက္ အေရးယူသြားမည္ျဖစ္ၿပီး ပါဝင္ ပတ္သက္သူမ်ားကိုလည္း ဆက္လက္စံုစမ္း ေဖၚထုတ္သြားမည္ျဖစ္ေၾကာင္း ဖမ္းဆီးေရးအဖြဲ႔က သတင္းထုတ္ျပန္ထားသည္။

ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံနယ္စပ္ တာခ်ီလိတ္ၿမဳိ႕ႏွင့္ မယ္ဆုိင္ၿမဳိ႕အၾကား ခြင့္ျပဳခ်က္ မရိွဘဲ အင္တာနက္ ဆက္သြယ္ေရးဖိုင္ဘာ ဆက္ေၾကာင္းမ်ား သြယ္တန္းမႈ အေျခအေနႏွင့္ ခြင့္ျပဳထားျခင္း မရိွသည့္ ဝိုင္ဖိုင္ ထုတ္လႊင့္ေရာင္းခ်မႈ အေျခအေနမ်ားကို ထုိင္းႏုိင္ငံဘက္က စိစစ္သြားမည္ျဖစ္ေၾကာင္းကို ၂၀၁၈ ခုႏွစ္ ဧၿပီလ (၁၁)ရက္ေန႔က မယ္ဆိုင္ႏွင့္ တာခ်ီလိတ္မွ ေဒသအာဏာပိုင္မ်ား၏ အစည္းအေဝးအၿပီးတြင္ ထုတ္ေဖၚ ေျပာၾကားထားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ၾကားရိွ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးတံတားေအာက္တြင္ အင္တာနက္ဖိုင္ဘာႀကိဳးမ်ား သြယ္တန္းထားရာ တရားဝင္သြယ္တန္းမႈမ်ား အျပင္ တရားမဝင္ သြယ္တန္း ထားမႈမ်ားပါ ပါဝင္ေနသျဖင့္ ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ား ၂၀၁၈ ခုႏွစ္  ဧၿပီလ (၁၁)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕၌ ေတြ႔ဆံု ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“တံတားေအာက္ကေန ဖိုင္ဘာႀကိဳးေတြ ရႈပ္ပြၿပီး ဖရိုဖရဲေတြျဖစ္ေနေတာ့ ဟိုဘက္က ဘယ္ကုမၸဏီေတြက လုပ္ေနတာလဲဆိုတာကို ေသခ်ာေမးျမန္းၿပီး စိစစ္တဲ့ သေဘာပါ။ ဥပေဒအရ ႏုိင္ငံျဖတ္ေက်ာ္လုပ္ခြင့္ရိွတာ ကုမၸဏီက ေလးခုပဲ ရိွတယ္။ အမ္ပီတီ၊ ေအာ္ရီဒူး၊ တယ္လီေနာနဲ႔ မုိင္တဲလ္။ အဲဒါက International Gateway ရထားတာ။ အဲဒီေအာက္ထဲမွာ မဆုိင္ဘဲ သူ႔နည္းသူ႔ဟန္နဲ႔ လုပ္ေနတာေတြလည္း ပါေနတယ္။ ခြင့္ျပဳခ်က္ရထားတာေရာ၊ မရိွတာေတြေရာ ေရာေနတယ္။ ဒါေၾကာင့္ စိစစ္တဲ့သေဘာပါ။ သူတုိ႔ ဘက္မွာလည္း ဒီဘက္က ကုမၸဏီေလးခုနဲ႔ ခ်ိတ္ဆက္ထားတဲ့ ကုမၸဏီေတြလည္း ရိွပါတယ္။ တရားမဝင္ သြယ္တန္း ထားတာေတြရိွေနရင္ ဒါေတြက လံုၿခံဳေရးအရ စိုးရိမ္စရာေတြပါ။ ဝိုင္ဖုိင္ေတြကို သူတို႔ ႏုိင္ငံဘက္ကေန ဒီဘက္ကို ေရာင္းခြင့္မရိွပါဘူးလို႔ ဆိုပါတယ္”ဟု တာခ်ီလိတ္ခရို္င္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက အစည္းအေဝးအၿပီး ၂၀၁၈ခုႏွစ္ ဧၿပီလ(၁၁)ရက္ေန႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ယင္းကဲ့သို႔ ႏွစ္ႏုိင္ငံၾကား ဆက္သြယ္ေရးဖိုင္ဘာဆက္ေၾကာင္းမ်ား တရားမဝင္သြယ္တန္းမႈမ်ား စိစစ္ေရးႏွင့္ ပတ္သက္၍ ျမန္မာႏွင့္ ထုိင္း ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလမွ စတင္ ေဆြးေႏြးေနျခင္းျဖစ္ၿပီး  ဧၿပီလအတြင္း စတုတၳအႀကိမ္ေျမာက္ေတြ႔ဆံုၿပီးေနာက္ ဇြန္လအတြင္း ဖမ္းဆီးမႈမ်ား လုပ္ေဆာင္လာျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္
Photo: แม่สายเออีซี - สื่อสร้างสรรค์


~~~~~~~~⊰❂ unicode ~~~~~~~~



မြန်မာ - ထိုင်းနှစ်နိုင်ငံကြား ဆက်သွယ်ရေးဖိုင်ဘာဆက်ကြောင်းများ တရားမဝင်သွယ်တန်းမှုများ စိစစ်ရေးနှင့် ပတ်သက်၍ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်အတွင်း လေးကြိမ် တွေ့ဆုံ ဆွေးနွေးပြီးနောက် ဇွန်လအတွင်း မယ်ဆိုင်မြို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် အင်တာနက်ထုတ်လွှင့်သည့် နေရာများ ထိုင်းအာဏာပိုင်များက ဝင်ရောက် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

နှစ်နိုင်ငံကြား ဆက်သွယ်ရေးဖိုင်ဘာ ဆက်ကြောင်းများ တရားမဝင်သွယ်တန်းမှုများ စိစစ်ရေးနှင့် ပတ်သက်၍ မယ်ဆိုင်နှင့် တာချီလိတ်ရှိ နှစ်နိုင်ငံတာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှစတင် ဆွေးနွေးခဲ့ကာ ဧပြီလအတွင်း စတုတ္ထအကြိမ်မြောက်တွေ့ဆုံပြီးနောက် ဇွန်လအတွင်း ဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ လေးထပ်အဆောက်အဦတစ်လုံးအား ထို်င်းအာဏာပိုင်များက ၂၀၁၈ ခုနှစ် ဇွန်လ (၂၀)ရက်နေ့ နံနက် (၇)နာရီခွဲတွင် ဝင်ရောက် စစ်ဆေးဖမ်းဆီးလိုက်ပြီး အဆိုပါနေရာသည် ကမာ္ဘ့ဖလားဘောလုံးပွဲအား အွန်လိုင်းစနစ်ဖြင့် လောင်းကစားပြုလုပ်ရန် အင်တာနက်လိုင်းများကို တရားမဝင် နယ်စပ်ဖြတ်ကျော် လွှင့်ထုတ်ပေးနေသည့် နေရာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်နှင့် သက်ဆိုင်ရာဒေသတို့မှ ရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတော်အသံလွှင့်နှင့် ဆက်သွယ်ရေး ကော်မရှင် (NBTC)မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် မယ်ဆိုင်မြို့ရှိ လေးထပ်အဆာက်အဦအား ဝင်ရောက်ရှာဖွေ စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဖက်အိမ်နီးချင်းနိုင်ငံသို့ မီတာ(၈၀၀)အတွင်း အင်တာနက် ထုတ်လွှင့်မှုများ ရှိနေကြောင်း အာဏာပိုင်များက IP နံပါတ်များဖြင့် စုံစမ်းတွေ့ရှိရသဖြင့် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အင်တာနက်လိုင်း ထပ်ဆင့် ထုတ်လွှင့်စက်များ၊ တာဝါတိုင်များ တပ်ဆင်ထားသည့် လေးထပ် အဆောက်အဦ ပိုင်ရှင်၏ ထွက်ဆိုချက်အရ မြန်မာနိုင်ငံသားတစ်ဦးက လွန်ခဲ့သည့် နှစ်နှစ် ကတည်းက တစ်လလျှင် ထိုင်းဘတ်ငွေ (၁၅,ဝဝဝ)ဖြင့် အင်တာနက်လိုင်း (၁၅)လိုင်း တပ်ဆင်ရန် အခန်း ငှါးရမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တပ်ဆင်ထားသည့် နေရာအား စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် နေရာပေါင်း (၂၀)သို့ အင်တာနက် ထုတ်လွှင့်နေမှုများကို ဖြတ်တောက်လိုက်ပြီး တာဝါတိုင်ပေါင်း (၃၂)ခုနှင့် ထပ်ဆင့်လွှင့်စက် (၁၈၂)ခုတို့ကို သိမ်းဆည်းခဲ့ရာ ခန့်မှန်းတန်ဖိုးမှာ ဘတ်(၅)သန်းရှိသည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ဖော် ပြောကြားသည်။

အဆိုပါ နေရာတွင် ထပ်ဆင့်လွှင့်စက်များ တပ်ဆင်သူနှင့် ငှါးရမ်းသူတို့အား ခွင့်ပြုချက် မရှိဘဲ တပ်ဆင်မှု၊ ထပ်ဆင့် လွှင့်စက်များ တရားမဝင် အသုံးပြုမှု၊ ခွင့်ပြုချက် မရှိဘဲ အဆောက်အဦး ပြင်ဆင်မှု၊ တည်ဆောက်မှုများ အတွက် အရေးယူသွားမည်ဖြစ်ပြီး ပါဝင် ပတ်သက်သူများကိုလည်း ဆက်လက်စုံစမ်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဖမ်းဆီးရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံနယ်စပ် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့အကြား ခွင့်ပြုချက် မရှိဘဲ အင်တာနက် ဆက်သွယ်ရေးဖိုင်ဘာ ဆက်ကြောင်းများ သွယ်တန်းမှု အခြေအနေနှင့် ခွင့်ပြုထားခြင်း မရှိသည့် ဝိုင်ဖိုင် ထုတ်လွှင့်ရောင်းချမှု အခြေအနေများကို ထိုင်းနိုင်ငံဘက်က စိစစ်သွားမည်ဖြစ်ကြောင်းကို ၂၀၁၈ ခုနှစ် ဧပြီလ (၁၁)ရက်နေ့က မယ်ဆိုင်နှင့် တာချီလိတ်မှ ဒေသအာဏာပိုင်များ၏ အစည်းအဝေးအပြီးတွင် ထုတ်ဖော် ပြောကြားထားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကြားရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအောက်တွင် အင်တာနက်ဖိုင်ဘာကြိုးများ သွယ်တန်းထားရာ တရားဝင်သွယ်တန်းမှုများ အပြင် တရားမဝင် သွယ်တန်း ထားမှုများပါ ပါဝင်နေသဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများ ၂၀၁၈ ခုနှစ် ဧပြီလ (၁၁)ရက်နေ့တွင် တာချီလိတ်မြို့၌ တွေ့ဆုံ ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

“တံတားအောက်ကနေ ဖိုင်ဘာကြိုးတွေ ရှုပ်ပွပြီး ဖရိုဖရဲတွဖြေစ်နေတော့ ဟိုဘက်က ဘယ်ကုမ္ပဏီတွေက လုပ်နေတာလဲဆိုတာကို သေချာမေးမြန်းပြီး စိစစ်တဲ့ သဘောပါ။ ဥပဒေအရ နိုင်ငံဖြတ်ကျော်လုပ်ခွင့်ရှိတာ ကုမ္ပဏီက လေးခုပဲ ရှိတယ်။ အမ်ပီတီ၊ အော်ရီဒူး၊ တယ်လီနောနဲ့ မိုင်တဲလ်။ အဲဒါက International Gateway ရထားတာ။ အဲဒီအောက်ထဲမှာ မဆိုင်ဘဲ သူ့နည်းသူ့ဟန်နဲ့ လုပ်နေတာတွေလည်း ပါနေတယ်။ ခွင့်ပြုချက်ရထားတာရော၊ မရှိတာတွေရော ရောနေတယ်။ ဒါကြောင့် စိစစ်တဲ့သဘောပါ။ သူတို့ ဘက်မှာလည်း ဒီဘက်က ကုမ္ပဏီလေးခုနဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ တရားမဝင် သွယ်တန်း ထားတာတွေရှိနေရင် ဒါတွေက လုံခြုံရေးအရ စိုးရိမ်စရာတွေပါ။ ဝိုင်ဖိုင်တွေကို သူတို့ နိုင်ငံဘက်ကနေ ဒီဘက်ကို ရောင်းခွင့်မရှိပါဘူးလို့ ဆိုပါတယ်”ဟု တာချီလိတ်ခရို်င် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အစည်းအဝေးအပြီး ၂၀၁၈ခုနှစ် ဧပြီလ(၁၁)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ နှစ်နိုင်ငံကြား ဆက်သွယ်ရေးဖိုင်ဘာဆက်ကြောင်းများ တရားမဝင်သွယ်တန်းမှုများ စိစစ်ရေးနှင့် ပတ်သက်၍ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင် ဆွေးနွေးနခြေင်းဖြစ်ပြီး ဧပြီလအတွင်း စတုတ္ထအကြိမ်မြောက်တွေ့ဆုံပြီးနောက် ဇွန်လအတွင်း ဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်
Photo: แม่สายเออีซี - สื่อสร้างสรรค์

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~