မူဆယ္ၿမိဳ႕ရွိ ျမန္မာ - တရုတ္ နယ္စပ္ဂိတ္မ်ားတြင္ တစ္ႏုိင္တစ္ပိုင္ စားေသာက္ကုန္ သယ္ေဆာင္ခြင့္ကို တရုတ္ဘက္က စိစစ္ေနသျဖင့္ ျမန္မာဘက္မွ ဆႏၵထုတ္ေဖၚရန္ ႀကိဳးစားမႈမ်ား ရိွလာ

မူဆယ္ၿမိဳ႕ရွိ ျမန္မာ - တရုတ္ နယ္စပ္ဂိတ္မ်ားတြင္ တစ္ႏုိင္တစ္ပိုင္ စားေသာက္ကုန္ သယ္ေဆာင္ခြင့္ကို တရုတ္ဘက္က စိစစ္ေနသျဖင့္ ျမန္မာဘက္မွ ဆႏၵထုတ္ေဖၚရန္ ႀကိဳးစားမႈမ်ား ရိွလာ
ဇွန် 4, 2018
By Tachileik News Agency

ျမန္မာ - တရုတ္နယ္စပ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္စပ္မွ တစ္ႏုိင္တစ္ပိုင္ သယ္ေဆာင္ ေနသည့္ စားေသာက္ကုန္ ပစၥည္းမ်ားအား တရုတ္ႏုိင္ငံက တားျမစ္မႈမ်ား လုပ္ေဆာင္လာ သျဖင့္ ဇြန္လ (၄)ရက္ေန႔တြင္ ျမန္မာဘက္မွ ဆႏၵထုတ္ေဖၚရန္ ႀကိဳးစားသည္ကို ျမန္မာတာဝန္ရိွသူမ်ားက လုပ္ထံုး လုပ္နည္းအတုိင္း ေဆာင္ရြက္ၾကရန္ တုိက္တြန္းထားေၾကာင္း သိရသည္။

“ဒီေန႔မနက္ သံုးဘီးသမားေတြ၊ အလုပ္သမားေတြ၊ ကုန္သည္ေတြက ဒီလိုတားတာကို ဆႏၵျပဖို႔ လုပ္ၾက ေသးတယ္။ ျမန္မာဘက္က ေထြအုပ္ေတြ၊ လဝကေတြ၊ ရဲေတြက ၿငိမ္းစုစီအရ စာတင္ပါေျပာလို႔ ရပ္သြားၾကတာ။ သူတို႔ဘက္က က်န္းမာေရးကပိတ္တာ။ တရုတ္က်န္းမာေရးဝန္ထမ္းေတြက တစ္ခ်ိဳ႕ က်ေတာ့ နည္းနည္းသေဘာေကာင္းတဲ့ ဝန္ထမ္းက်ရင္ ဝင္သြားၾကလုိ႔ရတာေပါ့။ အမ်ားစုကေတာ့ ဝင္သြားလို႔ မရပါဘူး။ သံုးရက္ရိွၿပီေပါ့။ အခုခ်ိန္ထိလည္း မရေသးပါဘူး။ သူတို႔က သယ္ခြင့္မရိွတာပဲရိွတယ္။ ဖမ္းတာဆီးတာေတာ့ မရိွဘူး။ ျပန္လွည့္ ျပန္လွည့္ဆိုၿပီး ျပန္လွည့္ခုိင္းတယ္။ အာလူးေျခာက္ထုပ္တုိ႔၊ ဟိုဘက္ ဘုန္းႀကီးေက်ာင္းကို ဆြမ္းသြားကပ္မယ့္ မုန္႔ဟင္းခါးတို႔ေတာင္ ေပးမသယ္ဘူး။ ဆန္တစ္အိတ္ သယ္လည္း မရဘူး။ သရက္သီးလည္း မရဘူး။ ျပန္လွည့္ခိုင္းတယ္”ဟု မူဆယ္ၿမိဳ႕ခံ ကုန္သည္တစ္ဦး ျဖစ္သည့္ ဦးေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူဆယ္ၿမိဳ႕မွ နယ္စပ္ဂိတ္(၃)ခုျဖစ္သည့္ နန္းေတာ္ဂိတ္၊ ဆင္ျဖဴဂိတ္ႏွင့္ မန္းဝိန္းဂိတ္မ်ားမွတစ္ဆင့္ ျမန္မာႏုိင္ငံဘက္မွ စားေသာက္ကုန္ပစၥည္းမ်ား တစ္ႏုိင္တစ္ပိုင္သယ္ေဆာင္ျခင္းအား ယခင္က စိစစ္ တားျမစ္မႈမ်ား မရိွခဲ့ေသာ္လည္း ၂၀၁၈ ခုႏွစ္ ဇြန္လဆန္းမွစ၍ တရုတ္ႏုိင္ငံ က်န္းမာေရးဌာနက တားျမစ္မႈမ်ား လုပ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

မူဆယ္နယ္စပ္ဂိတ္မ်ားတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ(၁)ရက္ေန႔ နံနက္အေစာပိုင္းကစ၍ တရုတ္ႏုိင္ငံဘက္မွ ယင္းကဲ့သို႔ စတင္စိစစ္တားျမစ္မႈမ်ားေၾကာင့္  တရုတ္ႏုိင္ငံ ေရႊလီ၊ က်ယ္ေခါင္တို႔တြင္ အလုပ္လုပ္ေနၿပီး မူဆယ္ၿမိဳ႕ဘက္တြင္ ရိကၡာလာေရာက္ဝယ္ယူၾကသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားမွာ ဝင္ခြင့္မရျဖစ္ၿပီး အခက္အခဲျဖစ္ေနရာ ျမန္မာႏုိင္ငံဘက္မွ တာဝန္ရိွသူမ်ားက ဇြန္လ(၁)ရက္ေန႔တြင္ နယ္စပ္ဂိတ္မ်ား၌ သြားေရာက္စံုစမ္းခဲ့ေၾကာင္း သိရသည္။

"သူတို႔ ဂိတ္ဖြင့္တာက ပံုမွန္ မနက္ (၆)နာရီေလာက္မွာ စဖြင့္တယ္။ အဲလို စဖြင့္တဲ့ အခ်ိန္မွာ တားျမစ္တယ္လို႔ သိရတယ္။ ဒီသတင္းေၾကာင့္ ဒီဘက္က အေထြေထြအုပ္ခ်ဳပ္ေရးနဲ႔ သက္ဆိုင္ရာဌာန တာဝန္ရိွသူေတြ သြားၾကည့္တဲ့အခ်ိန္မွာေတာ့ သူတုိ႔ ခြင့္ျပဳလုိက္ၿပီလို႔ ေျပာတယ္။ အဲဒီေတာ့ မနက္ (၇)နာရီေလာက္မွာ ျပန္ခြင့္ျပဳလိုက္တယ္လို႔ေျပာတယ္။ ဘာေၾကာင့္ဆိုတဲ့ အေၾကာင္းရင္းကိုေတာ့ သူတို႔(တရုတ္ႏုိင္ငံ)ဘက္က မေျပာဘူးလုိ႔ သိရတယ္”ဟု  ကုန္သြယ္မႈ တိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္ လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ကိုယ္စားလွယ္ ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၃)ရက္ေန႔တြင္ ေျပာၾကားသည္။

၂၀၁၈ ခုႏွစ္ ေမလကုန္မွစ၍ တရုတ္ႏုိင္ငံက ျမန္မာႏုိင္ငံသားမွတ္ပံုတင္ႏွင့္ တရုတ္ႏုိင္ငံသားမွတ္ပံုတင္ ႏွစ္ခု ကိုင္ေဆာင္ထားသူမ်ားအား စိစစ္ရန္အတြက္ ျမန္မာ - တရုတ္နယ္စပ္ဂိတ္မ်ားမွ ျဖတ္သန္း ဝင္ေရာက္သူမ်ားအား လက္ေဗြစိစစ္မႈမ်ား ျပဳလုပ္ေနသျဖင့္ နယ္စပ္ဂိတ္မ်ားတြင္ ျဖတ္သန္းသြားလာရန္ ပံုမွန္ထက္ ၾကန္႔ၾကာမႈမ်ား ရိွေနၿပီးေနာက္ တရုတ္က်န္းမာေရးဌာနက စားေသာက္ကုန္ စိစစ္မႈမ်ားလည္း လုပ္ေဆာင္လာျခင္းေၾကာင္း  ေဒသခံမ်ားထံမွ သိရသည္။

သတင္း - ခ်ယ္ရီထုိက္
ဓါတ္ပံု - ကိုေဌး 


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်စပ်မှ တစ်နိုင်တစ်ပိုင် သယ်ဆောင် နေသည့် စားသောက်ကုန် ပစ္စည်းများအား တရုတ်နိုင်ငံက တားမြစ်မှုများ လုပ်ဆောင်လာ သဖြင့် ဇွန်လ (၄)ရက်နေ့တွင် မြန်မာဘက်မှ ဆန္ဒထုတ်ဖော်ရန် ကြိုးစားသည်ကို မြန်မာတာဝန်ရှိသူများက လုပ်ထုံး လုပ်နည်းအတိုင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

“ဒီနေ့မနက် သုံးဘီးသမားတွေ၊ အလုပ်သမားတွေ၊ ကုန်သည်တွေက ဒီလိုတားတာကို ဆန္ဒပြဖို့ လုပ်ကြ သေးတယ်။ မြန်မာဘက်က ထွေအုပ်တွေ၊ လဝကတွေ၊ ရဲတွေက ငြိမ်းစုစီအရ စာတင်ပါပြောလို့ ရပ်သွားကြတာ။ သူတို့ဘက်က ကျန်းမာရေးကပိတ်တာ။ တရုတ်ကျန်းမာရေးဝန်ထမ်းတွေက တစ်ချို့ ကျတော့ နည်းနည်းသဘောကောင်းတဲ့ ဝန်ထမ်းကျရင် ဝင်သွားကြလို့ရတာပေါ့။ အများစုကတော့ ဝင်သွားလို့ မရပါဘူး။ သုံးရက်ရှိပြီပေါ့။ အခုချိန်ထိလည်း မရသေးပါဘူး။ သူတို့က သယ်ခွင့်မရှိတာပဲရှိတယ်။ ဖမ်းတာဆီးတာတော့ မရှိဘူး။ ပြန်လှည့် ပြန်လှည့်ဆိုပြီး ပြန်လှည့်ခိုင်းတယ်။ အာလူးခြောက်ထုပ်တို့၊ ဟိုဘက် ဘုန်းကြီးကျောင်းကို ဆွမ်းသွားကပ်မယ့် မုန့်ဟင်းခါးတို့တောင် ပေးမသယ်ဘူး။ ဆန်တစ်အိတ် သယ်လည်း မရဘူး။ သရက်သီးလည်း မရဘူး။ ပြန်လှည့်ခိုင်းတယ်”ဟု မူဆယ်မြို့ခံ ကုန်သည်တစ်ဦး ဖြစ်သည့် ဦးဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်မြို့မှ နယ်စပ်ဂိတ်(၃)ခုဖြစ်သည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန်းဝိန်းဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်မှ စားသောက်ကုန်ပစ္စည်းများ တစ်နိုင်တစ်ပိုင်သယ်ဆောင်ခြင်းအား ယခင်က စိစစ် တားမြစ်မှုများ မရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဇွန်လဆန်းမှစ၍ တရုတ်နိုင်ငံ ကျန်းမာရေးဌာနက တားမြစ်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်နယ်စပ်ဂိတ်များတွင် ၂၀၁၈ ခုနှစ် ဇွန်လ(၁)ရက်နေ့ နံနက်အစောပိုင်းကစ၍ တရုတ်နိုင်ငံဘက်မှ ယင်းကဲ့သို့ စတင်စိစစ်တားမြစ်မှုများကြောင့် တရုတ်နိုင်ငံ ရွှေလီ၊ ကျယ်ခေါင်တို့တွင် အလုပ်လုပ်နပြေီး မူဆယ်မြို့ဘက်တွင် ရိက္ခါလာရောက်ဝယ်ယူကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ဝင်ခွင့်မရဖြစ်ပြီး အခက်အခဲဖြစ်နေရာ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက ဇွန်လ(၁)ရက်နေ့တွင် နယ်စပ်ဂိတ်များ၌ သွားရောက်စုံစမ်းခဲ့ကြောင်း သိရသည်။

"သူတို့ ဂိတ်ဖွင့်တာက ပုံမှန် မနက် (၆)နာရီလောက်မှာ စဖွင့်တယ်။ အဲလို စဖွင့်တဲ့ အချိန်မှာ တားမြစ်တယ်လို့ သိရတယ်။ ဒီသတင်းကြောင့် ဒီဘက်က အထွေထွေအုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေ သွားကြည့်တဲ့အချိန်မှာတော့ သူတို့ ခွင့်ပြုလိုက်ပြီလို့ ပြောတယ်။ အဲဒီတော့ မနက် (၇)နာရီလောက်မှာ ပြန်ခွင့်ပြုလိုက်တယ်လို့ပြောတယ်။ ဘာကြောင့်ဆိုတဲ့ အကြောင်းရင်းကိုတော့ သူတို့(တရုတ်နိုင်ငံ)ဘက်က မပြောဘူးလို့ သိရတယ်”ဟု ကုန်သွယ်မှု တိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက် လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ် ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၃)ရက်နေ့တွင် ပြောကြားသည်။

၂၀၁၈ ခုနှစ် မေလကုန်မှစ၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံသားမှတ်ပုံတင်နှင့် တရုတ်နိုင်ငံသားမှတ်ပုံတင် နှစ်ခု ကိုင်ဆောင်ထားသူများအား စိစစ်ရန်အတွက် မြန်မာ - တရုတ်နယ်စပ်ဂိတ်များမှ ဖြတ်သန်း ဝင်ရောက်သူများအား လက်ဗွေစိစစ်မှုများ ပြုလုပ်နေသဖြင့် နယ်စပ်ဂိတ်များတွင် ဖြတ်သန်းသွားလာရန် ပုံမှန်ထက် ကြန့်ကြာမှုများ ရှိနပြေီးနောက် တရုတ်ကျန်းမာရေးဌာနက စားသောက်ကုန် စိစစ်မှုများလည်း လုပ်ဆောင်လာခြင်းကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ကိုဌေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~