မိုင်းတုံမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

မိုင်းတုံမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
ဇှနျ 12, 2018
By Tachileik News Agency


မိုင်းတုံမြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ ပြုလုပ်ရာမှာ မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာအလိုက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများ အနေဖြင့် သိရှိလိုသည်များကို ဦးဆောင်ဆွေးနွေးသူများနှင့်အတူ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာက ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား၊ ဆည်မြောင်းများအကောင်အထည် ဖော်ဆောင်ပေးနေမှုအခြေအနေများကို လည်းကောင်း၊ မိုင်းတုံမြို့နယ်ဥပဒေအရာရှိ ဦးနေဒွဏ်းသာက ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၏ အခန်းကဏ္ဍကို လည်းကောင်း၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက ပြည်သူလူထုကျန်းမာရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ ကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအုန်းကျော်မြင့်က သီးနှံများအထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ မြေသြဇာစနစ်တကျ ကျွေးရေးနှင့် ပိုးမွှားရောဂါကာကွယ်တားဆီးရေးအကြောင်းများကို လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစောထက်ဝင်းက ဒေသကျွဲ၊နွားမွေးမြူ ရေးအကြောင်းကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးသဉ္ဇာဟန်က ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူးသည့် ပထမအကြိမ် ပြည်သူ့စကားဝိုင်းအား ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် မြို့မရပ်ကွက်ရှိ ဓမ္မာရုံတွင် ဇွန်လ(၁၂)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုင်းတုံမြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ ပြုလုပ်ရာမှာ မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာအလိုက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများ အနဖြေင့် သိရှိလိုသည်များကို ဦးဆောင်ဆွေးနွေးသူများနှင့်အတူ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာက ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား၊ ဆည်မြောင်းများအကောင်အထည် ဖော်ဆောင်ပေးနေမှုအခြေအနေများကို လည်းကောင်း၊ မိုင်းတုံမြို့နယ်ဥပဒေအရာရှိ ဦးနေဒွဏ်းသာက ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၏ အခန်းကဏ္ဍကို လည်းကောင်း၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက ပြည်သူလူထုကျန်းမာရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ ကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအုန်းကျော်မြင့်က သီးနှံများအထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ မြသြေဇာစနစ်တကျ ကျွေးရေးနှင့် ပိုးမွှားရောဂါကာကွယ်တားဆီးရေးအကြောင်းများကို လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစောထက်ဝင်းက ဒေသကျွဲ၊နွားမွေးမြူ ရေးအကြောင်းကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးသဉ္ဇာဟန်က ကျေးလက်နပြေည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်းအတွင်းဖြစ်သည့် မိုင်းဆတ်မြို့နယ်တွင် "လူငယ်နှင့် သမိုင်းပေး တာဝန်"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား ၂၀၁၈ခုနှစ် မေလ(၁၈)ရက်နေ့က ပြုလုပ်ခဲ့ပြီး မိုင်းတုံမြို့တွင် ဇွန်လ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ရာ မိုင်းဆတ်ခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီးသည့် ပြည်သူ့စကားဝိုင်းမှာ (၂)ကြိမ်ရှိပြီုဖစ်ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ဝင်းဝင်းခိုင်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~