မူဆယ်မြို့တွင် ပရဟိတအသင်းပေါင်းစုံအဖွဲ့နှင့် ဖိုက်စတားအငြိမ့်အဖွဲ့တို့ ချစ်ကြည်ရေးဘောလုံးပွဲ ကစားမည်
မူဆယ်မြို့တွင် ပရဟိတအသင်းပေါင်းစုံအဖွဲ့နှင့် ဖိုက်စတားအငြိမ့်အဖွဲ့တို့ ချစ်ကြည်ရေးဘောလုံးပွဲ ကစားမည်
ဇွန် 4, 2018
By Tachileik News Agency
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့ရှိ ပရဟိတအသင်းပေါင်းစုံအဖွဲ့နှင့် ဖိုက်စတား( Five Star)အငြိမ့်အဖွဲ့တို့ ယှဉ်ပြိုင်ကစားကြမည့် ချစ်ကြည်ရေးဘောလုံးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ (၅) ရက်နေ့ နေ့လယ် (၂)နာရီတွင် မူဆယ်မြို့ ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဖိုက်စတား အငြိမ့်အဖွဲ့ကနပြေီးတော့ ရွှပြေည်နန်းသနပ်ခါးကို အရောင်းမြှင့်တင်ရေးလာလုပ်ရင်းနဲ့ ဒီမြို့က ပရဟိတ အသင်းတွေနဲ့ ချစ်ကြည်ရေးဘောလုံးကစားမှာ ဖြစ်ပါတယ်။ မူဆယ်မှာရှိတဲ့ ပရဟိတ အသင်းတွေက ဘောလုံးဝါသနာရှင်တွေလည်း တစ်သင်းဖွဲ့ပြီး စုပေါင်းကစားမှာဖြစ်ပါတယ်” ဟု မူဆယ်မြို့ရှိ ကရုဏာလူမှု ကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးသောင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ချစ်ကြည်ရေးဘောလုံးကစားပွဲအတွက် ကွင်းဝင်ကြေးကို တစ်ဦးလျှင် ကျပ် (၂၀၀၀) သတ်မှတ်ထားကြောင်း သိရသည်။
မူဆယ်မြို့နယ်အတွင်းရှိ လူမှုကူညီရေးပရဟိတအသင်းပေါင်း (၂၀) ကျော်ဖြင့် ဖွဲ့စည်းထားသည့် ဘောလုံးအသင်းက Five Star အငြိမ့်အဖွဲ့မှ အောင်သော်၊ မျောက်ရှုံး၊ ကျင်ဝှက်၊ ကျာစိ နှင့် အောင်မော်တို့ ဦးဆောင်သည့် ဘောလုံးအသင်းဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့် 
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~