မှုခင်းသတင်းထောက်များအသင်း(MCRA)နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနထံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ တင်ပြထားမှုအား စိစစ်နေ

မှုခင်းသတင်းထောက်များအသင်း(MCRA)နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနထံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ တင်ပြထားမှုအား စိစစ်နေ
ဇှနျ 6, 2018
By Tachileik News Agency
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း(MCRA) နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနထံ တင်ပြထားမှုအား တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိစစ် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။


သတင်းမီဒီယာကျင့်ဝတ်အရ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများသည် ရဲတပ်ဖွဲ့နှင့် အခြားအာဏာပိုင် အဖွဲ့အစည်းများ၏ သတင်းပေးအဖြစ် ဆောင်ရွက်ခြင်း မပြုရဆိုသည့် အချက်ပါဝင်နေရာ ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် MCRA အား ရဲတပ်ဖွဲ့၏ အရန်အင်အားအဖြစ် အမှန်တကယ် အသိအမှတ်ပြု ထားပါက သတင်းထောက်အဖွဲ့အစည်း အဖြစ် တွဲဖက်အသိအမှတ် မပြုသင့်ကြောင်းနှင့် ၎င်းတို့၏ အသင်းဝင်များ အနေဖြင့် ဥပဒေပြင်ပမှ လုပ်ဆောင်နေမှုများကို စိစစ်ထိန်းကျောင်းနိုင်ရန် ၂၀၁၈ ခုနှစ် မေလ (၁၇)ရက်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အသိပေးတင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

မှုခင်းကျဆင်းရေး ပရဟိတကူညီရေးအဖွဲ့၊ နေပြည်တော်တိုင်းမ်ဂျာနယ်အမည်ဖြင့် မှုခင်းသတင်းထောက်အသင်း အစရှိသည့် အသင်းအဖွဲ့များက သတင်းမီဒီယာအမည် ယူထားသော်လည်း တရားမဝင် လုပ်ငန်းများထံမှ ငွေတောင်းခံခြင်း၊ ငွေညှစ်ခြင်းစသည်တို့ အပါအဝင် သတင်းသမားကျင့်ဝတ် ဖေါက်ဖျက်ကာ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဒေသအသီးသီးမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားမှုများ ရှိလာနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးထံသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၀၁၈ ခုနှစ် မေလ (၁၇)ရက်နေ့တွင် တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာနိုင်ငံမှုခင်း သတင်းထောက်များ အသင်းမှ အသင်းဝင်များသည် ရဲတပ်ဖွဲ့နှင့် ဆင်တူယိုးမှားဖြစ်စေနိုင်သည့် တူညီဝတ်စုံများ၊ ဦးထုပ်များ ဝတ်ဆင်ကာ မှုခင်းကျဆင်းရေး လုပ်ဆောင်နေပါသည်ဟု ပြည်သူများကြားတွင် ပြောဆိုပြုမူလျှက် ရှိသည့်အပြင် မူးယစ်ဆေးသတင်းရသည်ဟု ဆိုကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ မဟုတ်ဘဲ အခြား သူနေအိမ်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်ကာ အိမ်ရှင်ကို လက်ထိပ်ခတ်ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည် ဆိုသည့် တိုင်ကြားစာကို ၂၀၁၇ ခုနှစ် သြဂုတ်လ(၁၅)ရက်နေ့က မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအနေဖြင့် လက်ခံရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၈ ခုနှစ် မေလ (၉)ရက်နေ့ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါနှင့် လားရှိုးမြို့ကြား ခေးနင်းတိုးဂိတ်တွင် နေပြည်တော်တိုင်းမ်မှ မှုခင်းသတင်းထောက်များက ရန်ပုံငွေဟုဆိုကာ ကုန်တင်ယာဉ်ကြီးများထံမှ ငွေကြေးလိုက်လံ တောင်းယူမှုများကြောင့် လားရှိုးမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးက ခေါ်ယူမေးမြန်း စိစစ်မှုများ လုပ်ဆောင်ရကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ အသိပေးအကြောင်းကြားမှုကို လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း(MCRA) နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနထံ တင်ပြထားမှုအား တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိစစ် ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က မေလ (၁၇)ရက်နေ့က ပြည်ထဲရေးကို စာတင်ထားတာပါ။ အဓိကကတော့ ဒီအသင်းအဖွဲ့ အနေနဲ့ သတင်းကျင့်ဝတ် ဖောက်ဖျက်နေတာနဲ့ သူတို့မှတ်ပုံတင်ထားရာမှာ သတင်းထောက်ဆိုတာ မထည့်ဖို့ တင်ပြထားတာပါ”ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သတင်းမီဒီယာကျင့်ဝတ်အရ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများသည် ရဲတပ်ဖွဲ့နှင့် အခြားအာဏာပိုင် အဖွဲ့အစည်းများ၏ သတင်းပေးအဖြစ် ဆောင်ရွက်ခြင်း မပြုရဆိုသည့် အချက်ပါဝင်နေရာ ပြည်ထဲရေး ဝန်ကြီးဌာန အနဖြေင့် MCRA အား ရဲတပ်ဖွဲ့၏ အရန်အင်အားအဖြစ် အမှန်တကယ် အသိအမှတ်ပြု ထားပါက သတင်းထောက်အဖွဲ့အစည်း အဖြစ် တွဲဖက်အသိအမှတ် မပြုသင့်ကြောင်းနှင့်၎င်းတို့၏ အသင်းဝင်များ အနဖြေင့် ဥပဒပြေင်ပမှ လုပ်ဆောင်နေမှုများကို စိစစ်ထိန်းကျောင်းနိုင်ရန် ၂၀၁၈ ခုနှစ် မေလ (၁၇)ရက်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အသိပေးတင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

မှုခင်းကျဆင်းရေး ပရဟိတကူညီရေးအဖွဲ့၊ နပြေည်တော်တိုင်းမ်ဂျာနယ်အမည်ဖြင့် မှုခင်းသတင်းထောက်အသင်း အစရှိသည့် အသင်းအဖွဲ့များက သတင်းမီဒီယာအမည် ယူထားသော်လည်း တရားမဝင် လုပ်ငန်းများထံမှ ငွေတောင်းခံခြင်း၊ ငွေညှစ်ခြင်းစသည်တို့ အပါအဝင် သတင်းသမားကျင့်ဝတ် ဖောက်ဖျက်ကာ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဒေသအသီးသီးမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားမှုများ ရှိလာနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးထံသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၀၁၈ ခုနှစ် မေလ (၁၇)ရက်နေ့တွင် တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာနိုင်ငံမှုခင်း သတင်းထောက်များ အသင်းမှ အသင်းဝင်များသည် ရဲတပ်ဖွဲ့နှင့် ဆင်တူယိုးမှားဖြစ်စေနိုင်သည့် တူညီဝတ်စုံများ၊ ဦးထုပ်များ ဝတ်ဆင်ကာ မှုခင်းကျဆင်းရေး လုပ်ဆောင်နေပါသည်ဟု ပြည်သူများကြားတွင် ပြောဆိုပြုမူလျှက် ရှိသည့်အပြင် မူးယစ်ဆေးသတင်းရသည်ဟု ဆိုကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ မဟုတ်ဘဲ အခြား သူနေအိမ်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်ကာ အိမ်ရှင်ကို လက်ထိပ်ခတ်ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည် ဆိုသည့် တိုင်ကြားစာကို ၂၀၁၇ ခုနှစ် သြဂုတ်လ(၁၅)ရက်နေ့က မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအနဖြေင့် လက်ခံရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၈ ခုနှစ် မေလ (၉)ရက်နေ့ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါနှင့် လားရှိုးမြို့ကြား ခေးနင်းတိုးဂိတ်တွင် နပြေည်တော်တိုင်းမ်မှ မှုခင်းသတင်းထောက်များက ရန်ပုံငွေဟုဆိုကာ ကုန်တင်ယာဉ်ကြီးများထံမှ ငွေကြေးလိုက်လံ တောင်းယူမှုများကြောင့် လားရှိုးမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးက ခေါ်ယူမေးမြန်း စိစစ်မှုများ လုပ်ဆောင်ရကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ အသိပေးအကြောင်းကြားမှုကို လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~