ထိုင္းႏိုင္ငံအတြင္း လူကုန္ကူးခံရသည့္ မေကြးတိုင္းမွ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၁၄)ဦးကို ေနရပ္သို႔ ျပန္ပို႔

ထိုင္းႏိုင္ငံအတြင္း လူကုန္ကူးခံရသည့္ မေကြးတိုင္းမွ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၁၄)ဦးကို ေနရပ္သို႔ ျပန္ပို႔
ဇွန် 3, 2018
By Tachileik News Agency

ထိုင္းႏိုင္ငံသို႔ လူကုန္ကူးခံရသည့္ မေကြးတုိင္း ငဖဲၿမိဳ႕နယ္မွ ေရႊ႕ေျပာင္းလုပ္သား (၁၄)ဦးအား ျမဝတီနယ္စပ္မွ တစ္ဆင့္ ျမန္မာႏုိင္ငံသို႔ ျပန္လည္ ပို႔ေဆာင္ရန္အတြက္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၃)ရက္ေန႔တြင္ ဘန္ေကာက္မွ မဲေဆာက္သို႔ အလုပ္သမားသံအရာရိွရံုးတာဝန္ရိွသူမ်ားႏွင့္အတူ ထြက္ခြာသြားၿပီျဖစ္ေၾကာင္း သိရသည္။

“ညေန  ငါးနာရီခြဲေလာက္က ထြက္သြားၾကပါတယ္။ ကၽြန္ေတာ္တုိ႔ဆီက သံအရာရိွတစ္ေယာက္ လုိက္သြားၿပီး ဟိုဘက္ မဲေဆာက္မွာလည္း သံအရာရိွကေတာ့ အားလံုး စီစဥ္ထားၿပီးပါၿပီ။ သူတုိ႔ ဟိုဘက္ကို ျပန္ေရာက္ၿပီ ဆိုတာနဲ႔ လူကုန္တားကဆက္ၿပီး ေဆာင္ရြက္မွာျဖစ္ပါတယ္။ ဒီထုိင္းႏုိင္ငံဘက္မွာေတာ့ က်ဴးလြန္သူ (၃)ဦးလံုးကို ထိန္းသိမ္းထားၿပီးပါၿပီ။ တစ္ေယာက္ကေတာ့ သူတို႔ထုိင္းဘက္က ဥပေဒအရ တစ္ေယာက္ကေတာ့ အာမခံနဲ႔ လႊတ္ထားပါတယ္”ဟု အလုပ္သမားသံအရာရိွ ဦးစန္းေမာင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္မွ အလုပ္သမား (၁၄) ဦးတို႔အား ျမန္မာသံရံုး၊ ျမန္မာအလုပ္သမား သံအရာရိွ၊ MWRN ၊ MOEAF တို႔က ပူးေပါင္းကယ္တင္ခဲ့ၿပီးေနာက္ အလုပ္သမားမ်ားအား ျမန္မာႏုိင္ငံသို႔ စရိတ္ၿငိမ္း ျပန္လည္ပို႔ေဆာင္ေပးျခင္း၊ အလုပ္သမားမ်ား၏ ကုန္က်ေငြမ်ားျပန္လည္ရရွိေစေရးနွင့္ ဆက္စပ္ လူပြဲစားမ်ားအား အမႈဖြင့္တရားစြဲဆိုႏိုင္ေရးတို႔အတြက္ အလုပ္သမားသံအရာရွိရုံးက ျမဝတီၿမိဳ႕ရွိ တာဝန္ရွိသူတို႔ႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္သားမ်ားအား ေပကုန္းေက်းရြာေန ပြဲစား ဦးၾကည္ၿမိဳင္ဆိုသူက တစ္ဦးလွ်င္ ျမန္မာက်ပ္ေငြ (၈) သိန္းစီရယူၿပီး ထိုင္းႏိုင္ငံတြင္ ဗီဇာ၊ အလုပ္လုပ္ခြင့္လက္မွတ္ႏွင့္ အလုပ္အကိုင္မ်ား အၿပီးအစီး ရရွိမည္ဟုဆိုကာ တနသၤာရီတိုင္း၊ ဘိတ္ၿမိဳ႕နယ္ ေမာေတာင္ဂိတ္မွတစ္ဆင့္ နယ္စပ္ျဖတ္ေက်ာ္ ဂိတ္လက္မွတ္မ်ား ျပဳလုပ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လုပ္သား(၁၄)ဦးသည္ ၂၀၁၈ ခုႏွစ္ မတ္လ(၂)ရက္ေန႔တြင္ ေမာေတာင္နယ္စပ္ဂိတ္မွ နယ္စပ္ ျဖတ္ေက်ာ္ခြင့္ စာအုပ္ (Border-Pass) မ်ားျဖင့္ ထိုင္းႏိုင္ငံ၊ စမုစခြန္နယ္ မဟာခ်ဳိင္ၿမိဳ႕တြင္ ေနထိုင္သူ ဦးလွဝင္းႏွင့္ ၎၏ လက္ေထာက္ျဖစ္သူ မ်ဳိးျမင့္သိန္းတို႔က ေခၚေဆာင္လာၿပီး အလုပ္သမား မ်ားထံမွ တစ္ဦးလွ်င္ ဘတ္တစ္ေသာင္းရယူၿပီး ဘတ္ကတ္ (ေခၚ) ပန္းေရာင္ကတ္အတုမ်ား ထုတ္ေပးကာ မဟာခ်ဳိင္ၿမိဳ႕ရွိ Prantalay Co.,ltd ငါး၊ ပုဇြန္ ပင္လယ္အစား အစာႏွင့္ ေရထြက္ပစၥည္း အလုပ္ရုံတြင္ ၂၀၁၈ ခုႏွစ္ ဧၿပီလ (၅) ရက္ေန႕၌ အလုပ္ဝင္ေရာက္ လုပ္ကိုင္ေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အလုပ္သမား (၁၄) ဦးတို႔သည္ တရားဝင္ဗီဇာႏွင့္ အလုပ္လုပ္ခြင့္လက္မွတ္မ်ားမရိွဘဲ အလုပ္ လုပ္ေနရသျဖင့္ အလုပ္သမားသံအရာရွိထံ ဆက္သြယ္အကူအညီေတာင္းခံမႈေၾကာင့္ ၂၀၁၈ ခုႏွစ္ ဧၿပီလ (၂၁)ရက္ေန႔တြင္ ေခၚထုတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ဧၿပီလ(၂၃)ရက္ေန႕တြင္ ထိုင္းႏိုင္ငံ D.O.E ဌာန၊ ထို္င္းလူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၊ ရာဇဝတ္မႈႏွိမ္နင္းေရးအထူးရဲတပ္ဖြဲ႕၊ ဆဝါဒီကန္အဖြဲ႕၊ အလုပ္အကိုင္ဌာန စသည့္အဖြဲ႕စုံတို႕အား အလုပ္သမားသံအရာရိွက ခ်ိတ္ဆက္အေၾကာင္းၾကားခဲ့သျဖင့္ ဧၿပီလ(၂၆) ရက္ေန႕တြင္ မဟာခ်ဳိင္နယ္ေျမသို႔ ထိုင္း D.S.I ၊ နယ္ေျမခံရဲတပ္ဖြဲ႕တို႔က သြားေရာက္ဖမ္းဆီးခဲ့ရာ မ်ဳိးမင္းသိန္း(ေခၚ)ကုလားေလးႏွင့္ မလင္းလင္းခိုင္တို႕ (၂) ဦးအား ဖမ္းဆီးနိုင္ခဲ့ေသာ္လည္း ဦးေဆာင္သူ ပြဲစားဦးလွဝင္းမွာ အဆုိပါအခ်ိန္က ထြက္ေျပးတိမ္းေရွာင္ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိထားသည့္ ပြဲစား(၃)ဦးအား ဘန္ေကာက္ၿမိဳ႕၊ က်ဲဝတ္တနာရွိ DSI ဌာနခ်ဳပ္တြင္ စစ္ေဆးေမးျမန္းၿပီးေနာက္ ေမလ(၃၀) ရက္ေန႕တြင္  က်ဲဝတ္တနာ တရားရုံးတြင္ တရားစြဲဆိုထားေၾကာင္း သိရသည္။

အဆိုပါ အလုပ္သမားမ်ားအနက္ ထို္င္းႏိုင္ငံသို႕ ျပန္လည္ဝင္ေရာက္အလုပ္လုပ္ကိုင္လိုသူမ်ားအား တရားဝင္ MOU စနစ္ျဖင့္ ဝင္ေရာက္ႏိုင္ေစေရးအတြက္ MOEAF က ညိႇႏိႈင္းေဆာင္ရြက္ေပးခဲ့ရာ International focus ေအဂ်င္စီမွစာခ်ဳပ္ခ်ဳပ္ဆို၍ အခမဲ့စနစ္ျဖင့္ Thai Union Co.,ltd ငါးေသတၱာစက္ရုံႏွင့္ South-East Asia Canning Co.,ltd ပင္လယ္အစားအစာလုပ္ငန္းမ်ားသို႔ တရားဝင္ျပန္လည္ဝင္ေရာက္ လုပ္ကိုင္ခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္ ေရႊ႕ေျပာင္းလုပ္သားဆုိင္ရာဥပေဒေျပာင္းလဲမႈေၾကာင့္ တရားမဝင္ေနထုိင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားသည္ မိမိတို႔ဆႏၵသေဘာအေလ်ာက္ နယ္စပ္အသီးသီးမွ ျပန္လည္ဝင္ေရာက္မႈမ်ားလည္းရိွေနျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံသားမ်ားအေနႏွင့္ ထုိင္းႏုိင္ငံတြင္ အလုပ္လုပ္ကိုင္လုိပါက တရားဝင္ MoU စနစ္ျဖင့္သာ လာေရာက္ၾကရန္ႏွင့္ အခက္အခဲတစ္စံုတစ္ရာေပၚေပါက္ပါက အလုပ္သမားသံအရာရိွမ်ားႏွင့္ MOEAF(ဘန္ေကာက္) သို႔ ဆက္သြယ္အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။

အလုပ္သမားသံအရာရွိရံုးဖုန္းနံပါတ္မ်ားျဖစ္သည့္ ဦးစန္းေမာင္ဦး ၀၉၄၈၈၄၅၄၈၄၊ ဦးသန္းနိုင္ ၀၆၅၂၂၀၆၉၅၂၊ ဦးေဇာ္မင္းေအာင္ ၀၆၅၂၂၀၆၉၅၁ (ေတာင္ပိုင္း၊ရေနာင္း)၊ ဦးေအာင္မင္း ၀၆၅၂၂၀၆၉၅၃ (မဲေဆာက္)၊ ဦးဦးခင္ေမာင္ ၀၉၉၀၅၉၂၃၅၂ (ခ်င္းမိုင္)၊ MOEAF(ဘန္ေကာက္)Call Centre, ၀၈၃ ၅၄၄ ၆၄၄၂ တို႔သို႔  အခ်ိန္မေရြးဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

သတင္း -  ခ်ယ္ရီထိုက္
ဓါတ္ပံု - MOEAF



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မကွေးတိုင်း ငဖဲမြို့နယ်မှ ရွှေ့ပြောင်းလုပ်သား (၁၄)ဦးအား မြဝတီနယ်စပ်မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန်အတွက် ၂၀၁၈ ခုနှစ် ဇွန်လ (၃)ရက်နေ့တွင် ဘန်ကောက်မှ မဲဆောက်သို့ အလုပ်သမားသံအရာရှိရုံးတာဝန်ရှိသူများနှင့်အတူ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

“ညနေ ငါးနာရီခွဲလောက်က ထွက်သွားကြပါတယ်။ ကျွန်တော်တို့ဆီက သံအရာရှိတစ်ယောက် လိုက်သွားပြီး ဟိုဘက် မဲဆောက်မှာလည်း သံအရာရှိကတော့ အားလုံး စီစဉ်ထားပြီးပါပြီ။ သူတို့ ဟိုဘက်ကို ပြန်ရောက်ပြီ ဆိုတာနဲ့ လူကုန်တားကဆက်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီထိုင်းနိုင်ငံဘက်မှာတော့ ကျူးလွန်သူ (၃)ဦးလုံးကို ထိန်းသိမ်းထားပြီးပါပြီ။ တစ်ယောက်ကတော့ သူတို့ထိုင်းဘက်က ဥပဒေအရ တစ်ယောက်ကတော့ အာမခံနဲ့ လွှတ်ထားပါတယ်”ဟု အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်မှ အလုပ်သမား (၁၄) ဦးတို့အား မြန်မာသံရုံး၊ မြန်မာအလုပ်သမား သံအရာရှိ၊ MWRN၊ MOEAF တို့က ပူးပေါင်းကယ်တင်ခဲ့ပြီးနောက် အလုပ်သမားများအား မြန်မာနိုင်ငံသို့ စရိတ်ငြိမ်း ပြန်လည်ပို့ဆောင်ပေးခြင်း၊ အလုပ်သမားများ၏ ကုန်ကျငွေများပြန်လည်ရရှိစေရေးနှင့် ဆက်စပ် လူပွဲစားများအား အမှုဖွင့်တရားစွဲဆိုနိုင်ရေးတို့အတွက် အလုပ်သမားသံအရာရှိရုံးက မြဝတီမြို့ရှိ တာဝန်ရှိသူတို့နှင့် ချိတ်ဆက်ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်သားများအား ပေကုန်းကျေးရွာနေ ပွဲစား ဦးကြည်မြိုင်ဆိုသူက တစ်ဦးလျှင် မြန်မာကျပ်ငွေ (၈) သိန်းစီရယူပြီး ထိုင်းနိုင်ငံတွင် ဗီဇာ၊ အလုပ်လုပ်ခွင့်လက်မှတ်နှင့် အလုပ်အကိုင်များ အပြီးအစီး ရရှိမည်ဟုဆိုကာ တနင်္သာရီတိုင်း၊ ဘိတ်မြို့နယ် မောတောင်ဂိတ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဂိတ်လက်မှတ်များ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်သား(၁၄)ဦးသည် ၂၀၁၈ ခုနှစ် မတ်လ(၂)ရက်နေ့တွင် မောတောင်နယ်စပ်ဂိတ်မှ နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် (Border-Pass) များဖြင့် ထိုင်းနိုင်ငံ၊ စမုစခွန်နယ် မဟာချိုင်မြို့တွင် နေထိုင်သူ ဦးလှဝင်းနှင့်၎င်း၏ လက်ထောက်ဖြစ်သူ မျိုးမြင့်သိန်းတို့က ခေါ်ဆောင်လာပြီး အလုပ်သမား များထံမှ တစ်ဦးလျှင် ဘတ်တစ်သောင်းရယူပြီး ဘတ်ကတ် (ခေါ်) ပန်းရောင်ကတ်အတုများ ထုတ်ပေးကာ မဟာချိုင်မြို့ရှိ Prantalay Co.,ltd ငါး၊ ပုဇွန် ပင်လယ်အစား အစာနှင့် ရေထွက်ပစ္စည်း အလုပ်ရုံတွင် ၂၀၁၈ ခုနှစ် ဧပြီလ (၅) ရက်နေ့၌ အလုပ်ဝင်ရောက် လုပ်ကိုင်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်သမား (၁၄) ဦးတို့သည် တရားဝင်ဗီဇာနှင့် အလုပ်လုပ်ခွင့်လက်မှတ်များမရှိဘဲ အလုပ် လုပ်နေရသဖြင့် အလုပ်သမားသံအရာရှိထံ ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် ၂၀၁၈ ခုနှစ် ဧပြီလ (၂၁)ရက်နေ့တွင် ခေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဧပြီလ(၂၃)ရက်နေ့တွင် ထိုင်းနိုင်ငံ D.O.E ဌာန၊ ထို်င်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ရာဇဝတ်မှုနှိမ်နင်းရေးအထူးရဲတပ်ဖွဲ့၊ ဆဝါဒီကန်အဖွဲ့၊ အလုပ်အကိုင်ဌာန စသည့်အဖွဲ့စုံတို့အား အလုပ်သမားသံအရာရှိက ချိတ်ဆက်အကြောင်းကြားခဲ့သဖြင့် ဧပြီလ(၂၆) ရက်နေ့တွင် မဟာချိုင်နယ်မြေသို့ ထိုင်း D.S.I၊ နယ်မြေခံရဲတပ်ဖွဲ့တို့က သွားရောက်ဖမ်းဆီးခဲ့ရာ မျိုးမင်းသိန်း(ခေါ်)ကုလားလေးနှင့် မလင်းလင်းခိုင်တို့ (၂) ဦးအား ဖမ်းဆီးနိုင်ခဲ့သော်လည်း ဦးဆောင်သူ ပွဲစားဦးလှဝင်းမှာ အဆိုပါအချိန်က ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ပွဲစား(၃)ဦးအား ဘန်ကောက်မြို့၊ ကျဲဝတ်တနာရှိ DSI ဌာနချုပ်တွင် စစ်ဆေးမေးမြန်းပြီးနောက် မေလ(၃၀) ရက်နေ့တွင် ကျဲဝတ်တနာ တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများအနက် ထို်င်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်အလုပ်လုပ်ကိုင်လိုသူများအား တရားဝင် MOU စနစ်ဖြင့် ဝင်ရောက်နိုင်စေရေးအတွက် MOEAF က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ International focus အေဂျင်စီမှစာချုပ်ချုပ်ဆို၍ အခမဲ့စနစ်ဖြင့် Thai Union Co.,ltd ငါးသေတ္တာစက်ရုံနှင့် South-East Asia Canning Co.,ltd ပင်လယ်အစားအစာလုပ်ငန်းများသို့ တရားဝင်ပြန်လည်ဝင်ရောက် လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားဆိုင်ရာဥပဒေပြောင်းလဲမှုကြောင့် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် မိမိတို့ဆန္ဒသဘောအလျောက် နယ်စပ်အသီးသီးမှ ပြန်လည်ဝင်ရောက်မှုများလည်းရှိနခြေင်းဖြစ်သည်။

မြန်မာနိုင်ငံသားများအနေနှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုပါက တရားဝင် MoU စနစ်ဖြင့်သာ လာရောက်ကြရန်နှင့် အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်ပါက အလုပ်သမားသံအရာရှိများနှင့် MOEAF(ဘန်ကောက်) သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

အလုပ်သမားသံအရာရှိရုံးဖုန်းနံပါတ်များဖြစ်သည့် ဦးစန်းမောင်ဦး ဝ၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ဝ၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းအောင် ဝ၆၅၂၂၀၆၉၅၁ (တောင်ပိုင်း၊ရနောင်း)၊ ဦးအောင်မင်း ဝ၆၅၂၂၀၆၉၅၃ (မဲဆောက်)၊ ဦးဦးခင်မောင် ဝ၉၉၀၅၉၂၃၅၂ (ချင်းမိုင်)၊ MOEAF(ဘန်ကောက်)Call Centre, ဝ၈၃ ၅၄၄ ၆၄၄၂ တို့သို့ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - MOEAF 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~