တစ္ေန႔လွ်င္ အမိႈက္တန္ခ်ိန္ (၆၀)ထြက္ေနသည့္ မေကြးၿမိဳ႕တြင္ အမိႈက္စြန္႔ပစ္မႈ အခက္အခဲျဖစ္ေန

တစ္ေန႔လွ်င္ အမိႈက္တန္ခ်ိန္ (၆၀)ထြက္ေနသည့္ မေကြးၿမိဳ႕တြင္ အမိႈက္စြန္႔ပစ္မႈ အခက္အခဲျဖစ္ေန
ဇွန် 6, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕တြင္ တစ္ေန႔လွ်င္ အမိႈက္တန္ခ်ိန္ (၆၀) ခန္႔ သိမ္းဆည္းေနရၿပီး အမိႈက္မ်ားအား မီးရိႈ႕ဖ်က္ဆီးျခင္း၊ လွ်ပ္စစ္စြမ္းအင္ထုတ္ယူျခင္း၊ ေျမၾသဇာထုတ္ယူျခင္းစသည့္ နည္းလမ္း တုိ႔ျဖင့္ ရွင္းလင္းႏုိင္ျခင္းမရိွေသးသျဖင့္ အမိႈက္စြန္႔ပစ္မႈတြင္ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

"လတ္တေလာ ရင္ဆိုင္ေနရတဲ့ ျပႆနာရိွပါတယ္။ မူလက အမိႈက္စြန္႔ပစ္ဖို႔ ၿမိဳ႕နဲ႔ႏွစ္မိုင္ေလာက္အကြာမွာ အမိႈက္က်င္း ထားရိွခဲ့ေပမဲ့ တိုးခ်ဲ႕လာတဲ့ ၿမိဳ႕ျပအေျခအေနအရ လူေနအိမ္ေတြက အမိႈက္ပံုနဲ႔ နီးကပ္မႈ ရိွလာတာေၾကာင့္ အမိႈက္ပံု မီးေလာင္တဲ့အခါမ်ိဳးမွာ ေညႇာ္နံ႔ရတာေတြ၊ မေကာင္းတဲ့အနံ႔အသက္ရတာေတြ ျဖစ္လာပါတယ္။ ဒါကိုေျဖရွင္းဖို႔က စိန္ေခၚမႈတစ္ရပ္ ျဖစ္ေနပါေသးတယ္"ဟု မေကြးတိုင္းေဒသႀကီး စည္ပင္သာယာေရးအဖဲြ႔ တိုင္းေဒသႀကီးညႊန္ၾကားေရးမွဴး ဦးထင္ေအာင္က ေျပာသည္။

လက္ရိွ မေကြးတိုင္းအတြင္းရိွ ၿမိဳ႕နယ္အသီးသီးတြင္ တစ္ပတ္လွ်င္ႏွစ္ႀကိမ္မွ သံုးႀကိမ္ခန္႔အထိ မီးဖိုေခ်ာင္စြန္႔ပစ္ အမိႈက္မ်ားကို သိမ္းဆည္းေပးလွ်က္ရိွေၾကာင္းသိရၿပီး အမိႈက္သိမ္းဆည္းႏုိင္မႈမွာ (၇၀)ရာခုိင္ႏႈန္းသာ ရိွေနေသးေၾကာင္း သိရသည္။

"မူလက အမိႈက္သိမ္းဆည္းႏိုင္မႈမွာ (၆၀)ရာခုိင္နႈန္းပဲလႊမ္းၿခံဳမႈရိွခဲ့ေပမဲ့ တိုင္းအစုိးရအဖြဲ႕က တစ္ၿမိဳ႕နယ္ကို အမိႈက္သိမ္းယာဥ္တစ္စီး ေထာက္ပံ့ေပးမႈေၾကာင့္ လက္ရိွအေျခအေနမွာ(၇၀)ရာခိုင္နႈန္းအထိ လႊမ္းၿခံဳမႈ ရွိလာပါၿပီ။ ေနာက္သံုးႏွစ္အတြင္း ရာခိုင္ႏွဳန္းျပည့္ သိမ္းဆည္းႏိုင္ဖို႔ ေဆာင္ရြက္ေနပါတယ္" ဟု တိုင္းေဒသႀကီးညႊန္ၾကားေရးမွဴး ဦးထင္ေအာင္က ေျပာသည္။

ရာခိုင္ႏွဳန္းျပည့္ အမိႈက္သိမ္းဆည္းႏိုင္မႈကို သံုးႏွစ္အတြင္း အေကာင္အထည္ေဖာ္ႏိုင္ရန္ ေဆာင္ရြက္လွ်က္ရိွေနေသာ္လည္း ယာဥ္၊ စက္၊ ဆီ၊ ယႏၱယားႏွင့္ ဝန္ထမ္းမ်ား တိုးျမႇင့္ရရိွရန္ လိုအပ္ေနေၾကာင္း စည္ပင္သာယာေရးအဖြဲ႕ထံမွ သိရသည္။

မေကြးၿမိဳ႕တြင္ လက္ရိွအခ်ိန္၌ အမိႈက္သိမ္းယာဥ္(၁၄)စီးရိွေနၿပီး တစ္ၿမိဳ႕လံုးအမိႈက္သိမ္းႏုိင္ရန္ အမိႈက္သိမ္းယာဥ္ အစီး(၂၀)လိုအပ္ေၾကာင္း သိရသည္။

သတင္း -  ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တစ်နေ့လျှင် အမှိုက်တန်ချိန် (၆၀) ခန့် သိမ်းဆည်းနေရပြီး အမှိုက်များအား မီးရှို့ဖျက်ဆီးခြင်း၊ လျှပ်စစ်စွမ်းအင်ထုတ်ယူခြင်း၊ မြသြေဇာထုတ်ယူခြင်းစသည့် နည်းလမ်း တို့ဖြင့် ရှင်းလင်းနိုင်ခြင်းမရှိသေးသဖြင့် အမှိုက်စွန့်ပစ်မှုတွင် အခက်အခဲဖြစ်နေကြောင်း သိရသည်။

"လတ်တလော ရင်ဆိုင်နေရတဲ့ ပြဿနာရှိပါတယ်။ မူလက အမှိုက်စွန့်ပစ်ဖို့ မြို့နဲ့နှစ်မိုင်လောက်အကွာမှာ အမှိုက်ကျင်း ထားရှိခဲ့ပေမဲ့ တိုးချဲ့လာတဲ့ မြို့ပြအခြေအနေအရ လူနေအိမ်တွေက အမှိုက်ပုံနဲ့ နီးကပ်မှု ရှိလာတာကြောင့် အမှိုက်ပုံ မီးလောင်တဲ့အခါမျိုးမှာ ညှော်နံ့ရတာတွေ၊ မကောင်းတဲ့အနံ့အသက်ရတာတွေ ဖြစ်လာပါတယ်။ ဒါကိုဖြေရှင်းဖို့က စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသေးတယ်"ဟု မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးထင်အောင်က ပြောသည်။

လက်ရှိ မကွေးတိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် တစ်ပတ်လျှင်နှစ်ကြိမ်မှ သုံးကြိမ်ခန့်အထိ မီးဖိုချောင်စွန့်ပစ် အမှိုက်များကို သိမ်းဆည်းပေးလျှက်ရှိကြောင်းသိရပြီး အမှိုက်သိမ်းဆည်းနိုင်မှုမှာ (၇၀)ရာခိုင်နှုန်းသာ ရှိနေသေးကြောင်း သိရသည်။

"မူလက အမှိုက်သိမ်းဆည်းနိုင်မှုမှာ (၆၀)ရာခိုင်နှုန်းပဲလွှမ်းခြုံမှုရှိခဲ့ပေမဲ့ တိုင်းအစိုးရအဖွဲ့က တစ်မြို့နယ်ကို အမှိုက်သိမ်းယာဉ်တစ်စီး ထောက်ပံ့ပေးမှုကြောင့် လက်ရှိအခြေအနေမှာ(၇၀)ရာခိုင်နှုန်းအထိ လွှမ်းခြုံမှု ရှိလာပါပြီ။ နောက်သုံးနှစ်အတွင်း ရာခိုင်နှုန်းပြည့် သိမ်းဆည်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟု တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးထင်အောင်က ပြောသည်။

ရာခိုင်နှုန်းပြည့် အမှိုက်သိမ်းဆည်းနိုင်မှုကို သုံးနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျှက်ရှိနေသော်လည်း ယာဉ်၊ စက်၊ ဆီ၊ ယန္တယားနှင့် ဝန်ထမ်းများ တိုးမြှင့်ရရှိရန် လိုအပ်နေကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မကွေးမြို့တွင် လက်ရှိအချိန်၌ အမှိုက်သိမ်းယာဉ်(၁၄)စီးရှိနပြေီး တစ်မြို့လုံးအမှိုက်သိမ်းနိုင်ရန် အမှိုက်သိမ်းယာဉ် အစီး(၂၀)လိုအပ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~