မကွေးတိုင်းအတွင်းရှိ ဆည်၊ရေလှောင်တမံ အခြေအနေများကို အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်ပေးနေပြီး ဇွန်လ ၁၃ ရက်နေ့ထိ စိုးရိမ်ဖွယ်မရှိသေး
မကွေးတိုင်းအတွင်းရှိ ဆည်၊ရေလှောင်တမံ အခြေအနေများကို အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်ပေးနေပြီး ဇွန်လ ၁၃ ရက်နေ့ထိ စိုးရိမ်ဖွယ်မရှိသေး
ဇှနျ 13, 2018
By Tachileik News Agency
မကွေးတိုင်းဒေသကြီးတွင် မိုးအဆက်မပြတ် ရွာနေသဖြင့် စကု၊ စလင်း၊ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာ မြို့နယ်များရှိ ဆည်၊ ရေလှောင်တမံများမှ ဆည်ရေမြင့်တက်မှု အခြေအနေများကို အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန် ပေးနေပြီး ၂၀၁၈ ခုနှစ် ဇွန်လ (၁၃)ရက်နေ့အထိ စိုးရိမ်ဖွယ်မရှိသေးကြောင်း သိရသည်။
မကွေးတိုင်းတွင် ဇွန်လ(၉)ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းလျှက်ရှိနေသဖြင့် ကြီးအုံ ကြီးဝဆည်တမံ၊ မဲဇလီဆည်တမံ၊ မန်းဆည်တမံ၊ ရင်းရှည်ရေလှောင်တမံ၊ မုန်းဆည်တမံ၊ အိုင်းမရေလွှဲဆည်၊ စလင်းရေလှောင်တမံတို့တွင် ဆည်ရေမြင့်တက်နေကာ ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ကြီးအုံ ကြီးဝရေပိုလွှဲများမှ ရေကျော်လျှက်ရှိနေပြီး အိုင်းမဆည်နှင့် စလင်းတမံမှာလည်း ရေပြည့်မှတ်သို့ နီးကပ်နေပြီဖြစ်ကြောင်း သိရသည်။
အိုင်းမဆည်တွင် ၂၀၁၀ ခုနှစ်၊ ဂီရိမုန်တိုင်းကာလတွင်ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးတက်ခဲ့သည့်ရေမှတ် (၂၄၉.၅၀)ပေသို့ ဇွန်လ(၁၁)ရက် နံနက်ပိုင်းတွင် ရောက်ရှိနေပြီဖြစ်သော်လည်း ဇွန်လ (၁၃)ရက်နေ့ အခြေအနေထိ စိုးရိမ်ဖွယ်မရှိသေးကြောင်း သိရသည်။
ဆည်ရေလှောင်တမံတာဝန်ခံများက ရေအမှတ်ကို တစ်နာရီတစ်ကြိမ်ဖတ်၍ တမံရေကင်းလုံခြုံရေး အဖွဲ့များခွဲ၍ ဆောင်ရွက်နေပြီး အချိန်နှင့်တပြေးညီ အသိပေးထုတ်ပြန်လျှက်ရှိကြောင်း သိရသည်။
သတင်း - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတို်င်းဒေသကြီးတွင် မိုးအဆက်မပြတ် ရွာနေသဖြင့် စကု၊ စလင်း၊ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာ မြို့နယ်များရှိ ဆည်၊ ရေလှောင်တမံများမှ ဆည်ရမြေင့်တက်မှု အခြေအနေများကို အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန် ပေးနပြေီး ၂၀၁၈ ခုနှစ် ဇွန်လ (၁၃)ရက်နေ့အထိ စိုးရိမ်ဖွယ်မရှိသေးကြောင်း သိရသည်။
မကွေးတို်င်းတွင် ဇွန်လ(၉)ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းလျှက်ရှိနေသဖြင့် ကြီးအုံ ကြီးဝဆည်တမံ၊ မဲဇလီဆည်တမံ၊ မန်းဆည်တမံ၊ ရင်းရှည်ရေလှောင်တမံ၊ မုန်းဆည်တမံ၊ အို်င်းမရေလွှဲဆည်၊ စလင်းရေလှောင်တမံတို့တွင် ဆည်ရမြေင့်တက်နေကာ ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ကြီးအုံ ကြီးဝရေပိုလွှဲများမှ ရေကျော်လျှက်ရှိနပြေီး အိုင်းမဆည်နှင့် စလင်းတမံမှာလည်း ရပြေည့်မှတ်သို့ နီးကပ်နပြေီဖြစ်ကြောင်း သိရသည်။
“မုန်းဆည် အခြေအနေက စိုးရိမ်စရာမရှိပါဘူး။ ဒီမိုးမရခင်ဆို လျှပ်စစ်ထုတ်ဖို့ ရေက ပေ (၄၅၀)မပြည့်လို့ ကို ရပ်ထားရသေးတယ်။ ကန်ရပြေည့်အမှတ်က (၅၂၀)ပေရှိတယ်။ အခု ပေ(၄၉၀)ပဲ ရောက်သေး တာကြောင့် facebook လူမှုကွန်ယက်တွေမှာ ရေးနကြေသလိုမျိုး စိုးရိမ်စရာမရှိပါဘူး”ဟု ဦးစီးအရာရှိ ဦးမောင်မောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အို်င်းမဆည်တွင် ၂၀၁၀ ခုနှစ်၊ ဂီရိမုန်တိုင်းကာလတွင်ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးတက်ခဲ့သည့်ရေမှတ် (၂၄၉.၅၀)ပေသို့ ဇွန်လ(၁၁)ရက် နံနက်ပိုင်းတွင် ရောက်ရှိနပြေီဖြစ်သော်လည်း ဇွန်လ (၁၃)ရက်နေ့အခြေအနေထိ စိုးရိမ်ဖွယ်မရှိသေးကြောင်း သိရသည်။
ဆည်၊ရေလှောင်တမံများတွင် စိုးရိမ်ရေမှတ်မရောက်သေးသော်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မုန်းချောင်း၊မန်းချောင်းနှင့် စလင်းချောင်းဘေးတစ်လျှောက်နေထိုင်သူများ သတိပြုစောင့်ကြည့်ကြရန် အသိပေးနှိုးဆော်ထားသည်။
ဆည်ရေလှောင်တမံတာဝန်ခံများက ရေအမှတ်ကို တစ်နာရီတစ်ကြိမ်ဖတ်၍ တမံရေကင်းလုံခြုံရေး အဖွဲ့များခွဲ၍ ဆောင်ရွက်နပြေီး အချိန်နှင့်တပြေးညီ အသိပေးထုတ်ပြန်လျှက်ရှိကြောင်း သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~