ေလဆိပ္အတြက္ သိမ္းဆည္းလယ္ယာေျမေလ်ာ္ေၾကးကိစၥ မၿပီးျပတ္ေသး၍ မေကြးေလဆိပ္ အသံုးျပဳမႈကို (၁၂)ႏွစ္ၾကာသည္အထိ ရပ္ဆိုင္းထားရ

ေလဆိပ္အတြက္ သိမ္းဆည္းလယ္ယာေျမေလ်ာ္ေၾကးကိစၥ မၿပီးျပတ္ေသး၍ မေကြးေလဆိပ္ အသံုးျပဳမႈကို (၁၂)ႏွစ္ၾကာသည္အထိ ရပ္ဆိုင္းထားရ
ဇွန် 10, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီးအတြင္း မေကြးၿမိဳ႕ေလဆိပ္ အတြက္ သိမ္းဆည္းခဲ့သည့္ လယ္ယာေျမ ေလ်ာ္ေၾကးကိစၥမ်ား ၿပီးျပတ္ျခင္း မရိွေသးသျဖင့္ ေလဆိပ္ကို ၂၀၀၃ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ကာ ခရီးစဥ္ပ်ံသန္းမႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ ၂၀၀၆ ခုႏွစ္ကတည္းက ခရီးစဥ္ပ်ံသန္းမႈမ်ား ရပ္ဆုိင္းထားရေၾကာင္း သိရသည္။

"၂၀၀၆ ခုနွစ္က လယ္တစ္ဧက က်ပ္တစ္ေသာင္းခြဲ၊ ယာတစ္ဧကငါးေထာင္နႈန္းနဲ႔ ေပးေလ်ာ္ခဲ့ေပမဲ့ ကာ လေပါက္ေဈးနွင့္အညီ ေပးေလ်ာ္ခဲ့ျခင္းမဟုတ္လို႔ ၂၀၁၅ - ၂၀၁၆ ခုႏွစ္မွာ လယ္တစ္ဧက က်ပ္ဆယ္သိန္း ယာ တစ္ဧက က်ပ္ရွစ္သိန္းနႈန္းနဲ႔ ထပ္မံေပးေလ်ာ္ခဲ့ပါတယ္။ အဲလိုေပးေလ်ာ္ခဲ့ေပမဲ့ ေလ်ာ္ေၾကးလက္မခံတဲ့ ေတာင္သူေတြရိွေနေသးတာေၾကာင့္ ဒီေန႔အထိ ဌာနဂရန္အမည္မေပါက္ေသးပါဘူး"ဟု ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန မေကြးေလဆိပ္မန္ေနဂ်ာ(ေလေၾကာင္းထိန္း) ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕၌ ေလဆိပ္ဖြင့္လွစ္ၿပီး ၂၀၀၃ ခုနွစ္၊ ဇြန္လပုိ္င္းမွစ၍ ေလယာဥ္ကြင္းသစ္၌ တစ္ပတ္လွ်င္နွစ္ႀကိမ္ ေလေၾကာင္းခရီးစဥ္စတင္ေျပးဆြဲခဲ့ၿပီးေနာက္ ၂၀၀၆ ခုနွစ္မွ လက္ရိွအခ်ိန္ထိ ေလေၾကာင္းခရီးစဥ္မ်ား ရပ္ဆုိင္းထားျခင္းျဖစ္သည္။

"သက္ႀကီးရြယ္အုိေတြ၊ က်န္းမာေရးခ်ိဳ႕တဲ့သူေတြ၊ တျခားလူမႈေရး၊ စီးပြားေရးကိစၥေတြအတြက္ပါ ေလေၾကာင္းလုိင္းရွိဖို႔က အရမ္းကိုလုိအပ္ေနပါတယ္။ ရႈံုးရင္ခံမယ္။ တစ္ပတ္ကို နွစ္ႀကိမ္ဆင္းေပးပါဆုိၿပီး အစိုးရအဖြဲ႔ကို ကမ္းလွမ္းခဲ့ေပမဲ့ ဒီေန႔အထိ အေကာင္အထည္ေဖာ္မေပးနုိင္ေသးပါဘူး"ဟု မေကြးတုိင္းဟို တယ္လုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးစံေထြးက ေျပာသည္။

မေကြးေလဆိပ္မွာ စုစုေပါင္း ဧရိယာ(၈၁၈.၈၂)ဧက၊ လက္ရိွေျပးလမ္းအရွည္ေပ(၈၅၀၀)၊ အက်ယ္ ေပ(၂၀၀)ရိွၿပီး နုိင္ငံတကာအဆင့္မီေျပးလမ္းေၾကာင္းျဖစ္ေစရန္ အရွည္ေပ (၁၂၀၀၀)၊ အက်ယ္ေပ(၂၀၀)၊ ရိွရမည္ျဖစ္၍ ေျမာက္ဘက္သုိ႔ ဆက္ခ်ဲ႕ရန္အစီအစဥ္ရွိေၾကာင္း သိရေသာ္လည္း ေလဆိပ္စတင္တည္ ေဆာက္စဥ္က သိမ္းဆည္းခဲ့ေသာလယ္ယာေျမမ်ားအတြက္ ေလ်ာ္ေၾကးေပးမႈမွာ ယေန႔အထိ ၿပီးျပတ္မႈမရိွ၍ ဌာနဂရန္အမည္ေပါက္ မျဖစ္ေသးေၾကာင္း သိရသည္။

သတင္း  - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း မကွေးမြို့လေဆိပ် အတွက် သိမ်းဆည်းခဲ့သည့် လယ်ယာမြေ လျော်ကြေးကိစ္စများ ပြီးပြတ်ခြင်း မရှိသေးသဖြင့် လေဆိပ်ကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ ခရီးစဉ်ပျံသန်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်ကတည်းက ခရီးစဉ်ပျံသန်းမှုများ ရပ်ဆိုင်းထားရကြောင်း သိရသည်။

"၂၀၀၆ ခုနှစ်က လယ်တစ်ဧက ကျပ်တစ်သောင်းခွဲ၊ ယာတစ်ဧကငါးထောင်နှုန်းနဲ့ ပေးလျော်ခဲ့ပေမဲ့ ကာ လပေါက်ဈေးနှင့်အညီ ပေးလျော်ခဲ့ခြင်းမဟုတ်လို့ ၂၀၁၅ - ၂၀၁၆ ခုနှစ်မှာ လယ်တစ်ဧက ကျပ်ဆယ်သိန်း ယာ တစ်ဧက ကျပ်ရှစ်သိန်းနှုန်းနဲ့ ထပ်မံပေးလျော်ခဲ့ပါတယ်။ အဲလိုပေးလျော်ခဲ့ပေမဲ့ လျော်ကြေးလက်မခံတဲ့ တောင်သူတွေရှိနေသေးတာကြောင့် ဒီနေ့အထိ ဌာနဂရန်အမည်မပေါက်သေးပါဘူး"ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မကွေးလေဆိပ်မန်နေဂျာ(လေကြောင်းထိန်း) ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့၌ လေဆိပ်ဖွင့်လှစ်ပြီး ၂၀၀၃ ခုနှစ်၊ ဇွန်လပို်င်းမှစ၍ လေယာဉ်ကွင်းသစ်၌ တစ်ပတ်လျှင်နှစ်ကြိမ် လေကြောင်းခရီးစဉ်စတင်ပြေးဆွဲခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်မှ လက်ရှိအချိန်ထိ လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းထားခြင်းဖြစ်သည်။

"သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးချို့တဲ့သူတွေ၊ တခြားလူမှုရေး၊ စီးပွားရေးကိစ္စတွေအတွက်ပါ လေကြောင်းလိုင်းရှိဖို့က အရမ်းကိုလိုအပ်နေပါတယ်။ ရှုံးရင်ခံမယ်။ တစ်ပတ်ကို နှစ်ကြိမ်ဆင်းပေးပါဆိုပြီး အစိုးရအဖွဲ့ကို ကမ်းလှမ်းခဲ့ပေမဲ့ ဒီနေ့အထိ အကောင်အထည်ဖော်မပေးနိုင်သေးပါဘူး"ဟု မကွေးတိုင်းဟို တယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစံထွေးက ပြောသည်။

မကွေးလေဆိပ်မှာ စုစုပေါင်း ဧရိယာ(၈၁၈.၈၂)ဧက၊ လက်ရှိပြေးလမ်းအရှည်ပေ(၈၅၀၀)၊ အကျယ် ပေ(၂၀၀)ရှိပြီး နိုင်ငံတကာအဆင့်မီပြေးလမ်းကြောင်းဖြစ်စေရန် အရှည်ပေ (၁၂၀၀၀)၊ အကျယ်ပေ(၂၀၀)၊ ရှိရမည်ဖြစ်၍ မြောက်ဘက်သို့ ဆက်ချဲ့ရန်အစီအစဉ်ရှိကြောင်း သိရသော်လည်း လေဆိပ်စတင်တည် ဆောက်စဉ်က သိမ်းဆည်းခဲ့သောလယ်ယာမြေများအတွက် လျော်ကြေးပေးမှုမှာ ယနေ့အထိ ပြီးပြတ်မှုမရှိ၍ ဌာနဂရန်အမည်ပေါက် မဖြစ်သေးကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~