မယ့္ဖားလံုသို႔ တရားမဝင္သြားေရာက္သည့္ မိုင္းပ်ဥ္းမွ အမ်ိဳးသားတစ္ဦးကို ထုိင္းႏုိင္ငံက ဖမ္းဆီးၿပီး တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး

မယ့္ဖားလံုသို႔ တရားမဝင္သြားေရာက္သည့္ မိုင္းပ်ဥ္းမွ အမ်ိဳးသားတစ္ဦးကို ထုိင္းႏုိင္ငံက ဖမ္းဆီးၿပီး တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး
ဇွန် 8, 2018
By Tachileik News Agency

ထိုင္းႏုိင္ငံ ခ်င္းရိုင္းခရိုင္ မယ့္ဖားလံုၿမိဳ႕သို႔ တရားမဝင္ သြားေရာက္လာသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းပ်ဥ္းၿမိဳ႕မွ အမ်ိဳးသားတစ္ဦးအား ထုိင္းႏုိင္ငံက ဖမ္းဆီးရမိၿပီးေနာက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၈)ရက္ေန႔တြင္ လႊဲေျပာင္းလာေၾကာင္း သိရသည္။

အဆိုပါ လႊဲေျပာင္းလာသူအား တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရးေကာ္မတီဝင္ (CNCMC) တုိ႔က လက္ခံႀကိဳဆုိခဲ့ၾကသည္။

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္း နယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံက လႊဲေျပာင္းေပးေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာသည့္ ဦးေရမွာ ၂၀၁၈ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၈)ရက္ေန႔အထိ အမ်ိဳးသား(၂၃၃)ဦး၊ အမ်ိဳးသမီး(၁၀၄)ဦးႏွင့္ ကေလး(၁၅) ဦး၊ စုစုေပါင္း ( ၃၅၂) ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု -   ၿမိဳ႕နယ္ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ့်ဖားလုံမြို့သို့ တရားမဝင် သွားရောက်လာသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့မှ အမျိုးသားတစ်ဦးအား ထိုင်းနိုင်ငံက ဖမ်းဆီးရမိပြီးနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့တွင် လွှဲပြောင်းလာကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းလာသူအား တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဝင် (CNCMC) တို့က လက်ခံကြိုဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်း နယ်စပ်မြို့များသို့ ထိုင်းနိုင်ငံက လွှဲပြောင်းပေးလေ့ရှိရာ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့် ဦးရေမှာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၈)ရက်နေ့အထိ အမျိုးသား(၂၃၃)ဦး၊ အမျိုးသမီး(၁၀၄)ဦးနှင့် ကလေး(၁၅) ဦး၊ စုစုပေါင်း ( ၃၅၂) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~