ရှေ့နေရှေ့ရပ်လုပ်ငန်းများ ကြော်ငြာခွင့်ပြုခြင်းဖြင့် တရားမျှတရေးထက် ငွေရရှိရေးအတွက်သာ ရည်မှန်းချက်ထားရှိရာရောက်သဖြင့် ကြော်ငြာခွင့်ပြုမည် မဟုတ်

ရှေ့နေရှေ့ရပ်လုပ်ငန်းများ ကြော်ငြာခွင့်ပြုခြင်းဖြင့် တရားမျှတရေးထက် ငွေရရှိရေးအတွက်သာ ရည်မှန်းချက်ထားရှိရာရောက်သဖြင့် ကြော်ငြာခွင့်ပြုမည် မဟုတ်
ဇှနျ 6, 2018
By Tachileik News Agency

ရှေ့နေရှေ့ရပ်လုပ်ငန်းကို အခြားစီးပွားရေးလုပ်ငန်းများနှင့် တန်းတူထားပြီး ဈေးကွက်စီးပွားရေးစနစ်အရ လွတ်လပ်စွာ ဈေးကွက်ပြိုင်ဆိုင်နိုင်ရန် အတွက် နည်းလမ်း အမျိုးမျိုးဖြင့် ကြော်ငြာမည်ဆိုပါက ငွေရရှိရေး အတွက်သာ ရည်မှန်းချက်ထားရှိရာ ရောက်နိုင်သဖြင့် ပြန်လည်စိစစ် ပြင်ဆင်ပေးရန် မရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လွှတ်တော်တွင် ဖြေကြားလိုက်သည်။

ရှေ့နေလုပ်ငန်းကို မကြော်ငြာရဆိုသည့် အယူအဆကို ပြန်လည် စိစစ်သုံးသပ် ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိကို ဇွန်လ (၆) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်က မေးမြန်းခြင်းအား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များ၊ အခွင့်အရေးများနှင့် အမှုလိုက်ပါဆောင် ရွက်ခြင်းများနှင့် စပ်လျဉ်းသည့် ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ အပိုဒ် ၄၁ တွင် ရှေ့နေရှေ့ရပ်များသည် မိမိအမည်နှင့် နေရပ်လိပ်စာ ရိုက်နှိပ်ထားသည့်ကတ်ပြားများကိုဝေငှ၍ မိမိ၏လုပ်ငန်း ကိုကြော်ငြာခြင်း၊ လျှောက်လွှာပုံစံ ဗလာစာရွက်များပေါ်တွင် မိမိအမည်၊ လိပ်စာကို ရိုက်နှိပ်၍ကြိုတင် လက်မှတ်ရေးထိုးကာ အခြားသူများ လိုအပ်သလို အသုံးပြုရန်ပေးအပ်ခြင်းများသည် ကျင့်ဝတ်သိက္ခာနှင့် ညီညွတ်ခြင်း မရှိသဖြင့် သတိပြုသင့်ကြောင်းကို ၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ တရားရုံးချုပ်၊ စာမျက်နှာ(၂၀၈) ရှေ့နေကြီး ဦးအောင်သိန်း အမှုတွင် ရှေ့နေရှေ့ရပ်များ အတွက် အမှုလိုက်ပါ ဆောင်ရွက်ရာတွင် လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာကျင့်သုံးရန် သတ်မှတ် ပေးထားသည်ကို စိစစ်တွေ့ရှိရပါကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ဖြေကြားခဲ့သည်။

ရှေ့နေရှေ့ရပ်လုပ်ငန်းကို အခြားစီးပွားရေးလုပ်ငန်းများနှင့် တန်းတူထားပြီး ဈေးကွက်စီးပွားရေး စနစ်အရ လွတ်လပ်စွာ ဈေးကွက်ပြိုင်ဆိုင်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကြော်ငြာမည်ဆိုပါက ငွေရရှိရေး အတွက်သာ ရည်မှန်းချက်ထားရှိရာရောက်နိုင်ပြီး တရားမျှတရေး၊ အမှန်တရားဖော်ထုတ်ရေး အတွက် မဟုတ်ဘဲ မိမိအမှုသည်အနိုင်ရရှိရေး၊ အောင်နိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်ရာရောက်နိုင်ပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံတော်က အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကျိုးကို ကူညီဆောင်ရွက်မည်ဆိုသည့် ပြဋ္ဌာန်းချက်နှင့်လည်း ညီညွတ်မည်မဟုတ်သည်ကို သတိမူ သင့်ပါကြောင်းနှင့် ရှေ့နေရှေ့ရပ်များ၏ ကျင့်‌ဝတ်သိက္ခာကို လိုက်နာရန် သတ်မှတ်ပေးခြင်းသာ ဖြစ်သည့်အတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ပြင်ဆင်ဆောင်ရွက်ရန် မရှိပါကြောင်း ဖြေကြားခဲ့သည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှေ့နေရှေ့ရပ်လုပ်ငန်းကို အခြားစီးပွားရေးလုပ်ငန်းများနှင့် တန်းတူထားပြီး ဈေးကွက်စီးပွားရေးစနစ်အရ လွတ်လပ်စွာ ဈေးကွက်ပြိုင်ဆိုင်နိုင်ရန် အတွက် နည်းလမ်း အမျိုးမျိုးဖြင့် ကြော်ငြာမည်ဆိုပါက ငွေရရှိရေး အတွက်သာ ရည်မှန်းချက်ထားရှိရာ ရောက်နိုင်သဖြင့် ပြန်လည်စိစစ် ပြင်ဆင်ပေးရန် မရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လွှတ်တော်တွင် ဖြကြေားလိုက်သည်။

ရှေ့နေလုပ်ငန်းကို မကြော်ငြာရဆိုသည့် အယူအဆကို ပြန်လည် စိစစ်သုံးသပ် ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိကို ဇွန်လ (၆) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်က မေးမြန်းခြင်းအား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ယင်းကဲ့သို့ ဖြကြေားခဲ့ခြင်းဖြစ်သည်။

ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခါများ၊ တာဝန်များ၊ အခွင့်အရေးများနှင့် အမှုလိုက်ပါဆောင် ရွက်ခြင်းများနှင့် စပ်လျဉ်းသည့် ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခါများ အပိုဒ် ၄၁ တွင် ရှေ့နေရှေ့ရပ်များသည် မိမိအမည်နှင့် နေရပ်လိပ်စာ ရိုက်နှိပ်ထားသည့်ကတ်ပြားများကိုဝေငှ၍ မိမိ၏လုပ်ငန်း ကိုကြော်ငြာခြင်း၊ လျှောက်လွှာပုံစံ ဗလာစာရွက်များပေါ်တွင် မိမိအမည်၊ လိပ်စာကို ရိုက်နှိပ်၍ကြိုတင် လက်မှတ်ရေးထိုးကာ အခြားသူများ လိုအပ်သလို အသုံးပြုရန်ပေးအပ်ခြင်းများသည် ကျင့်ဝတ်သိက္ခါနှင့် ညီညွတ်ခြင်း မရှိသဖြင့် သတိပြုသင့်ကြောင်းကို ၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ တရားရုံးချုပ်၊ စာမျက်နှာ(၂၀၈) ရှေ့နကြေီး ဦးအောင်သိန်း အမှုတွင် ရှေ့နေရှေ့ရပ်များ အတွက် အမှုလိုက်ပါ ဆောင်ရွက်ရာတွင် လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာကျင့်သုံးရန် သတ်မှတ် ပေးထားသည်ကို စိစစ်တွေ့ရှိရပါကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ဖြကြေားခဲ့သည်။

ရှေ့နေရှေ့ရပ်လုပ်ငန်းကို အခြားစီးပွားရေးလုပ်ငန်းများနှင့် တန်းတူထားပြီး ဈေးကွက်စီးပွားရေး စနစ်အရ လွတ်လပ်စွာ ဈေးကွက်ပြိုင်ဆိုင်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကြော်ငြာမည်ဆိုပါက ငွေရရှိရေး အတွက်သာ ရည်မှန်းချက်ထားရှိရာရောက်နိုင်ပြီး တရားမျှတရေး၊ အမှန်တရားဖော်ထုတ်ရေး အတွက် မဟုတ်ဘဲ မိမိအမှုသည်အနိုင်ရရှိရေး၊ အောင်နိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်ရာရောက်နိုင်ပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံတော်က အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကျိုးကို ကူညီဆောင်ရွက်မည်ဆိုသည့် ပြဋ္ဌာန်းချက်နှင့်လည်း ညီညွတ်မည်မဟုတ်သည်ကို သတိမူ သင့်ပါကြောင်းနှင့် ရှေ့နေရှေ့ရပ်များ၏ ကျင်‌့ဝတ်သိက္ခါကို လိုက်နာရန် သတ်မှတ်ပေးခြင်းသာ ဖြစ်သည့်အတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ပြင်ဆင်ဆောင်ရွက်ရန် မရှိပါကြောင်း ဖြကြေားခဲ့သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~