တာချီလိတ်မြို့ ရှေးဟောင်းလွယ်ယွန်းခမ်းရှေးဟောင်းစေတီကို မိုင်းဖုန်းဆရာတော်ဦးဆောင် ထီးတော်တင်လှူ

တာချီလိတ်မြို့ ရှေးဟောင်းလွယ်ယွန်းခမ်းရှေးဟောင်းစေတီကို မိုင်းဖုန်းဆရာတော်ဦးဆောင် ထီးတော်တင်လှူ
ဇှနျ 27, 2018
By Tachileik News Agency



အဆိုပါ စေတီတော်မှာ ၂၀၁၁ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့ ည (၈)နာရီ (၂၅)မိနစ်တွင် လှုပ်ခတ်ခဲ့သော တာလေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေးအကျိုးတော်ဆောင်အဖွဲ့ဖြင့် မူလစေတီအားငုံ၍ ဥာဏ်တော် (၁၀၈)ပေစေတီတော်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာတောင်ပေါ်ရှိ လွယ်ယွန်းခမ်းရှေးဟောင်းစေတီတော်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့ နံနက်က မိုင်းဖုန်းဆရာတော် ဦးဆောင်၍ ထီးတော်တင်လှူကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ဦးဆောင်၍ ဆရာတော်သံဃာတော်ကြီးများက ထီးတော်တင်လှူကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အပါအဝင် ဒေသအုပ်ချုပ်ရေး အကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ အပြင် အလှူရှင်များ၊ ဒေသခံများ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ စေတီတော်မှာ ၂၀၁၁ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့ ည (၈)နာရီ (၂၅)မိနစ်တွင် လှုပ်ခတ်ခဲ့သော တာလေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေးအကျိုးတော်ဆောင်အဖွဲ့ဖြင့် မူလစေတီအားငုံ၍ ဉါဏ်တော် (၁၀၈)ပေစေတီတော်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်၊ UTS၊ Tiger Wan

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~