မိုင္းဖုန္းဆရာေတာ္၏ ၾသ၀ါဒျဖင့္ ျပန္လည္ျပဳျပင္ တည္ေဆာက္ၿပီးစီးသည့္ တာခ်ီလိတ္ၿမိဳ႕ လြယ္ယြန္းခမ္းေရွးေဟာင္းေစတီေတာ္တြင္ ထီးေတာ္တင္လွဴပြဲ ႏွင့္ တရားပြဲ က်င္းပမည္

မိုင္းဖုန္းဆရာေတာ္၏ ၾသ၀ါဒျဖင့္ ျပန္လည္ျပဳျပင္ တည္ေဆာက္ၿပီးစီးသည့္ တာခ်ီလိတ္ၿမိဳ႕ လြယ္ယြန္းခမ္းေရွးေဟာင္းေစတီေတာ္တြင္ ထီးေတာ္တင္လွဴပြဲ ႏွင့္ တရားပြဲ က်င္းပမည္
ဇွန် 21, 2018
By Tachileik News Agency

တာေလငလ်င္ေၾကာင့္ ပ်က္စီးခဲ့သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းဖုန္း(ခ) ေက်းရြာအုပ္စု၊ ဆြတ္ဆုိင္ေက်းရြာ ေတာင္ေပၚရိွ လြယ္ယြန္းခမ္းေရွးေဟာင္းေစတီတြင္ ထီးေတာ္ တင္လွဴပြဲႏွင့္ တရားပြဲအား ၂၀၁၈ ခုႏွစ္ ဇြန္လ(၂၅)ရက္ေန႔မွစ၍ က်င္းပမည္ျဖစ္ၿပီး ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႔ ဥကၠဌ ဗန္းေမာ္ဆရာေတာ္ႀကီး၊ မုိင္းဖုန္း ဆရာေတာ္ ႏွင့္ ဆရာေတာ္ စဝ္ဆုခမ္းတို႔ ၾကြေရာက္၍ တရားေတာ္ေဟာၾကားမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တုိ႔က ဖိတ္စာနဲ႔ အားလံုးကို မဖိတ္ႏုိင္ေပမဲ့ မည္သူမဆို လာေရာက္ ကုသိုလ္ယူၾကဖို႔ ဖိတ္ခ်င္ပါတယ္။ ဒီမွာ အားလံုးရဲ႕ ကုသိုလ္လည္း ပါဝင္တာေၾကာင့္ လာေရာက္ၿပီး ေရစက္ခ်တရားနာၾကဖို႔ ဖိတ္ခ်င္ပါတယ္”ဟု ေစတီေတာ္ႀကီး ျပန္လည္ျပဳျပင္မြမ္းမံတည္ေဆာက္ေရး အက်ိဳးေတာ္ေဆာင္အဖြဲ႕ အတြင္းေရးမွဴး ဒုရဲမွဴးစံသိန္း (ေမာင္ဖိုးစံ - ဒူးယား)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လြယ္ယြန္းခမ္းေရွးေဟာင္း ေစတီေတာ္ ထီးေတာ္တင္လွဴျခင္းအား ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၇)ရက္ေန႔ နံနက္ (၉)နာရီမွ (၁၁)နာရီ (၁၅)မိနစ္အတြင္း တင္လွဴမည္ျဖစ္ၿပီး ထီးေတာ္တင္လွဴၿပီးေနာက္ ေန႔အထူးတရားပြဲ အျဖစ္ အဂၢမဟာ ကမၼဌာနစရိယ မိုင္းဖုန္းဆရာေတာ္ႀကီး ဘဒၵႏၱ ဥာဏသံဝရက တရားေတာ္ ေဟာၾကားမည္ ျဖစ္ေၾကာင္း သိရသည္။

ထီးေတာ္တင္လွဴပြဲမတုိင္မီ ေစတီေတာ္ရင္ျပင္၌ အထူးတရားပြဲမ်ား က်င္းပမည္ျဖစ္ရာ ဇြန္လ(၂၅)ရက္ေန႔တြင္ အဆိုပါ ေစတီေတာ္ရင္ျပင္၌ အဂၢမဟာ ကမၼ႒ာနစရိယ ဘဒၵႏၱသုခမိႏၵ (စဝ္ဆုခမ္း)က ည(၇)နာရီတြင္ တရားေဟာၾကားေတာ္မူမည္ျဖစ္ၿပီး ဇြန္လ (၂၆)ရက္ေန႔ ည (၇)နာရီအခ်ိန္တြင္ ႏုိင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ ဥကၠဌ၊အဘိဓဇ မဟာရဌဂုရု ေဒါက္တာဘဒၵႏၱကုမာရာဘိဝံသ (ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး)က တရားေဟာၾကားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေစတီေတာ္မွာ ၂၀၁၁ ခုႏွစ္၊ မတ္လ(၂၄)ရက္ေန႔ ည (၈)နာရီ (၂၅)မိနစ္တြင္ လႈပ္ခတ္ခဲ့ေသာ တာေလငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့သည့္အတြက္ ၂၀၁၆ ခုႏွစ္ ႏုိဝင္ဘာလ (၁၅)ရက္ေန႔တြင္ ေစတီေတာ္ႀကီး ျပန္လည္ျပဳျပင္မြမ္းမံတည္ေဆာက္ေရးအက်ိဳးေတာ္ေဆာင္အဖြဲ႕ျဖင့္ မူလေစတီအားငံု၍ ဥာဏ္ေတာ္ (၁၀၈)ေပေစတီေတာ္အျဖစ္ ျပန္လည္မြမ္းမံျပင္ဆင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေစတီေတာ္ မြမ္းမံတည္ေဆာက္မႈတြင္ ေဒသခံမ်ား၊ လုပ္ငန္းရွင္မ်ား၊ ေဒသတြင္းမွ ဌာနဆိုင္ရာ အဖြဲ႕အစည္းမ်ားက လုပ္အား၊ ေငြေၾကးအလွဴဒါနမ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ေစတီေတာ္ျပဳျပင္မြမ္းမံျခင္းႏွင့္အတူ ေစတီေတာ္တည္ရိွရာ လြယ္ဆမ္ထံုေတာင္ကုန္းတြင္ သစ္ပင္ေပါင္း (၂၀,၀၀၀)ေက်ာ္ကိုလည္း စိုက္ပ်ိဳးေနၿပီး ေစတီေတာ္ပရဝုဏ္တြင္ တရားထုိင္ ေက်ာင္းေဆာင္မ်ား၊ ဓမၼာရံု၊ အခန္းေပါင္း (၃၀)ပါဝင္မည့္ ေက်ာင္းေဆာင္၊ ဆြမ္းစားေဆာင္တို႔ကို ဆက္လက္ တည္ေဆာက္ရန္ လ်ာထားလုပ္ေဆာင္ေနၿပီး လက္ရိွအခ်ိန္ထိ တည္ေဆာက္ျပဳျပင္မႈမွာ က်ပ္သိန္းေပါင္း (၁၂၀၀)ေက်ာ္ ကုန္က်ၿပီးျဖစ္ေၾကာင္း သိရသည္။

“ဒီေနရာမွာ သာသနိကအေဆာက္အဦေတြအျပင္ ထုိင္းဘက္က လြယ္တုန္းပန္းၿခံလိုျဖစ္ေအာင္လည္း လုပ္သြားမွာပါ။ အခု ပန္းပင္ေတြ ဘတ္ (၁၂)သိန္းဖိုး ဝယ္ထားတယ္။ စိုက္တာကို လြယ္တုံးပန္းၿခံကပဲ တာဝန္ယူၿပီး လာစိုက္ေပးေနတာပါ။ အခုက အပင္ ႏွစ္ေသာင္း စစိုက္ေနပါၿပီ။ က်န္တဲ့ အေဆာက္အဦေတြ ကလည္း ဆက္ၿပီးလုပ္သြားဖို႔ရိွပါတယ္”ဟု ေစတီေတာ္ႀကီး ျပန္လည္ျပဳျပင္မြမ္းမံတည္ေဆာက္ေရး အက်ိဳးေတာ္ေဆာင္အဖြဲ႕ ဥကၠဌျဖစ္သူ ဦးအားဖာက ေျပာသည္။

ေတာင္ေျခမွ ေစတီေတာ္တည္ရိွရာ ေတာင္ကုန္းသို႔ အတက္ေျမသားလမ္းအား ေဒသတြင္းမွ အလွဴရွင္ ဦးအားဖာ(တပင္ေရႊထီး)၏ လွဴဒါန္းမႈျဖင့္ လမ္းအရွည္ ေပ (၂၆၀၀)အား ကြန္ကရစ္လမ္း ခင္းထားၿပီးျဖစ္ေၾကာင္း  သိရသည္။

သတင္း - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာလေငလျင်ကြောင့် ပျက်စီးခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာ တောင်ပေါ်ရှိ လွယ်ယွန်းခမ်းရှေးဟောင်းစေတီတွင် ထီးတော် တင်လှူပွဲနှင့် တရားပွဲအား ၂၀၁၈ ခုနှစ် ဇွန်လ(၂၅)ရက်နေ့မှစ၍ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော်ကြီး၊ မိုင်းဖုန်း ဆရာတော် နှင့် ဆရာတော် စဝ်ဆုခမ်းတို့ ကြွရောက်၍ တရားတော်ဟောကြားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့က ဖိတ်စာနဲ့ အားလုံးကို မဖိတ်နိုင်ပေမဲ့ မည်သူမဆို လာရောက် ကုသိုလ်ယူကြဖို့ ဖိတ်ချင်ပါတယ်။ ဒီမှာ အားလုံးရဲ့ ကုသိုလ်လည်း ပါဝင်တာကြောင့် လာရောက်ပြီး ရေစက်ချတရားနာကြဖို့ ဖိတ်ချင်ပါတယ်”ဟု စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေး အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးစံသိန်း (မောင်ဖိုးစံ - ဒူးယား)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွယ်ယွန်းခမ်းရှေးဟောင်း စေတီတော် ထီးတော်တင်လှူခြင်းအား ၂၀၁၈ ခုနှစ် ဇွန်လ (၂၇)ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီ (၁၅)မိနစ်အတွင်း တင်လှူမည်ဖြစ်ပြီး ထီးတော်တင်လှူပြီးနောက် နေ့အထူးတရားပွဲ အဖြစ် အဂ္ဂမဟာ ကမ္မဌာနစရိယ မိုင်းဖုန်းဆရာတော်ကြီး ဘဒ္ဒန္တ ဉာဏသံဝရက တရားတော် ဟောကြားမည် ဖြစ်ကြောင်း သိရသည်။

ထီးတော်တင်လှူပွဲမတိုင်မီ စေတီတော်ရင်ပြင်၌ အထူးတရားပွဲများ ကျင်းပမည်ဖြစ်ရာ ဇွန်လ(၂၅)ရက်နေ့တွင် အဆိုပါ စေတီတော်ရင်ပြင်၌ အဂ္ဂမဟာ ကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်ဆုခမ်း)က ည(၇)နာရီတွင် တရားဟောကြားတော်မူမည်ဖြစ်ပြီး ဇွန်လ (၂၆)ရက်နေ့ ည (၇)နာရီအချိန်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊အဘိဓဇ မဟာရဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ဘုရားကြီး)က တရားဟောကြားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စေတီတော်မှာ ၂၀၁၁ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့ ည (၈)နာရီ (၂၅)မိနစ်တွင် လှုပ်ခတ်ခဲ့သော တာလေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေးအကျိုးတော်ဆောင်အဖွဲ့ဖြင့် မူလစေတီအားငုံ၍ ဉါဏ်တော် (၁၀၈)ပေစေတီတော်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စေတီတော် မွမ်းမံတည်ဆောက်မှုတွင် ဒေသခံများ၊ လုပ်ငန်းရှင်များ၊ ဒေသတွင်းမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများက လုပ်အား၊ ငွေကြေးအလှူဒါနများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စေတီတော်ပြုပြင်မွမ်းမံခြင်းနှင့်အတူ စေတီတော်တည်ရှိရာ လွယ်ဆမ်ထုံတောင်ကုန်းတွင် သစ်ပင်ပေါင်း (၂၀,ဝဝဝ)ကျော်ကိုလည်း စိုက်ပျိုးနပြေီး စေတီတော်ပရဝုဏ်တွင် တရားထိုင် ကျောင်းဆောင်များ၊ ဓမ္မာရုံ၊ အခန်းပေါင်း (၃၀)ပါဝင်မည့် ကျောင်းဆောင်၊ ဆွမ်းစားဆောင်တို့ကို ဆက်လက် တည်ဆောက်ရန် လျာထားလုပ်ဆောင်နပြေီး လက်ရှိအချိန်ထိ တည်ဆောက်ပြုပြင်မှုမှာ ကျပ်သိန်းပေါင်း (၁၂၀၀)ကျော် ကုန်ကျပြီးဖြစ်ကြောင်း သိရသည်။

“ဒီနေရာမှာ သာသနိကအဆောက်အဦတွေအပြင် ထိုင်းဘက်က လွယ်တုန်းပန်းခြံလိုဖြစ်အောင်လည်း လုပ်သွားမှာပါ။ အခု ပန်းပင်တွေ ဘတ် (၁၂)သိန်းဖိုး ဝယ်ထားတယ်။ စိုက်တာကို လွယ်တုံးပန်းခြံကပဲ တာဝန်ယူပြီး လာစိုက်ပေးနေတာပါ။ အခုက အပင် နှစ်သောင်း စစိုက်နေပါပြီ။ ကျန်တဲ့ အဆောက်အဦတွေ ကလည်း ဆက်ပြီးလုပ်သွားဖို့ရှိပါတယ်”ဟု စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌဖြစ်သူ ဦးအားဖာက ပြောသည်။

တောင်ခြေမှ စေတီတော်တည်ရှိရာ တောင်ကုန်းသို့ အတက်မြေသားလမ်းအား ဒေသတွင်းမှ အလှူရှင် ဦးအားဖာ(တပင်ရွှေထီး)၏ လှူဒါန်းမှုဖြင့် လမ်းအရှည် ပေ (၂၆၀၀)အား ကွန်ကရစ်လမ်း ခင်းထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~