တာခ်ီလိတ္ၿမိဳ႕အထြက္ လြယ္ေတာ္ခမ္းစစ္ေဆးေရးဂိတ္တြင္ လူငယ္ႏွစ္ဦးအား စိတ္ၾကြေဆးျပား ရွစ္ေထာင္ႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕အထြက္ လြယ္ေတာ္ခမ္းစစ္ေဆးေရးဂိတ္တြင္ လူငယ္ႏွစ္ဦးအား စိတ္ၾကြေဆးျပား ရွစ္ေထာင္ႏွင့္အတူ ဖမ္းမိ
ဇွန် 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕အထြက္ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၄)ရက္ေန႔ ညေန (၅)နာရီအခ်ိန္က စိတ္ၾကြေဆးျပား (၈၀၀၀)သယ္ေဆာင္လာသည့္ လူငယ္ႏွစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က လြယ္ေတာ္ခမ္း ပူးေပါင္းစစ္ေဆးေရး ဂိတ္တြင္ ရွာေဖြေနစဥ္ မုိင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ အသက္(၂၈)ႏွစ္အရြယ္ ၿဖိဳးေဝထြန္း(ခ) ဖိုးခြားလုိက္ပါလာၿပီး အသက္ (၂၃)ႏွစ္အရြယ္ ဇင္ကိုကိုလတ္(ခ) ဝိုင္းခ်စ္ ေမာင္းႏွင္လာသည့္ ဆုိင္ကယ္အား ရပ္တန္႔ရွာေဖြရာမွ စိတ္ၾကြေဆးျပားမ်ားႏွင့္ ၎တို႔ ကိုင္ေဆာင္ လာသည့္ ဖုန္းတစ္လံုးတို႔အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားကို ဆိုင္ကယ္ဖင္ထုိင္ခံုေအာက္တူးေဘာက္အတြင္း ထည့္သြင္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

ၿဖိဳးေဝထြန္း(ခ)ဖိုးခြားႏွင့္ ဇင္ကိုကိုလတ္(ခ)ဝိုင္းခ်စ္တို႔အား  တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၅၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အထွက် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့ ညနေ (၅)နာရီအချိန်က စိတ်ကြွဆေးပြား (၈၀၀၀)သယ်ဆောင်လာသည့် လူငယ်နှစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ရှာဖွေနေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အသက်(၂၈)နှစ်အရွယ် ဖြိုးဝေထွန်း(ခ) ဖိုးခွားလိုက်ပါလာပြီး အသက် (၂၃)နှစ်အရွယ် ဇင်ကိုကိုလတ်(ခ) ဝိုင်းချစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာမှ စိတ်ကြွဆေးပြားများနှင့်၎င်းတို့ ကိုင်ဆောင် လာသည့် ဖုန်းတစ်လုံးတို့အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများကို ဆိုင်ကယ်ဖင်ထိုင်ခုံအောက်တူးဘောက်အတွင်း ထည့်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ဖြိုးဝေထွန်း(ခ)ဖိုးခွားနှင့် ဇင်ကိုကိုလတ်(ခ)ဝိုင်းချစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၅၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~