လားရိႈးၿမိဳ႕ ေရကန္ေတာင္သစ္ေတာထိန္းသိမ္းေရးစခန္းအနီးတြင္ သစ္ပင္ေပါင္း (၁၂၀၀)စိုက္ပ်ိဳး

လားရိႈးၿမိဳ႕ ေရကန္ေတာင္သစ္ေတာထိန္းသိမ္းေရးစခန္းအနီးတြင္ သစ္ပင္ေပါင္း (၁၂၀၀)စိုက္ပ်ိဳး
ဇွန် 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ေရကန္ေတာင္ သစ္ေတာထိန္းသိမ္းေရးစခန္းအနီးတြင္ ကမၻာ့ပတ္ဝန္းက်င္ ထိန္းသိမ္းေရး အထိမ္းအမွတ္အျဖစ္ အပင္ေပါင္း(၁,၂၀၀)ကို ၂၀၁၈ ခုႏွစ္ ဇြန္လ (၅) ရက္ေန႔က စုေပါင္းစိုက္ပ်ိဳးၾကေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ ရပ္ကြက္ (၅) ရွိ၊ ေရကန္ေတာင္( သစ္ေတာထိန္းသိမ္းေရးစခန္းအနီး) လြယ္ငူးႀကိဳးဝိုင္းတြင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ လားရိႈးခရိုင္၊ လားရႈိးၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနႏွင့္ လားရိႈးၿမိဳ႕နယ္အတြင္းရွိ ဌာနဆိုင္ရာအဖြဲ႔အစည္းမ်ား၊ NGO မ်ားပူးေပါင္းကာ စုစုေပါင္းအင္အား (၂၅၀) က စုေပါင္းစိုက္ပ်ိဳးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ကမၻာ့ပတ္ဝန္းက်င္ထိန္းသိမ္းေရးေန႔ အထိမ္းအမွတ္ သစ္ပင္စိုက္ပြဲေတာ္တြင္ ကၽြန္းပင္ (၂၀၀)၊ ပိေတာက္ပင္ (၁၀၀)၊ ယမေနပင္ (၂၀၀)၊ ခါေတာ္မွီပင္ (၁၀၀)၊ မယ္ဇလီပင္ (၃၀၀) ႏွင့္ ေရသင္းဝင္ ပင္ (၃၀၀)တို႔ကို စိုက္ပ်ိဳးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သစ္ေတာဦးစီးဌာနက ၂၀၁၈ ခုႏွစ္တြင္ လားရိႈးၿမိဳ႕နယ္အတြင္း ထင္းရွဴး စိုက္ခင္း (၅၀) ဧက၊ ေရေဝေရလဲစိုက္ခင္း (၅၀) ဧက၊ ေက်းရြာသံုးစိုက္ခင္း (၅၀) ဧက၊ ေဒသခံျပည္သူအစုအဖြဲ႔ပိုင္ သစ္ေတာ စိုက္ပ်ိဳးျခင္း၊ သီးႏွံသစ္ေတာေရာေႏွာစိုက္ပ်ိဳးျခင္း၊ ဌာနဆိုင္ရာအဖြဲ႔အစည္း/ လူထုျဖန္႔စိုက္ပ်ိဳးျခင္း ႏွင့္ ျပည္နယ္အစီအစဥ္ျဖင့္ စိုက္ပ်ိဳးျခင္းအပါအဝင္ စုစုေပါင္း သစ္ပင္ (၂၃၄,၀၀၀) ကို စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရေကန်တောင် သစ်တောထိန်းသိမ်းရေးစခန်းအနီးတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထိမ်းအမှတ်အဖြစ် အပင်ပေါင်း(၁,၂၀၀)ကို ၂၀၁၈ ခုနှစ် ဇွန်လ (၅) ရက်နေ့က စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

လားရှိုးမြို့ ရပ်ကွက် (၅) ရှိ၊ ရေကန်တောင်( သစ်တောထိန်းသိမ်းရေးစခန်းအနီး) လွယ်ငူးကြိုးဝိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနနှင့် လားရှိုးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ NGO များပူးပေါင်းကာ စုစုပေါင်းအင်အား (၂၅၀) က စုပေါင်းစိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော်တွင် ကျွန်းပင် (၂၀၀)၊ ပိတောက်ပင် (၁၀၀)၊ ယမနေပင် (၂၀၀)၊ ခါတော်မှီပင် (၁၀၀)၊ မယ်ဇလီပင် (၃၀၀) နှင့် ရေသင်းဝင် ပင် (၃၀၀)တို့ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သစ်တောဦးစီးဌာနက ၂၀၁၈ ခုနှစ်တွင် လားရှိုးမြို့နယ်အတွင်း ထင်းရှူး စိုက်ခင်း (၅၀) ဧက၊ ရေဝေရေလဲစိုက်ခင်း (၅၀) ဧက၊ ကျေးရွာသုံးစိုက်ခင်း (၅၀) ဧက၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော စိုက်ပျိုးခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်း/ လူထုဖြန့်စိုက်ပျိုးခြင်း နှင့် ပြည်နယ်အစီအစဉ်ဖြင့် စိုက်ပျိုးခြင်းအပါအဝင် စုစုပေါင်း သစ်ပင် (၂၃၄,ဝဝဝ) ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~