မူးယစ္ေဆးဝါးအလြဲသံုးမႈႏွင့္ တရားမဝင္ေရာင္းဝယ္ေဖါက္ကားမႈတုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ ပန္းခ်ီ၊ ပိုစတာ၊ကာတြန္းၿပိဳင္ပြဲ လားရႈိးတြင္ က်င္းပ

မူးယစ္ေဆးဝါးအလြဲသံုးမႈႏွင့္ တရားမဝင္ေရာင္းဝယ္ေဖါက္ကားမႈတုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ ပန္းခ်ီ၊ ပိုစတာ၊ကာတြန္းၿပိဳင္ပြဲ လားရႈိးတြင္ က်င္းပ
ဇွန် 5, 2018
By Tachileik News Agency

(၂၁) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသံုးမႈႏွင့္ တရားမဝင္ေရာင္းဝယ္ေဖါက္ကားမႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖစ္ ပန္းခ်ီ၊ ပိုစတာ၊ ကာတြန္း ၿပိဳင္ပြဲကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ရွိ အမွတ္ (၆) အေျခခံပညာအထက္တန္းေက်ာင္းတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၅) ရက္ေန႔က က်င္းပသည္။

 “အဓိက ရည္ရြယ္ခ်က္ကေတာ့ မူးယစ္ေဆးဝါးနဲ႔ပတ္သက္ၿပီးေတာ့မွ ေက်ာင္းသားလူငယ္ လူရြယ္ေတြ၊ ေနာက္ ျပည္သူလူထုေပ့ါ၊ လူ႔အဖြဲ႔အစည္းအတြင္းမွာရွိသူေတြအားလံုး မူးယစ္ေဆးဝါးရဲ့ ဆုိးက်ိဳး အႏၱရာယ္ေတြကို က်ယ္က်ယ္ျပန္႔ျပန္႔သိေအာင္၊ မသံုးစြဲမိဖို႔ ႀကိဳတင္ကာကြယ္ႏိုင္ေအာင္ အခုလို အထိမ္းအမွတ္ၿပိဳင္ပြဲကို ရည္ရြယ္က်င္းပတာျဖစ္ပါတယ္” ဟု အမွတ္ (၂၄) မူးယစ္တပ္ဖြဲ႔(လားရိႈး)မွ တပ္ဖြဲ႔စုမွဴး ရဲမွဴး ရီထြန္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ၿပိဳင္ပြဲတြင္ လားရိႈးၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာ မူလတန္း၊ အလယ္တန္း၊ အထက္တန္း ေက်ာင္းမ်ားမွ ေက်ာင္းသူ/သား မ်ားႏွင့္ သိန္းနီၿမိဳ႕နယ္မွ လာေရာက္ယွဥ္ၿပိဳင္သူ (၅) ဦးအပါအဝင္ စုစုေပါင္း (၆၉) ဦး ပါဝင္ယွဥ္ၿပိဳင္ေနေၾကာင္း သိရသည္။

အလားတူၿပိဳင္ပြဲကို ဇြန္လ (၆) ရက္ေန႔ နံနက္ပိုင္း၌ ကြန္ျပဴတာတကၠသိုလ္ (လားရိႈး)ႏွင့္ လားရိႈးတကၠသိုလ္ တို႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

(၂၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ ပိုစတာ၊ ကာတွန်း ပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၅) ရက်နေ့က ကျင်းပသည်။

 “အဓိက ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့မှ ကျောင်းသားလူငယ် လူရွယ်တွေ၊ နောက် ပြည်သူလူထုပေါ့၊ လူ့အဖွဲ့အစည်းအတွင်းမှာရှိသူတွေအားလုံး မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုး အန္တရာယ်တွေကို ကျယ်ကျယ်ပြန့်ပြန့်သိအောင်၊ မသုံးစွဲမိဖို့ ကြိုတင်ကာကွယ်နိုင်အောင် အခုလို အထိမ်းအမှတ်ပြိုင်ပွဲကို ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်” ဟု အမှတ် (၂၄) မူးယစ်တပ်ဖွဲ့(လားရှိုး)မှ တပ်ဖွဲ့စုမှူး ရဲမှူး ရီထွန်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများမှ ကျောင်းသူ/သား များနှင့် သိန်းနီမြို့နယ်မှ လာရောက်ယှဉ်ပြိုင်သူ (၅) ဦးအပါအဝင် စုစုပေါင်း (၆၉) ဦး ပါဝင်ယှဉ်ပြိုင်နေကြောင်း သိရသည်။

အလားတူပြိုင်ပွဲကို ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်း၌ ကွန်ပြူတာတက္ကသိုလ် (လားရှိုး)နှင့် လားရှိုးတက္ကသိုလ် တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~