ေတာရိုင္းတိရိစာၦန္ အစိတ္အပိုင္းမ်ားႏွင့္ ဒီတိုေနတာမ်ားကို ပဒါန္းေက်းရြာရွိ လီကြမ္ယု ေနအိမ္တြင္ သိမ္းဆည္းရမိ

ေတာရိုင္းတိရိစာၦန္ အစိတ္အပိုင္းမ်ားႏွင့္ ဒီတိုေနတာမ်ားကို ပဒါန္းေက်းရြာရွိ လီကြမ္ယု ေနအိမ္တြင္ သိမ္းဆည္းရမိ
ဇွန် 16, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္၊ ပဒါန္းေက်းရြာရိွ ေနအိမ္တစ္လံုးတြင္ ေတာရိုင္းတိရိစာၦန္မ်ား၏ ခႏၶာကိုယ္ အစိတ္အပိုင္းမ်ားႏွင့္ ေပါက္ကဲြေစတတ္ေသာ ပစၥည္းမ်ားကို ဇြန္လ(၁၆)ရက္ေန႔ မြန္းတည့္(၁၂)နာရီအခ်ိန္ခန္႔က ဖမ္းဆီးရမိေၾကာင္း ငဖဲၿမိဳ႕မရဲစခန္းမွ သိရသည္။

ပဒါန္းေက်းရြာ အမွတ္(၂)ရပ္ကြက္ရိွ တရုတ္ေလး (ခ) လီကြမ္ယု၏ ေနအိမ္ေဘး ဂိုေထာင္အတြင္းမွ တစ္ခုလွ်င္ (၃)ပိႆခန္႔ရိွ သမင္ခ်ိဳ(၃)ခု၊ (၄)ပိႆခန္႔ရိွ အေရခံြခြာၿပီး သင္းေခြခ်ပ္အစို(၄)ေကာင္၊ သင္းေခြခ်ပ္ အေၾကးခံြ အစို (၂) ပိႆခန္႔၊ တစ္ခုလွ်င္(၄)လက္မပတ္လည္ခန္႔ရိွ ဝက္ဝံအေရခံြအပိုင္း(၄)ခု၊ ဝက္ဝံ အေရခံြႏွင့္ အသားတဲြလွ်က္ အစို(၁)ပိႆခန္႔၊ (၅၀)က်ပ္သားခန္႔ရိွ ဝက္ဝံဦးေခါင္း အစို(၁)ခု၊ (၅၀)က်ပ္သားရိွ ဆင္ႏွာေခါင္းသားအစို(၁)ခု၊ ဆင္အေရခံြ အတံုးေသး(၄)တံုး၊ ဝက္ဝံအဆီ(၁)ပိႆာခန္႔ ထည့္ထားသည့္ ဗူး(၁)ဗူးႏွင့္ ျဖဴစူးမ်ား၊ တစ္အိတ္လွ်င္(၅၀)ကီလိုဂရမ္ပါ အမိုနီယံႏိုက္ထရိတ္ (၃)အိတ္၊ ဒီတိုနီတာ(၉၀၀)ခု တို႔ကို ရဲတပ္ဖဲြ႔က သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ဌာနခ်ဳပ္ ရဲဦးစီးဌာနႀကီး မႈခင္းဌာနမွ ရဲအုပ္သက္ေအာင္စိုး၊ ရဲအုပ္ႏိုင္လင္းဦးစီး အဖဲြ႔၊ ပဒါန္းရဲကင္းစခန္းမွဴး ရဲအုပ္ေက်ာ္ေဇယ်၊ ငဖဲၿမိဳ႕မ ဒုတိယရဲစခန္းမွဴး ရဲအုပ္စိုးညြန္႔ေအာင္၊ သစ္ေတာ ရဲတပ္ဖဲြ႔မွ ရဲအုပ္ေသာင္းညြန္႔၊ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ ေတာအုပ္ေမာင္ေထြးတို႔ သက္ေသလူႀကီးမ်ားႏွင့္ အတူ ပဒါန္းေက်းရြာ အမွတ္(၂)ရပ္ကြက္ရိွ တရုတ္ေလး(ခ)လီကြမ္ယု၏ ေနအိမ္သို႔ သတင္းအရ ဝင္ေရာက္ရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တရားမဝင္သည့္ ပစၥည္းမ်ားျဖင့္ဖမ္းဆီးရမိသည့္ တရုတ္ေလး(ခ)လီကြမ္ယုအား အေရးယူေပးရန္ ငဖဲၿမိဳ႕မရဲစခန္းတြင္ ဇီဝမ်ိဳးစံုမ်ိဳးကဲြႏွင့္ သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ား ကာကြယ္ ေစာင့္ေရွာက္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၄၀(က)/၄၁(က) ျဖင့္ လည္းေကာင္း၊ ေပါက္ကဲြေစတတ္ေသာ ပစၥည္းမ်ားဆိုင္ရာဥပေဒပုဒ္မ ၅ ျဖင့္ လည္းေကာင္း အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း -  ဖီးနစ္
ဓာတ္ပံု - ရဲစခန္း



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် တောရိုင်းတိရိစာ္ဆန်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ဇွန်လ(၁၆)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်း ငဖဲမြို့မရဲစခန်းမှ သိရသည်။

ပဒါန်းကျေးရွာ အမှတ်(၂)ရပ်ကွက်ရှိ တရုတ်လေး (ခ) လီကွမ်ယု၏ နေအိမ်ဘေး ဂိုထောင်အတွင်းမှ တစ်ခုလျှင် (၃)ပိဿခန့်ရှိ သမင်ချို(၃)ခု၊ (၄)ပိဿခန့်ရှိ အရေခွံခွာပြီး သင်းခွေချပ်အစို(၄)ကောင်၊ သင်းခွေချပ် အကြေးခွံ အစို (၂) ပိဿခန့်၊ တစ်ခုလျှင်(၄)လက်မပတ်လည်ခန့်ရှိ ဝက်ဝံအရေခွံအပိုင်း(၄)ခု၊ ဝက်ဝံ အရေခွံနှင့် အသားတွဲလျှက် အစို(၁)ပိဿခန့်၊ (၅၀)ကျပ်သားခန့်ရှိ ဝက်ဝံဦးခေါင်း အစို(၁)ခု၊ (၅၀)ကျပ်သားရှိ ဆင်နှာခေါင်းသားအစို(၁)ခု၊ ဆင်အရေခွံ အတုံးသေး(၄)တုံး၊ ဝက်ဝံအဆီ(၁)ပိဿါခန့် ထည့်ထားသည့် ဗူး(၁)ဗူးနှင့် ဖြူစူးများ၊ တစ်အိတ်လျှင်(၅၀)ကီလိုဂရမ်ပါ အမိုနီယံနိုက်ထရိတ် (၃)အိတ်၊ ဒီတိုနီတာ(၉၀၀)ခု တို့ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲဦးစီးဌာနကြီး မှုခင်းဌာနမှ ရဲအုပ်သက်အောင်စိုး၊ ရဲအုပ်နိုင်လင်းဦးစီး အဖွဲ့၊ ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ်ကျော်ဇေယျ၊ ငဖဲမြို့မ ဒုတိယရဲစခန်းမှူး ရဲအုပ်စိုးညွန့်အောင်၊ သစ်တော ရဲတပ်ဖွဲ့မှ ရဲအုပ်သောင်းညွန့်၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်မောင်ထွေးတို့ သက်သေလူကြီးများနှင့် အတူ ပဒါန်းကျေးရွာ အမှတ်(၂)ရပ်ကွက်ရှိ တရုတ်လေး(ခ)လီကွမ်ယု၏ နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်သည့် ပစ္စည်းများဖြင့်ဖမ်းဆီးရမိသည့် တရုတ်လေး(ခ)လီကွမ်ယုအား အရေးယူပေးရန် ငဖဲမြို့မရဲစခန်းတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က)/၄၁(က) ဖြင့် လည်းကောင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ ၅ ဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~