ကျိုင်းတုံမြို့ ကျိုင်းဖောင်းတံတားရှေ့တွင် မူးယစ်ဆေးသယ်လာသည့် အမျိုးသားနှင့် အမျိုးသမီးအား ဖမ်းဆီးရမိ

ကျိုင်းတုံမြို့ ကျိုင်းဖောင်းတံတားရှေ့တွင် မူးယစ်ဆေးသယ်လာသည့် အမျိုးသားနှင့် အမျိုးသမီးအား ဖမ်းဆီးရမိ
ဇှနျ 12, 2018
By Tachileik News Agency


မူးယစ်တပ်ဖွဲ့စု(၂၈) ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ကျိုင်းဖောင်းတံတား ရဲကင်းရှေ့လမ်းမ ပေါ်တွင် ဇွန်လ(၁၁)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်က လွယ်လုံကျေးရွာ အုပ်စု၊ ဝမ်ပုံကျေးရွာဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ အားကျာမောင်းနှင်ပြီး ဘူးသို လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စေပြီး စစ်ဆေးရာ ဘူးသို၏ အင်္ကျီအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၃)ပြားနှင့်  ဘိန်းစိမ်း (၃၅)ဂရမ်ခန့်အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။


ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာ ကျိုင်းဖောင်းတံတားရဲကင်းရှေ့တွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၁)ရက်နေ့က မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈) ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ကျိုင်းဖောင်းတံတား ရဲကင်းရှေ့လမ်းမ ပေါ်တွင် ဇွန်လ(၁၁)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်က လွယ်လုံကျေးရွာ အုပ်စု၊ ဝမ်ပုံကျေးရွာဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ အားကျာမောင်းနှင်ပြီး ဘူးသို လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စပြေီး စစ်ဆေးရာ ဘူးသို၏ အင်္ကျီအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၃)ပြားနှင့် ဘိန်းစိမ်း (၃၅)ဂရမ်ခန့်အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၄၉)နှစ်အရွယ် အားကျာနှင့် အသက် (၁၉)နှစ်အရွယ် ဘူးသိုတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၈၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~