ေက်ာက္မဲၿမိဳ႕ရွိ ေက်ာက္မဲႀကီးေက်းရြာတြင္ အျငင္းပြားေျမေပၚ တပ္က ၿခံစည္းရိုးကာရံ

ေက်ာက္မဲၿမိဳ႕ရွိ ေက်ာက္မဲႀကီးေက်းရြာတြင္ အျငင္းပြားေျမေပၚ တပ္က ၿခံစည္းရိုးကာရံ
ဇွန် 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ရွိ ေက်ာက္မဲႀကီးေက်းရြာတြင္ အမွတ္(၅၀၁) ေျချမန္တပ္ရင္း၏ စြန္႔လႊတ္ေျမတြင္ ပါဝင္ျခင္းရိွ၊ မရိွျဖစ္ေနသည့္ အျငင္းပြားေနဆဲေျမေပၚတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လအတြင္း ၿခံစည္းရိုးကာရံျခင္းကို တပ္က လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္ ၾကားသိရသေလာက္က အဲဒီေျမေတြက စစ္တပ္က အရင္တုန္းက တုိးခ်ဲ႕အေနနဲ႔ သက္သာ ေခ်ာင္ခ်ိေရးဆိုၿပီး သိမ္းထားတဲ့ အေနအထားရွိတယ္။ သိမ္းထားေပမဲ့လည္း ၂၀၁၄ ခုႏွစ္ေရွ႕ပိုင္းမွာ စြန္႔လႊတ္ လိုက္တယ္။ အခုျဖစ္ေနတဲ့ ေျမေနရာက တပ္ကစြန္႔လႊတ္တဲ့ထဲမွာ ပါလားမပါလား ဒြိဟျဖစ္ေနရတဲ့ ေနရာ။ အဲဒါနဲ႔ ပတ္သက္ၿပီး တပ္ဘက္ကိုလည္း ရွင္းလင္းဖို႔ရာ ေတာင္းဆိုထားတယ္။ အေၾကာင္းျပန္ မလာေသးဘူး။ အဲ့ဒါ အေၾကာင္းျပန္လာမွ ဒီကလယ္ယာေျမစီမံခန္႔ခြဲေရးေကာ္မတီနဲ႔တကြ ကၽြန္ေတာ္တို႔က သြားၿပီး စစ္ေဆးလုပ္ေဆာင္ေပးဖို႔ စီစဥ္ေနပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းထြန္းဥာဏ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါလယ္ယာေျမမ်ားမွာ ယခင္က ေတာင္သူ (၁၂) ဦး၏ လယ္ယာေျမဧက (၇၀)ေက်ာ္ျဖစ္ေၾကာင္း သိရသည္။

“အဲဒီေျမေတြက ကၽြန္မတို႔ ဘိုးဘြားေတြ ဓါးမဦးခ် လုပ္ကိုင္လာတဲ့ေျမေတြ၊ ႏွစ္ေပါင္းေလးဆယ္ေလာက္ စိုက္ပ်ိဳး လုပ္ကိုင္လာတာ။ ၂၀၁၄ ခုႏွစ္မွာ စစ္တပ္က စိုက္ပ်ိဳးမယ္ဆိုၿပီး လာလုတယ္။ ေတာင္သူေတြ ကလည္း မဖယ္ေပးဘူး။ ၂၀၁၇ ခုႏွစ္ က်ေတာ့ ေတာင္သူ (၁၂) ဦးကို တရားစြဲတယ္။ အခု ၂၀၁၈ ခုႏွစ္မွာ တပ္ပိုင္ေျမဆိုၿပီး ဆိုင္းဘုတ္ေတြ စိုက္တယ္။ အုတ္တိုင္ေတြ သံႀကိဳးေတြနဲ႔ လာကာတယ္” ဟု တပ္ႏွင့္ ေျမယာျပသနာျဖစ္ပြားေနသည့္ ေျမဧက (၇၀) ေက်ာ္အနက္မွ တစ္ဦးတည္း (၁၅)ဧက ပါဝင္သူ ေဒၚအဲေနာ္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၄ ခုႏွစ္မွ စတင္ကာ တပ္ႏွင့္ ေတာင္သူမ်ားအၾကား ေျမယာအျငင္းပြားမႈ စတင္ခဲ့ျခင္းျဖစ္ၿပီး ေတာင္သူမ်ားက ၂၀၁၇ ခုႏွစ္အထိ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား လုပ္ကိုင္ခဲ့ျခင္းျဖစ္ကာ ၂၀၁၈ ခုႏွစ္ ဇြန္လ ၅ ရက္ေန႔တြင္ တပ္ဘက္မွ အဆိုပါေျမမ်ားတြင္ ၿခံစည္းရိုးခတ္ခဲ့ၿပီး ဇြန္လ ၆ ရက္ေန႔တြင္ တပ္ပိုင္ေျမ မက်ဴးေက်ာ္ရဟု ဆိုင္းဘုတ္မ်ား လာေရာက္ စိုက္ထူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေျမမ်ားႏွင့္ပတ္သက္၍ ေတာင္သူမ်ားက အုပ္ခ်ဳပ္ေရးဌာနသို႔ စာတင္ခဲ့ရာ အုပ္ခ်ဳပ္ေရးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ ေျမတိုင္းဌာနမွတာဝန္ရွိသူမ်ားသြားေရာက္၍ စစ္ေဆးတိုင္းတာမႈ တစ္ႀကိမ္ျပဳလုပ္ခဲ့ၿပီး ေျဖရွင္းညွိႏိႈင္းႏိုင္ရန္ တပ္သို႔ အေၾကာင္းၾကားထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္ 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ကျောက်မဲကြီးကျေးရွာတွင် အမှတ်(၅၀၁) ခြမြေန်တပ်ရင်း၏ စွန့်လွှတ်မြေတွင် ပါဝင်ခြင်းရှိ၊ မရှိဖြစ်နေသည့် အငြင်းပွားနေဆဲမြေပေါ်တွင် ၂၀၁၈ ခုနှစ် ဇွန်လအတွင်း ခြံစည်းရိုးကာရံခြင်းကို တပ်က လုပ်ဆောင်နေကြောင်း သိရသည်။

“ကျွန်တော် ကြားသိရသလောက်က အဲဒီမြေတွေက စစ်တပ်က အရင်တုန်းက တိုးချဲ့အနေနဲ့ သက်သာ ချောင်ချိရေးဆိုပြီး သိမ်းထားတဲ့ အနေအထားရှိတယ်။ သိမ်းထားပေမဲ့လည်း ၂၀၁၄ ခုနှစ်ရှေ့ပိုင်းမှာ စွန့်လွှတ် လိုက်တယ်။ အခုဖြစ်နေတဲ့ မြေနေရာက တပ်ကစွန့်လွှတ်တဲ့ထဲမှာ ပါလားမပါလား ဒွိဟဖြစ်နေရတဲ့ နေရာ။ အဲဒါနဲ့ ပတ်သက်ပြီး တပ်ဘက်ကိုလည်း ရှင်းလင်းဖို့ရာ တောင်းဆိုထားတယ်။ အကြောင်းပြန် မလာသေးဘူး။ အဲ့ဒါ အကြောင်းပြန်လာမှ ဒီကလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီနဲ့တကွ ကျွန်တော်တို့က သွားပြီး စစ်ဆေးလုပ်ဆောင်ပေးဖို့ စီစဉ်နေပါတယ်”ဟု ကျောက်မဲမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါလယ်ယာမြေများမှာ ယခင်က တောင်သူ (၁၂) ဦး၏ လယ်ယာမြေဧက (၇၀)ကျော်ဖြစ်ကြောင်း သိရသည်။

“အဲဒီမြေတွေက ကျွန်မတို့ ဘိုးဘွားတွေ ဓားမဦးချ လုပ်ကိုင်လာတဲ့မြေတွေ၊ နှစ်ပေါင်းလေးဆယ်လောက် စိုက်ပျိုး လုပ်ကိုင်လာတာ။ ၂၀၁၄ ခုနှစ်မှာ စစ်တပ်က စိုက်ပျိုးမယ်ဆိုပြီး လာလုတယ်။ တောင်သူတွေ ကလည်း မဖယ်ပေးဘူး။ ၂၀၁၇ ခုနှစ် ကျတော့ တောင်သူ (၁၂) ဦးကို တရားစွဲတယ်။ အခု ၂၀၁၈ ခုနှစ်မှာ တပ်ပိုင်မြေဆိုပြီး ဆိုင်းဘုတ်တွေ စိုက်တယ်။ အုတ်တိုင်တွေ သံကြိုးတွေနဲ့ လာကာတယ်” ဟု တပ်နှင့် မြေယာပြသနာဖြစ်ပွားနေသည့် မြေဧက (၇၀) ကျော်အနက်မှ တစ်ဦးတည်း (၁၅)ဧက ပါဝင်သူ ဒေါ်အဲနော် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၄ ခုနှစ်မှ စတင်ကာ တပ်နှင့် တောင်သူများအကြား မြေယာအငြင်းပွားမှု စတင်ခဲ့ခြင်းဖြစ်ပြီး တောင်သူများက ၂၀၁၇ ခုနှစ်အထိ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် တပ်ဘက်မှ အဆိုပါမြေများတွင် ခြံစည်းရိုးခတ်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင် တပ်ပိုင်မြေ မကျူးကျော်ရဟု ဆိုင်းဘုတ်များ လာရောက် စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမြေများနှင့်ပတ်သက်၍ တောင်သူများက အုပ်ချုပ်ရေးဌာနသို့ စာတင်ခဲ့ရာ အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် မြေတိုင်းဌာနမှတာဝန်ရှိသူများသွားရောက်၍ စစ်ဆေးတိုင်းတာမှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြေရှင်းညှိနှိုင်းနိုင်ရန် တပ်သို့ အကြောင်းကြားထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~