က်ဳိင္းတံုၿမိဳ႕ ေနာင္ႏြန္းရြာလယ္လမ္းတြင္ မူးယစ္ေဆးသံုးစြဲသည့္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕ ေနာင္ႏြန္းရြာလယ္လမ္းတြင္ မူးယစ္ေဆးသံုးစြဲသည့္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ
ဇွန် 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ မုိင္းဇင္းေက်းရြာအုပ္စု ေနာင္ႏြန္းေက်းရြာ ရြာလယ္လမ္းတြင္ မူးယစ္ေဆးဝါး ေရာင္းဝယ္သံုးစြဲေနေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆးရာ မူးယစ္ေဆးသံုးစြဲသည့္ လူငယ္တစ္ဦးအား စိတ္ၾကြေဆးျပား (၄၂)ျပားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတံုခရိုင္ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ၂၀၁၈ ခုႏွစ္ ဇြန္လ (၇)ရက္ေန႔ ည(၁၀)နာရီအခ်ိန္တြင္ ေနာင္ႏြန္းေက်းရြာ ရြာလယ္လမ္းတြင္ သြားေရာက္ဖမ္းဆီးရာ အသက္ (၂၀)အရြယ္ အားဂ်ိဳ႕ဆိုသူ၏ ေဘာင္းဘီအိတ္အတြင္းမွ အေအးစုပ္ပိုက္အတြင္း ထည့္ထားသည့္ WY စာတမ္းပါ စိတ္ၾကြေဆးျပား (၄၂)ျပားကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

၎အားစစ္ေဆးရာ စိတ္ၾကြေဆးျပားကို လြန္ခဲ့သည့္(၅)ႏွစ္ခန္႔ ကတည္းက သံုးစြဲလာျခင္းျဖစ္ေၾကာင္း သိရၿပီး မူးယစ္ေဆးသံုးစြဲ/ေရာင္းခ်ၿပီး လက္က်န္(၄၂)ျပားႏွင့္အတူ ျပန္လာစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

အားဂ်ိဳ႕အား မူးယစ္ေဆးဝါးသံုးစြဲျခင္း ရိွ/မရိွ က်ိဳင္းတံုေဆးရံုႀကီးတြင္ ပို႔အပ္စစ္ေဆးထားၿပီး က်ိဳင္းတံုၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၈၃/၂၀၁၈၊ မူး/စိတ္ ၁၉(က)အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု  - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကျေးရွာ ရွာလယ်လမ်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ မူးယစ်ဆေးသုံးစွဲသည့် လူငယ်တစ်ဦးအား စိတ်ကြွဆေးပြား (၄၂)ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ် ဇွန်လ (၇)ရက်နေ့ ည(၁၀)နာရီအချိန်တွင် နောင်နွန်းကျေးရွာ ရွာလယ်လမ်းတွင် သွားရောက်ဖမ်းဆီးရာ အသက် (၂၀)အရွယ် အားဂျို့ဆိုသူ၏ ဘောင်းဘီအိတ်အတွင်းမှ အအေးစုပ်ပိုက်အတွင်း ထည့်ထားသည့် WY စာတမ်းပါ စိတ်ကြွဆေးပြား (၄၂)ပြားကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအားစစ်ဆေးရာ စိတ်ကြွဆေးပြားကို လွန်ခဲ့သည့်(၅)နှစ်ခန့် ကတည်းက သုံးစွဲလာခြင်းဖြစ်ကြောင်း သိရပြီး မူးယစ်ဆေးသုံးစွဲ/ရောင်းချပြီး လက်ကျန်(၄၂)ပြားနှင့်အတူ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

အားဂျို့အား မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ/မရှိ ကျိုင်းတုံဆေးရုံကြီးတွင် ပို့အပ်စစ်ဆေးထားပြီး ကျိုင်းတုံမြို့မ ရဲစခန်းတွင် မယ(ပ) ၈၃/၂၀၁၈၊ မူး/စိတ် ၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~