တာခ်ီလိတ္ၿမိဳ႕ ပံုလို႔လမ္းတြင္ ကားအတြင္း ေသနတ္ျဖင့္ ပစ္သတ္ခံထားရသည့္ အမ်ိဳးသားအေလာင္းေတြ႕ရွိ

တာခ်ီလိတ္ၿမိဳ႕ ပံုလို႔လမ္းတြင္ ကားအတြင္း ေသနတ္ျဖင့္ ပစ္သတ္ခံထားရသည့္ အမ်ိဳးသားအေလာင္းေတြ႕ရွိ
ဇွန် 27, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ပံုလို႔လမ္းတြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၇)ရက္ေန႔ နံနက္က ကားအတြင္း ေသနတ္ဒဏ္ရာျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသားတစ္ဦးကို ေတြ႔ရိွရသျဖင့္ ရဲတပ္ဖြဲ႕က စစ္ေဆးေနေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာ ေနရာသို႔ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး မ်ိဳးခိုင္ႏွင့္ တာဝန္ရိွသူမ်ားက သြားေရာက္ စစ္ေဆးခဲ့ၾကၿပီး အမည္ႏွင့္ေနရပ္အား စံုစမ္းေနဆဲျဖစ္ေၾကာင္းႏွင့္ အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းက တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

"အဲ့ဒီ ေသနတ္ပစ္ခံထားရတဲ့ တစ္ေယာက္က ညကတည္းက ေသေနတဲ့ အေနအထားရွိတယ္။ ရင္ခြဲရံုမွာ စစ္ေဆးေတာ့ အနံ႔နည္းနည္းထြက္ေနၿပီ၊"ဟု ရဲတပ္ဖြဲ႔၀င္ အရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသူတြြင္ ေသနတ္ဒဏ္ရာ (၃)ခ်က္ရရိွထားသည္ကို ေတြ႔ရေၾကာင္း ႏွင့္ အဆိုပါ ေသနတ္ပစ္ခတ္မႈႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႕က အမႈဖြင့္စစ္ေဆးရန္ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုံလို့လမ်းတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့ နံနက်က ကားအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြပြီး အမည်နှင့်နေရပ်အား စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

"အဲ့ဒီ သေနတ်ပစ်ခံထားရတဲ့ တစ်ယောက်က ညကတည်းက သေနေတဲ့ အနေအထားရှိတယ်။ ရင်ခွဲရုံမှာ စစ်ဆေးတော့ အနံ့နည်းနည်းထွက်နပြေီ၊"ဟု ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူတွင် သေနတ်ဒဏ်ရာ (၃)ချက်ရရှိထားသည်ကို တွေ့ရကြောင်း နှင့် အဆိုပါ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~