အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနား တာချီလိတ်၌ ကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနား တာချီလိတ်၌ ကျင်းပ
ဇှနျ 26, 2018
By Tachileik News Agency




အခမ်းအနားတွင်  မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်မှုပြခန်းကိုလည်း ပြသထားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များဖြင့်  အခမ်းအနားသို့ တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝေယံလင်း



~~~~~~~~⊰❂ unicode ~~~~~~~~

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့က ကျင်းပရာ အထိမ်းအမှတ် အကြိုပြိုင်ပွဲများတွင် ဆုရခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က အဖွင့် အမှာစကား ပြောကြားပြီးနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သော သဝဏ်လွှာအား တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်းက ဖတ်ကြားကာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာသည့် ဆိုးကျိုးများနှင့် မူးယစ် ဆေးစွဲရောဂါ အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပန်းချီ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်သည်။

အခမ်းအနားတွင် မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်မှုပြခန်းကိုလည်း ပြသထားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတေ်ဝသည့် သတင်းစကားလက်ကမ်းစာစောင်များဖြင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ဖြနေ့်ဝပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံရေးပါတီများ တက်ရောက်ကြသည်။

သတင်း - ဝေယံလင်း
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~