က်ဳိင္းတံုၿမိဳ႕ အထက (၂)ရိွ ေက်ာင္းမုန္႔ေစ်းတန္းဆိုင္မွ စားသံုးရန္မသင့္မုန္႔မ်ား ေရာင္းခ်သည့္ ဆိုင္(၆)ဆိုင္ကို ေနာက္ဆံုး သတိေပးထား

က်ဳိင္းတံုၿမိဳ႕ အထက (၂)ရိွ ေက်ာင္းမုန္႔ေစ်းတန္းဆိုင္မွ စားသံုးရန္မသင့္မုန္႔မ်ား ေရာင္းခ်သည့္ ဆိုင္(၆)ဆိုင္ကို ေနာက္ဆံုး သတိေပးထား
ဇွန် 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ အထက(၂) စာသင္ေက်ာင္းအတြင္းရိွ မုန္႔ေစ်းဆုိင္မ်ားအား ခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔က ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၈)ရက္ေန႔တြင္ ေရွာင္တခင္ ၀င္ေရာက္ စစ္ေဆးၿပီး စားသံုးရန္မသင့္သည့္ မုန္႔မ်ားေရာင္းခ်ေနသည့္ ေစ်းဆုိင္ (၆)ဆိုင္ကို ေနာက္ဆံုးအႀကိမ္ သတိေပးထားေၾကာင္း သိရသည္။

“ဒီေန႔ စစ္ေဆးေတြ႔ရိွတဲ့ ဆုိင္(၆)ဆုိင္ကို ေနာက္ဆံုးအေနနဲ႔ သတိေပးထားပါတယ္။ မလုိက္နာရင္ စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕က ဆံုးျဖတ္ႏုိင္တဲ့ ျပစ္ဒဏ္ကေတာ့ ေနာက္ေနာင္ ဒီေက်ာင္းေစ်းတန္းမွာ ေရာင္းခ်ခြင့္ မျပဳေတာ့တာမ်ိဳးေပါ့။ ဒါက သက္ဆုိင္ရာေက်ာင္းရဲ႕ ေက်ာင္းအုပ္ႀကီးေတြနဲ႔ ညိႇႏိႈင္းေဆာင္ရြက္သြားရမွာ ျဖစ္ပါတယ္”ဟု က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စစ္ေဆးေရးအဖြဲ႕တြင္ က်ိဳင္းတုံခရိုင္စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုး၊ စားသုံးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုးမွ ဝန္ထမ္းမ်ား၊ ခရိုင္က်န္းမာေရး ဝန္ထမ္းမ်ား၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရိွသူမ်ား၊ ၿမိဳ႕နယ္ပညာေရးဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာန၊ ခရိုင္စက္မႈႀကီးၾကပ္၊ ၿမိဳ႕နယ္တိရိစၦာန္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား ႏွင့္ သတင္းမီဒီယာမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာင္းေစ်းတန္းမုန္႔ဆုိင္မ်ားတြင္ FDA မွ တားျမစ္ထားေသာ မုန္႔၊ အာဖ်န္းအခ်ိဳရည္မ်ား၊ ထိုင္းႏိုင္ငံႏွင့္ တရုတ္နိုင္ငံတို႔မွ ေထာက္ခံခ်က္မရိွဘဲ တင္သြင္းလာသည့္ မုန္႔မ်ား၊ ေထာက္ခံခ်က္မရွိဘဲ ထုတ္လုပ္ထားသည့္ ေဒသထုတ္မုန္႔မ်ားႏွင့္ သက္တမ္းလြန္မုန္႔မ်ား စုစုေပါင္း ကာလတန္ဖိုး (၄၅၂၀၀)က်ပ္ခန္႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စားသံုးရန္မသင့္စားေသာက္ကုန္မ်ားအား စားသုံးသူအကာအကြယ္ေပးေရးဥပေဒပုဒ္မ ၁၉-(င)ႏွင့္ (စ) အရ သိမ္းဆည္းခဲ့ၿပီး အမ်ားျပည္သူေရွ႕ေမွာက္တြင္ မီးရိႈ႕ဖ်က္ဆီးသြားမည္ျဖစ္ေၾကာင္း သိရသည္။
စားသံုးရန္မသင့္စားေသာက္ကုန္မ်ားေရာင္းခ်သည့္ ဆိုင္ရွင္မ်ားအား ေနာင္တြင္ ထပ္မံေရာင္းခ်ပါက တည္ဆဲဥပေဒမ်ားျဖင့္ ထိေရာက္စြာ အေရးယူခံရမည္ကို သိရိွေၾကာင္း ဝန္ခံကတိလက္မွတ္ေရးထိုးေစျခင္းကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ေဒသတြင္းမွ စားေသာက္ကုန္ ထုတ္လုပ္၊ တင္သြင္း၊ တစ္ဆင့္ေရာင္းခ်ျခင္းမ်ားတြင္ ေဘးကင္းလံုၿခံဳသည့္ အစားအေသာက္မ်ားျဖစ္ေစရန္ႏွင့္ ဥပေဒ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီျဖစ္ေစရန္ သက္ဆုိင္ရာဌာနမ်ားက အခ်ိန္မေရြးကူညီေဆာင္ရြက္ေပးေနေၾကာင္းကိုလည္း အသိပညာေပးေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔က ေက်ာင္းဖြင့္ရာသီအတြင္း အေျခခံပညာေက်ာင္းမ်ားမွ ေက်ာင္းမုန္႔ေစ်းတန္းမ်ားအား ေရွာင္တခင္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရၿပီး ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၃) ရက္ေန႔က အထက(၇)အား ဝင္ေရာက္စစ္ေဆးခဲ့ရာ စားသံုးရန္မသင့္ စားေသာက္ကုန္မ်ား ေရာင္းခ်သည့္ ေစ်းဆိုင္ (၆)ဆုိင္ကို စစ္ေဆးေတြ႔ရိွရသျဖင့္ ပစၥည္းမ်ားသိမ္းဆည္းကာ ေရာင္းခ်သူမ်ားအား ထပ္မံေရာင္းခ်ပါက အေရးယူမည္ကို သတိေပးထားေၾကာင္း သိရသည္။

ဓါတ္ပံု - စားသံုးသူေရးရာ က်ိဳင္းတံု



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အထက(၂) စာသင်ကျောင်းအတွင်းရှိ မုန့်ဈေးဆိုင်များအား ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ၂၀၁၈ ခုနှစ် ဇွန်လ (၁၈)ရက်နေ့တွင် ရှောင်တခင် ဝင်ရောက် စစ်ဆေးပြီး စားသုံးရန်မသင့်သည့် မုန့်များရောင်းချနေသည့် ဈေးဆိုင် (၆)ဆိုင်ကို နောက်ဆုံးအကြိမ် သတိပေးထားကြောင်း သိရသည်။

“ဒီနေ့ စစ်ဆေးတွေ့ရှိတဲ့ ဆိုင်(၆)ဆိုင်ကို နောက်ဆုံးအနေနဲ့ သတိပေးထားပါတယ်။ မလိုက်နာရင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ဆုံးဖြတ်နိုင်တဲ့ ပြစ်ဒဏ်ကတော့ နောက်နောင် ဒီကျောင်းဈေးတန်းမှာ ရောင်းချခွင့် မပြုတော့တာမျိုးပေါ့။ ဒါက သက်ဆိုင်ရာကျောင်းရဲ့ ကျောင်းအုပ်ကြီးတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ခရိုင်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်၊ မြို့နယ်တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် သတင်းမီဒီယာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းဈေးတန်းမုန့်ဆိုင်များတွင် FDA မှ တားမြစ်ထားသော မုန့်၊ အာဖျန်းအချိုရည်များ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ထောက်ခံချက်မရှိဘဲ တင်သွင်းလာသည့် မုန့်များ၊ ထောက်ခံချက်မရှိဘဲ ထုတ်လုပ်ထားသည့် ဒေသထုတ်မုန့်များနှင့် သက်တမ်းလွန်မုန့်များ စုစုပေါင်း ကာလတန်ဖိုး (၄၅၂၀၀)ကျပ်ခန့်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စားသုံးရန်မသင့်စားသောက်ကုန်များအား စားသုံးသူအကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၉-(င)နှင့် (စ) အရ သိမ်းဆည်းခဲ့ပြီး အများပြည်သူရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
စားသုံးရန်မသင့်စားသောက်ကုန်များရောင်းချသည့် ဆိုင်ရှင်များအား နောင်တွင် ထပ်မံရောင်းချပါက တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူခံရမည်ကို သိရှိကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစခြေင်းကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဒေသတွင်းမှ စားသောက်ကုန် ထုတ်လုပ်၊ တင်သွင်း၊ တစ်ဆင့်ရောင်းချခြင်းများတွင် ဘေးကင်းလုံခြုံသည့် အစားအသောက်များဖြစ်စေရန်နှင့် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရန် သက်ဆိုင်ရာဌာနများက အချိန်မရွေးကူညီဆောင်ရွက်ပေးနေကြောင်းကိုလည်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ကျောင်းဖွင့်ရာသီအတွင်း အခြေခံပညာကျောင်းများမှ ကျောင်းမုန့်ဈေးတန်းများအား ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရပြီး ၂၀၁၈ ခုနှစ် ဇွန်လ (၁၃) ရက်နေ့က အထက(၇)အား ဝင်ရောက်စစ်ဆေးခဲ့ရာ စားသုံးရန်မသင့် စားသောက်ကုန်များ ရောင်းချသည့် ဈေးဆိုင် (၆)ဆိုင်ကို စစ်ဆေးတွေ့ရှိရသဖြင့် ပစ္စည်းများသိမ်းဆည်းကာ ရောင်းချသူများအား ထပ်မံရောင်းချပါက အရေးယူမည်ကို သတိပေးထားကြောင်း သိရသည်။

ဓာတ်ပုံ - စားသုံးသူရေးရာ ကျိုင်းတုံ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~