မေလးရွားနိုင္ငံတြင္ ဖမ္းဆီးရမိေသာ မူးယစ္ေဆးဝါးမ်ားႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံမွ ပို႔ေဆာင္ေပးသူအား ဖမ္းဆီးရမိ

မေလးရွားနိုင္ငံတြင္ ဖမ္းဆီးရမိေသာ မူးယစ္ေဆးဝါးမ်ားႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံမွ ပို႔ေဆာင္ေပးသူအား ဖမ္းဆီးရမိ
ဇွန် 6, 2018
By Tachileik News Agency

မေလးရွားႏိုင္ငံတြင္ ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားႏွင့္ ဆက္စပ္သည့္ ျမန္မာႏုိင္ငံမွ မူးယစ္ေဆး ပို႔ေဆာင္သည့္ ကြင္းဆက္တရားခံမ်ားကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားအား တစ္ဆင့္ခံ ပို႔ေဆာင္ေပးသည့္ Nice Guy Clearence Service Agency ႏွင့္ U Kaung Trading Co.Ltd တို႔အား ဇြန္လ (၂)ရက္ေန႔တြင္ အမႈဖြင့္ထားၿပီး မူးယစ္ေဆး ပို႔ေဆာင္သူ ေမာင္ေမာင္ (ခ) Hj Yassin အား ဇြန္လ (၅)ရက္ေန႔တြင္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မေလးရွားနိုင္ငံ၊ အေကာက္ခြန္ဦးစီးဌာနမွ စီမရစ္ၿမိဳ႕ ကုန္ေလွာင္႐ုံ၌ ၂၀၁၈ ခုႏွစ္ ေမလ (၂၂) ရက္ေန႔တြင္ မေလးရွားနိုင္ငံသား (၃) ဦး၊ ျမန္မာနိုင္ငံသား (၃) ဦးတို႔ႏွင့္အတူ မက္သာအဖက္တမင္း (၁၁၈၇)ကီလိုဂရမ္ႏွင့္ ဘိန္းျဖဴ (၇၅၀) ဂရမ္တို႔အား ဖမ္းဆီးရမိခဲ့ၿပီးေနာက္ ယင္းဖမ္းမိ မူးယစ္ ေဆးဝါးမ်ားႏွင့္ ပတ္သက္ဆက္စပ္ေသာ ကြင္းဆက္တရားခံမ်ားကို ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးမႈႏွင့္ပတ္သက္၍ စိစစ္ခဲ့ရာ ရန္ကုန္ၿမိဳ႕ရွိ Nice Guy Clearence Service Agency မွ ကုန္ေသတၱာအမွတ္ (FSCU 9911521) ထဲတြင္ စားေသာက္ကုန္မ်ားျဖင့္ မူးယစ္ေဆးဝါးမ်ားကို ေရာေႏွာထည့္သြင္း၍ မေလးရွားနိုင္ငံသို႔ တင္ပို႔ခဲ့ေၾကာင္းသိရၿပီး ျမန္မာနိုင္ငံမွ တစ္ဆင့္ မေလးရွားနိုင္ငံသို႔ ပို႔ေဆာင္ရန္အတြက္ တာေမြၿမိဳ႕နယ္၊ နတ္ေမာက္ရပ္ကြက္၊ ဖိုးစိန္လမ္း၊ ပထမထပ္၊ မ/၅၀(A)ေန အသက္ (၄၄)ႏွစ္အရြယ္ ေမာင္ေမာင္ (ခ) Hj Yassin က လာေရာက္ ဆက္သြယ္မႈအရ U Kaung Trading Co.Ltd မွ တာဝန္ယူပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးပို႔ေဆာင္သူ ေမာင္ေမာင္ (ခ) Hj Yassin ႏွင့္ ပူးေပါင္းပါဝင္သူမ်ားအား စုံစမ္းေဖာ္ထုတ္နိုင္ေရး အတြက္ ဇြန္လ (၂) ရက္ေန႔တြင္ ဆိပ္ကမ္းၿမိဳ႕မရဲစခန္း၌ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၂၀(က)/၂၀(ခ)/၂၁ ျဖင့္ အမႈဖြင့္အေရးယူ စုံစမ္းစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ဇြန္လ (၂) ရက္ေန႔ နံနက္ (၁၁) နာရီ (၁၀) မိနစ္တြင္ ဆက္စပ္တရားခံ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိခဲ့ၿပီး အဓိကတရားခံ ေမာင္ေမာင္ (ခ) Hj Yassin သည္ ေမလ (၃၀) ရက္ေန႔ကတည္းက ထြက္ေျပး တိမ္းေရွာင္ေနေၾကာင္း စိစစ္ေတြ႕ရွိရသျဖင့္ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးရာ ေမာင္ေမာင္ (ခ) Hj Yassin သည္ မူးယစ္ေဆးဝါးမ်ားအား လွည္းကူးၿမိဳ႕နယ္ရွိ Nice Guy ေရသန္႔စက္႐ုံမွတစ္ဆင့္ ေအာက္ပုဇြန္ေတာင္လမ္းရွိ ဂိုေထာင္သို႔ သယ္ေဆာင္ခဲ့ကာ ၎မွတစ္ဆင့္ သေဘၤာတင္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း စံုစမ္းေဖၚထုတ္ႏုိင္ခဲ့ေၾကာင္း သိရသည္။

အဓိက တရားခံ ေမာင္ေမာင္ (ခ) Hj Yassin ၏ေနအိမ္သို႔ ဝင္ေရာက္စစ္ေဆးရာ ေနအိမ္ခန္း မီးခံေသတၱာ အတြင္းမွ ခန္႔မွန္းတန္ဖိုး ေငြက်ပ္သိန္း (၂၅၀) ခန္႔ရွိ လက္ဝတ္ ရတနာ မ်ိဳးစုံ (၁၉)မ်ိဳး၊ TOYOTA LEXUS ယာဥ္အား ေငြက်ပ္သိန္း (၁၀၉၀) ျဖင့္ ဝယ္ယူထားသည့္ စာခ်ဳပ္မူရင္း (၁)ေစာင္၊ ယာဥ္ႏွင့္ ပတ္သက္သည့္ မွတ္ပုံတင္ စာအုပ္ မူရင္း (၁)အုပ္၊ အာမခံပရီမီယမ္ မွတ္တမ္းမူရင္းစာအုပ္ (၁)အုပ္၊ ၂၀၁၆ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္း လက္ဝတ္ရတနာမ်ား ဝယ္ယူခဲ့သည့္ ေျပစာမူရင္း(၈)ေစာင္ တို႔ကို ေတြ႕ရွိ၍ သိမ္းဆည္းခဲ့သည့္ အျပင္ ေမာင္ေမာင္ (ခ) Hj Yassin ထြက္ေျပးတိမ္းေရွာင္စဥ္ ေမာင္းႏွင္သြားေသာ TOYOTA LEXUS ေမာ္ေတာ္ယာဥ္အား ဇြန္လ (၃) ရက္ေန႔ ညသန္းေခါင္တြင္ တာေမြဂုံးေက်ာ္ တံတားေအာက္၌ ေတြ႕ရွိသျဖင့္ သိမ္းဆည္းနိုင္ခဲ့ေၾကာင္း သိရသည္။

ေမာင္ေမာင္ (ခ) Hj Yassin ႏွင့္ ပူးေပါင္းပါဝင္သူမ်ား၏ ျမန္မာနိုင္ငံအတြင္းရွိ ဘဏ္အသီးသီး၌ ေငြစာရင္း ဖြင့္လွစ္ထားရွိမႈကို ဇြန္လ (၄) ရက္ေန႔တြင္ ေဖၚထုတ္ႏုိင္ခဲ့ၿပီး ပုဂၢလိကဘဏ္ (၂)ခုမွ ေမာင္ေမာင္ (ခ) Hj Yassin ၏ ေငြစာရင္းႏွင့္ ဆက္စပ္တရားခံ (၁)ဦးတို႔၏ ေငြစာရင္းမ်ားမွ က်ပ္သိန္းေပါင္း (၂၈၀၀၀)ေက်ာ္ႏွင့္ ATM ကတ္ (၂)ခုတို႔အား ို ယာယီပိတ္သိမ္းထားေၾကာင္း သိရသည္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ႏွင့္ အထူးစုံစမ္းစစ္ေဆးေရး ဦးစီးဌာနတို႔ ပူးေပါင္း၍ အထူးအမႈစစ္အဖြဲ႕ျဖင့္ စံုစမ္းစစ္ေဆးရာ ထြက္ေျပး တိမ္းေရွာင္ေနသည့္ ေမာင္ေမာင္ (ခ) Hj Yassin အား  ဇြန္လ (၅) ရက္ေန႔ ည (၁၀)နာရီအခ်ိန္တြင္ ျပင္ဦးလြင္မွ မႏၲေလးသို႔ ထြက္ခြာစဥ္ မူးယစ္တပ္ဖြဲ႕စု(၁၆)ႏွင့္ မူးယစ္တပ္ဖြဲ႕စု(၁၇)တို႔ ဆက္သြယ္ၿပီး (၁၆) မိုင္ စစ္ေဆးေရးစခန္းတြင္ ပိတ္ဆို႔ဖမ္းဆီးခဲ့ရာ ည (၁၁)နာရီ (၁၅)မိနစ္အခ်ိန္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သည့် မြန်မာနိုင်ငံမှ မူးယစ်ဆေး ပို့ဆောင်သည့် ကွင်းဆက်တရားခံများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအား တစ်ဆင့်ခံ ပို့ဆောင်ပေးသည့် Nice Guy Clearence Service Agency နှင့် U Kaung Trading Co.Ltd တို့အား ဇွန်လ (၂)ရက်နေ့တွင် အမှုဖွင့်ထားပြီး မူးယစ်ဆေး ပို့ဆောင်သူ မောင်မောင် (ခ) Hj Yassin အား ဇွန်လ (၅)ရက်နေ့တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၊ အကောက်ခွန်ဦးစီးဌာနမှ စီမရစ်မြို့ ကုန်လှောင်ရုံ၌ ၂၀၁၈ ခုနှစ် မေလ (၂၂) ရက်နေ့တွင် မလေးရှားနိုင်ငံသား (၃) ဦး၊ မြန်မာနိုင်ငံသား (၃) ဦးတို့နှင့်အတူ မက်သာအဖက်တမင်း (၁၁၈၇)ကီလိုဂရမ်နှင့် ဘိန်းဖြူ (၇၅၀) ဂရမ်တို့အား ဖမ်းဆီးရမိခဲ့ပြီးနောက် ယင်းဖမ်းမိ မူးယစ် ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်းသိရပြီး မြန်မာနိုင်ငံမှ တစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်အတွက် တာမွမြေို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ ပထမထပ်၊ မ/၅၀(A)နေ အသက် (၄၄)နှစ်အရွယ် မောင်မောင် (ခ) Hj Yassin က လာရောက် ဆက်သွယ်မှုအရ U Kaung Trading Co.Ltd မှ တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးပို့ဆောင်သူ မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများအား စုံစမ်းဖော်ထုတ်နိုင်ရေး အတွက် ဇွန်လ (၂) ရက်နေ့တွင် ဆိပ်ကမ်းမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၂၀(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဇွန်လ (၂) ရက်နေ့ နံနက် (၁၁) နာရီ (၁၀) မိနစ်တွင် ဆက်စပ်တရားခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဓိကတရားခံ မောင်မောင် (ခ) Hj Yassin သည် မေလ (၃၀) ရက်နေ့ကတည်းက ထွက်ပြေး တိမ်းရှောင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာ မောင်မောင် (ခ) Hj Yassin သည် မူးယစ်ဆေးဝါးများအား လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှတစ်ဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုထောင်သို့ သယ်ဆောင်ခဲ့ကာ၎င်းမှတစ်ဆင့် သင်္ဘောတင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဓိက တရားခံ မောင်မောင် (ခ) Hj Yassin၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ နေအိမ်ခန်း မီးခံသေတ္တာ အတွင်းမှ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း (၂၅၀) ခန့်ရှိ လက်ဝတ် ရတနာ မျိုးစုံ (၁၉)မျိုး၊ TOYOTA LEXUS ယာဉ်အား ငွေကျပ်သိန်း (၁၀၉၀) ဖြင့် ဝယ်ယူထားသည့် စာချုပ်မူရင်း (၁)စောင်၊ ယာဉ်နှင့် ပတ်သက်သည့် မှတ်ပုံတင် စာအုပ် မူရင်း (၁)အုပ်၊ အာမခံပရီမီယမ် မှတ်တမ်းမူရင်းစာအုပ် (၁)အုပ်၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လက်ဝတ်ရတနာများ ဝယ်ယူခဲ့သည့် ပြေစာမူရင်း(၈)စောင် တို့ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့သည့် အပြင် မောင်မောင် (ခ) Hj Yassin ထွက်ပြေးတိမ်းရှောင်စဉ် မောင်းနှင်သွားသော TOYOTA LEXUS မော်တော်ယာဉ်အား ဇွန်လ (၃) ရက်နေ့ ညသန်းခေါင်တွင် တာမွေဂုံးကျော် တံတားအောက်၌ တွေ့ရှိသဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်အသီးသီး၌ ငွေစာရင်း ဖွင့်လှစ်ထားရှိမှုကို ဇွန်လ (၄) ရက်နေ့တွင် ဖော်ထုတ်နိုင်ခဲ့ပြီး ပုဂ္ဂလိကဘဏ် (၂)ခုမှ မောင်မောင် (ခ) Hj Yassin၏ ငွေစာရင်းနှင့် ဆက်စပ်တရားခံ (၁)ဦးတို့၏ ငွေစာရင်းများမှ ကျပ်သိန်းပေါင်း (၂၈၀၀၀)ကျော်နှင့် ATM ကတ် (၂)ခုတို့အားို ယာယီပိတ်သိမ်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အထူးအမှုစစ်အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးရာ ထွက်ပြေး တိမ်းရှောင်နေသည့် မောင်မောင် (ခ) Hj Yassin အား ဇွန်လ (၅) ရက်နေ့ ည (၁၀)နာရီအချိန်တွင် ပြင်ဦးလွင်မှ မန္တလေးသို့ ထွက်ခွာစဉ် မူးယစ်တပ်ဖွဲ့စု(၁၆)နှင့် မူးယစ်တပ်ဖွဲ့စု(၁၇)တို့ ဆက်သွယ်ပြီး (၁၆) မိုင် စစ်ဆေးရေးစခန်းတွင် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ည (၁၁)နာရီ (၁၅)မိနစ်အချိန်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~