မယ္ဆိုင္ၿမိဳ႕ရွိ လႈိဏ္ဂူအတြင္း တစ္ညလြန္သြားသည္အထိ ျပန္မထြက္လာႏိုင္ေသးသည့္ ေက်ာင္းသားလူငယ္မ်ား(၁၀)ဦးေက်ာ္အား ဇြန္လ(၂၄)ရက္ေန႔ ညေန(၅)နာရီေက်ာ္အထိ ကယ္ဆယ္ေရးအဖြဲ႔မ်ားျဖင့္ ဆက္လက္ရွာေဖြေန

မယ္ဆိုင္ၿမိဳ႕ရွိ လႈိဏ္ဂူအတြင္း တစ္ညလြန္သြားသည္အထိ ျပန္မထြက္လာႏိုင္ေသးသည့္ ေက်ာင္းသားလူငယ္မ်ား(၁၀)ဦးေက်ာ္အား ဇြန္လ(၂၄)ရက္ေန႔ ညေန(၅)နာရီေက်ာ္အထိ ကယ္ဆယ္ေရးအဖြဲ႔မ်ားျဖင့္ ဆက္လက္ရွာေဖြေန
ဇွန် 24, 2018
By Tachileik News Agency

ထိုင္း - ျမန္မာ နယ္စပ္၊ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ျပင္ ထမ့္လံု ခြန္နမ့္ေရထြက္အနီး လႈိဏ္ဂူအတြင္းသို႔ ဇြန္လ(၂၃)ရက္ေန႔ ေန႔လယ္ပိုင္းက စတင္ၿပီး ၀င္သြားရာမွ တစ္ညအၾကာ အထိ ျပန္လည္ မထြက္လာ ႏိုင္ေသးသည့္ ေက်ာင္းသား လူငယ္မ်ားႏွင့္ ပတ္သက္၍ ဇြန္လ(၂၄)ရက္ေန႔ ညေန(၅)နာရီေက်ာ္အထိ ရွာေဖြရာတြင္ မေတြ႔ရွိရေသးေၾကာင္း သိရသည္။

ဂူထဲသို႔ သြားေရာက္သူမွာ ေက်ာင္းသား လူငယ္(၁၁)ဦး ႏွင့္ နည္းျပဆရာ(၁)ဦး စုစုေပါင္း (၁၂)ဦးဟု သိရွိထားေသာ္လည္း မိဘမ်ား၏ ဆက္သြယ္ အသိေပးလာခ်က္အရ ညေန(၄)နာရီခြဲအခ်ိန္တြင္ ေက်ာင္းသားတစ္ဦး ထပ္မံတိုးလာသည့္ အတြက္ ေက်ာင္းသားလူငယ္ (၁၂)ဦး ႏွင့္ အားကစားနည္းျပ (၁)ဦး စုစုေပါင္း(၁၃)ဦးျဖစ္ေၾကာင္း သိရေသာ္လည္း၊ ေက်ာင္းသားလူငယ္ အေရအတြက္မွာ (၁၁)ဦး ႏွင့္ (၁၂)ဦး၀န္းက်င္သာရွိႏိုင္ၿပီး ၎တို႔ထဲမွ တစ္ဦးတစ္ေယာက္အား အရင္ဆံုး ရွာေဖြကယ္ဆယ္ႏိုင္ပါက လူဦးေရ အေရအတြက္အား တိက်စြာ သိရွိႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ဂူအတြင္းသို႔ ကီလိုမီတာအကြာအေ၀း (၃)ကီလိုအထိ သြားေရာက္ခဲ့သူ အသက္(၄၁)ႏွစ္အရြယ္ ထိုင္းအမ်ဳိးသားတစ္ဦး၏ ျပန္လည္ရွင္းျပခ်က္အရ ဂူထဲတြင္ ေရႀကီးေရစီးမႈမ်ားေၾကာင့္ ျပန္လည္ထြက္လာရန္ ခက္ခဲသြားႏုိင္ျခင္း ျဖစ္ၿပီး ၎ေရာက္ခဲ့သည့္ ကီလိုမီတာ(၃)ကီလို အကြာတြင္လည္း တစ္ဖက္သို႔ လွမ္းေအာ္ပါက  ေရစီးသံမ်ားေၾကာင့္ ၾကားႏိုင္မည္ မဟုတ္ေၾကာင္း သိရသည္။

ဂူအတြင္း၌ ေပ်ာက္ေနသည့္ လူငယ္မ်ားအား ရွာေဖြကယ္ဆယ္ ႏိုင္ရန္အတြက္   လႈိဏ္ဂူအနီးတြင္ ကယ္ဆယ္ေရးစခန္းအား အေရးေပၚ ဖြင့္လွစ္ထားရွိၿပီး ခ်င္းမိုင္၊ ခ်င္းရိုင္း၊ မယ္ဆိုင္တို႔မွ ကြ်မ္းက်င္ ကယ္ဆယ္ေရးအဖြဲ႔မ်ားျဖင့္ ႀကိဳးပမ္း ရွာေဖြေနလွ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ေက်ာင္းသားလူငယ္မ်ား၏ မိဘမ်ားႏွင့္ ေဆြမ်ုိးမ်ားအျပင္ လာေရာက္ၾကည့္သူမ်ားလည္း မ်ားျပားေနလ်က္ရွိေၾကာင္း သိရွိရသည္။

အဆိုပါ ေနရာသည္ တာခ်ီလိတ္တြင္ ေနထိုင္သူမ်ားႏွင့္ တာခ်ီလိတ္သို႔ အလည္လာေရာက္သူမ်ားလည္း သြားေရာက္ လည္ပတ္ေလ့ရွိသည့္ ေနရာတစ္ခုျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း
Photo Crd. - ช่างศุภวิชญ์ เขต จูเปรมปรี



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင် ထမ့်လုံ ခွန်နမ့်ရေထွက်အနီး လှိုဏ်ဂူအတွင်းသို့ ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက စတင်ပြီး ဝင်သွားရာမှ တစ်ညအကြာ အထိ ပြန်လည် မထွက်လာ နိုင်သေးသည့် ကျောင်းသား လူငယ်များနှင့် ပတ်သက်၍ ဇွန်လ(၂၄)ရက်နေ့ ညနေ(၅)နာရီကျော်အထိ ရှာဖွေရာတွင် မတွေ့ရှိရသေးကြောင်း သိရသည်။

ဂူထဲသို့ သွားရောက်သူမှာ ကျောင်းသား လူငယ်(၁၁)ဦး နှင့် နည်းပြဆရာ(၁)ဦး စုစုပေါင်း (၁၂)ဦးဟု သိရှိထားသော်လည်း မိဘများ၏ ဆက်သွယ် အသိပေးလာချက်အရ ညနေ(၄)နာရီခွဲအချိန်တွင် ကျောင်းသားတစ်ဦး ထပ်မံတိုးလာသည့် အတွက် ကျောင်းသားလူငယ် (၁၂)ဦး နှင့် အားကစားနည်းပြ (၁)ဦး စုစုပေါင်း(၁၃)ဦးဖြစ်ကြောင်း သိရသော်လည်း၊ ကျောင်းသားလူငယ် အရေအတွက်မှာ (၁၁)ဦး နှင့် (၁၂)ဦးဝန်းကျင်သာရှိနိုင်ပြီး၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်အား အရင်ဆုံး ရှာဖွေကယ်ဆယ်နိုင်ပါက လူဦးရေ အရေအတွက်အား တိကျစွာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂူအတွင်းသို့ ကီလိုမီတာအကွာအေဝး (၃)ကီလိုအထိ သွားရောက်ခဲ့သူ အသက်(၄၁)နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦး၏ ပြန်လည်ရှင်းပြချက်အရ ဂူထဲတွင် ရကြေီးရေစီးမှုများကြောင့် ပြန်လည်ထွက်လာရန် ခက်ခဲသွားနိုင်ခြင်း ဖြစ်ပြီး၎င်းရောက်ခဲ့သည့် ကီလိုမီတာ(၃)ကီလို အကွာတွင်လည်း တစ်ဖက်သို့ လှမ်းအော်ပါက ရေစီးသံများကြောင့် ကြားနိုင်မည် မဟုတ်ကြောင်း သိရသည်။

ဂူအတွင်း၌ ပျောက်နေသည့် လူငယ်များအား ရှာဖွေကယ်ဆယ် နိုင်ရန်အတွက် လှိုဏ်ဂူအနီးတွင် ကယ်ဆယ်ရေးစခန်းအား အရေးပေါ် ဖွင့်လှစ်ထားရှိပြီး ချင်းမိုင်၊ ချင်းရိုင်း၊ မယ်ဆိုင်တို့မှ ကျွမ်းကျင် ကယ်ဆယ်ရေးအဖွဲ့များဖြင့် ကြိုးပမ်း ရှာဖွေနေလျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကျောင်းသားလူငယ်များ၏ မိဘများနှင့် ဆွေမျိုးများအပြင် လာရောက်ကြည့်သူများလည်း များပြားနေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ နေရာသည် တာချီလိတ်တွင် နေထိုင်သူများနှင့် တာချီလိတ်သို့ အလည်လာရောက်သူများလည်း သွားရောက် လည်ပတ်လေ့ရှိသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း
Photo Crd. - ช่างศุภวิชญ์ เขต จูเปรมปรี

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~