ဂူအတြင္းရွာေဖြေရးအဖြဲ႕က လူငယ္ ၁၃ ဦးရိွသည္ဟု ခန္႔မွန္းထားသည့္ ေနရာႏွင့္ နီးကပ္ေနၿပီဟုဆို

ဂူအတြင္းရွာေဖြေရးအဖြဲ႕က လူငယ္ ၁၃ ဦးရိွသည္ဟု ခန္႔မွန္းထားသည့္ ေနရာႏွင့္ နီးကပ္ေနၿပီဟုဆို
ဇွန် 30, 2018
By Tachileik News Agency

လူငယ္(၁၃)ဦး ၀င္ေရာက္သြားၿပီး ျပန္မထြက္လာႏုိင္ေသးသည့္ မယ္ဆိုင္ၿမိဳ႕ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီးရွိ ဂူအတြင္း ကယ္ဆယ္ ရွာေဖြမႈလုပ္ငန္း ေဆာင္ရြက္ေနသည့္ ရက္ေပါင္း (၈)ရက္ေျမာက္ေန႔ ဇြန္လ (၃၀)ရက္ေန႔ ညတြင္ မိုးဆက္လက္ ရြာသြန္းျခင္း မရိွပါက အဆိုပါ လူငယ္မ်ား ရိွႏုိင္သည္ဟု ခန္႔မွန္း ထားသည့္ ေနရာသို႔ ဇူလိုင္လ (၁)ရက္ေန႔တြင္ ေရာက္ႏုိင္ဖြယ္ရိွသည္ဟု ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဇြန္လ(၃၀)ရက္ေန႔ ေန႔လယ္ပိုင္းက မီဒီယာမ်ားကို ခန္႔မွန္းေျပာၾကားလုိက္ေၾကာင္း သိရသည္။

“ဒီေန႔သာ မိုးမရြာဘူးဆိုရင္ေတာ့ ကေလးေတြ ရိွတဲ့ေနရာကို မနက္ျဖန္မွာ ေရာက္လိမ့္မယ္လို႔ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားထားပါတယ္”ဟု ဂူအတြင္း ရွာေဖြေရးမွာ သတင္းရယူေပးပို႔ေနသည့္ ကိုစည္သူေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔  ေျပာၾကားသည္။

ဂူအတြင္းသို႔ ၀င္ေရာက္ကာ ရွာေဖြေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္ေနသည့္ ထုိင္းေတာ္ဝင္ ေရတပ္အထူးအဖြဲ႕သည္  လူငယ္မ်ား ပိတ္မိေနသည္ဟု ခန္႔မွန္းထားၾကသည့့္ ဖတၱယားကမ္းေျခသို႔ ဝင္ေရာက္မည့္ ဂူအတြင္းဧရိယာ အမွတ္(၃)သို႔ ေန႔လယ္က ေရာက္ရိွႀကိဳးစားေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဂူအတြင္းရိွ ရွာေဖြေရးအဖြဲ႕မ်ားထံ ယေန႔ညေနကစ၍ ေအာက္ဆီဂ်င္ဗူးမ်ားစြာကိုလည္း ေပးပို႔ထားရေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

လူငယ်(၁၃)ဦး ဝင်ရောက်သွားပြီး ပြန်မထွက်လာနိုင်သေးသည့် မယ်ဆိုင်မြို့ ဒွိုင်းနန်းနွန်းတောင်ခြေ အနီးရှိ ဂူအတွင်း ကယ်ဆယ် ရှာဖွေမှုလုပ်ငန်း ဆောင်ရွက်နေသည့် ရက်ပေါင်း (၈)ရက်မြောက်နေ့ ဇွန်လ (၃၀)ရက်နေ့ ညတွင် မိုးဆက်လက် ရွာသွန်းခြင်း မရှိပါက အဆိုပါ လူငယ်များ ရှိနိုင်သည်ဟု ခန့်မှန်း ထားသည့် နေရာသို့ ဇူလိုင်လ (၁)ရက်နေ့တွင် ရောက်နိုင်ဖွယ်ရှိသည်ဟု ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ဇွန်လ(၃၀)ရက်နေ့ နေ့လယ်ပိုင်းက မီဒီယာများကို ခန့်မှန်းပြောကြားလိုက်ကြောင်း သိရသည်။

“ဒီနေ့သာ မိုးမရွာဘူးဆိုရင်တော့ ကလေးတွေ ရှိတဲ့နေရာကို မနက်ဖြန်မှာ ရောက်လိမ့်မယ်လို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်”ဟု ဂူအတွင်း ရှာဖွေရေးမှာ သတင်းရယူပေးပို့နေသည့် ကိုစည်သူမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

ဂူအတွင်းသို့ ဝင်ရောက်ကာ ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် ထိုင်းတော်ဝင် ရေတပ်အထူးအဖွဲ့သည် လူငယ်များ ပိတ်မိနေသည်ဟု ခန့်မှန်းထားကြသည့် ဖတ္တယားကမ်းခြေသို့ ဝင်ရောက်မည့် ဂူအတွင်းဧရိယာ အမှတ်(၃)သို့ နေ့လယ်က ရောက်ရှိကြိုးစားနကြခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂူအတွင်းရှိ ရှာဖွေရေးအဖွဲ့များထံ ယနေ့ညနေကစ၍ အောက်ဆီဂျင်ဗူးများစွာကိုလည်း ပေးပို့ထားရကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~