ဂူအတွင်း လူငယ်(၁၃)ဦး ရှာပုံတော် (၆)ရက်အတွင်း အခြေအနေ နှင့် ထမ့်လုံခွန်နမ့်ဂူ ရဲ့ ၂၀၁၆ခုနှစ်က မြင်ကွင်းများ

ဂူအတွင်း လူငယ်(၁၃)ဦး ရှာပုံတော် (၆)ရက်အတွင်း အခြေအနေ နှင့် ထမ့်လုံခွန်နမ့်ဂူ ရဲ့ ၂၀၁၆ခုနှစ်က မြင်ကွင်းများ
ဇွန် 29, 2018
By Tachileik News Agency
ဂူအတွင်း လူငယ်(၁၃)ဦး ရှာပုံတော် (၆)ရက်အတွင်း အခြေအနေ နှင့် ထမ့်လုံခွန်နမ့်ဂူ ရဲ့ ၂၀၁၆ခုနှစ်က မြင်ကွင်းများ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်ဂူအတွင်း လူငယ်(၁၃)ဦး (၆)ရက်ကျော်သည်အထိ ပိတ်မိကာ ပျောက်ဆုံးနေသည့်အတွက် ရှာဖွေ ကယ်ဆယ်မှု အခြေအနေများနှင့် ၂၀၁၆ ခုနှစ်အတွင်းက အဆိုပါဂူ၏ မြင်ကွင်းများ တာချီလိတ်သတင်းအေဂျင်စီမှ အကျဉ်းချုံ့ ဖော်ပြလိုက်ပါသည်။

ဖော်ပြပါ ပုံများသည် ထိုင်းနိုင်ငံမှ ဂူအတွင်းလေ့လာရေး အဖွဲ့တစ်ဖွဲ့မှ ၂၀၁၆ခုနှစ်အတွင်းက အဆိုပါ ဂူသို့ သွားရောက်ကာ ဂူအတွင်း သဘာဝဖြစ်တည်မှုများကို လေ့လာ မှတ်တမ်းထားရှိကာ လူမှုဆိုရှယ် နကေ်ဝါ့စာမျက်နှာပေါ်တွင် ဖော်ပြထားသည့်ပုံများဖြစ်ပါသည်။

၂၀၁၈ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက စတင်၍ အသက်(၁၁)နှစ်မှ အသက်(၂၅)နှစ်အထိ ရှိ ဘောလုံးအသင်းမှ ကျောင်းသား(၁၂)ဦး နှင့် အားကစားနည်းပြဆရာ (၁)ဦး စုစုပေါင်း(၁၃)ဦး တို့သည် အဆိုပါ ဂူအတွင်းသို့ ဝင်ရောက်သွားရာမှ ဂူအတွင်း ရေဝင်လာသဖြင့် ပိတ်မိနကြခြေင်း ဖြစ်သည်။

အဆိုပါ လူငယ်များအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသအာဏာပိုင်များအပြင် တော်ဝင်ရေတပ်၊ တော်ဝင်လေတပ်၊ ခြေလျင်တပ်၊ ရဲတပ်ဖွဲ့၊ လျှပ်စစ် နှင့် သက်ဆိုင်ရာဌာနများအပါအဝင် အရပ်ဖက် ကယ်ဆယ်ရေးအဖွဲ့အစည်းများစွာဖြင့် ရှာဖွေနေလျက်ရှိပြီး ထိုင်းဘုရင်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် မိန့်ကြားထားခြင်းဖြစ်သည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး ဂူအနီးဝန်းကျင်မှ စီးဝင်လာသည့် ရေထုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေရာ ထိုင်းအစိုးရမှ နိုင်ငံတော်အဆင့် ကယ်ဆယ်လုပ်ငန်းအဖြစ် သတ်မှတ်ကာ လုပ်ဆောင်နေမှုများကြောင့် ထိုင်းမီဒီယာများအပြင် နိုင်ငံတကာမီဒီယာများကပါ အာရုံစိုက် ဖော်ပြလာသည့် သတင်းဖြစ်လာနခြေင်း ဖြစ်သည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာမှ ကျွမ်းကျင်သူများလည်း ပူးပေါင်းလာရာ ဇွန်လ(၂၇)ရက်နှင့် ဇွန်လ(၂၈)ရက်နေ့များတွင် အမေရိကန်နှင့် အင်္ဂလန်တို့မှ ကူညီခဲ့ကြပြီး အိမ်နီးချင်း နိုင်ငံများဖြစ်ကြသည့် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကလည်း ကူညီပေးနေလျက်ရှိသည်။

မြန်မာအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့အား ထိုင်းနိုင်ငံမှလူငယ် (၁၃)ဦး ရှာဖွေမှုတွင် ပူးပေါင်း ကူညီပေးရန် ၂၀၁၈ခုနှစ် ဇွန်လ(၂၈)ရက် နေ့စွဲဖြင့် ညွှန်ကြားလိုက်ပြီးနောက် မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မှ ဒေသအုပ်ချုပ်ရေးများနှင့် သက်ဆိုင်ရာဌာနများက ဇွန်လ(၂၈)ရက်နေ့တွင် တာချီလိတ်မြို့တွင်းရှိ မယ်ဆိုင်ဂူနှင့် ဆက်စပ်ဖွယ်ရှိသည့် ဂူအတွင်းသို့ ရှာဖွေပေးခြင်း၊ ဒေသခံများက ပျောက်ဆုံး လူငယ်များ ဘေးကင်းစွာ ပြန်တွေ့နိုင်ရေးအတွက် တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ဆုတောင်းပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ လိုအပ်လာပါက အကူအညီပေးနိုင်ရန် အဆင်သင့်ပြင်ဆင်ခြင်းများ လုပ်ဆောင်နခြေင်းဖြစ်သည်။

ရှာဖွေရေးလုပ်ငန်းများအား နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသော်လည်း မိုးအဆက်မပြတ်ရွာသွန်းပြီး ဂူအတွင်း ရကြေီးနေမှုကြောင့် နေ့စဉ်ရေစုပ်ထုတ်နေရကာ ကယ်ဆယ်ရေးအဖွဲ့များတွင်လည်း ထိခိုက်ဒဏ်ရာရမှုများ ရှိနေကြောင်း သိရသည်။

ဂူအတွင်း ရေငုပ်အဖွဲ့များဖြင့် ရှာဖွခြေင်း၊ ထိုင်းခြေလျင်တပ်နှင့် အရပ်ဖက် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များက ဂူအနီးရှိ တောတောင်များမှ တစ်ဆင့် ဂူအတွင်း ဝင်ရောက်နိုင်ရန်အတွက် ဝင်ပေါက် ရှာဖွခြေင်းများကို အုပ်စုများခွဲကာ လုပ်ဆောင်နကြေသည်။

ကယ်ဆယ်ရေးအဖွဲ့က နည်းလမ်းမျိုးစုံဖြင့် ရှာဖွခြေင်း အပြင် သတင်းထုတ်ပြန်မှုများကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နေသော်လည်း ကောလာဟလ ဖြန့်ဝေမှုများ ရှိနေသဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ကလေးများ၏ မိဘဆွေမျိုးများအား စာနာသောအားဖြင့် သတင်းမှားမဖြန့်ရန် ဖြေရှင်းနေရသည်ကို တွေ့ရသည်။

ကလေးများ၏ မိဘဆွေမျိုးများသည်လည်း ရှာဖွေရေး လုပ်ဆောင်နေသည့် ဂူအနီးတွင် ရှိနပြေီး ဆုတောင်းရင်း စောင့်မျှော်နကြေသည်ကို တွေ့ရသည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း (၆)ရက်မြောက်နေ့ လွန်လာပြီးနောက် နီးစပ်ပြီဟု ဆိုထားသည့်အတွက် အားလုံး၏ စိတ်ဝင်စားမှု ပိုမိုတိုးပွားလာနေချိန် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွင် မီးကြိုးတပ်ဆင်ရေး၊ ရေပိုက်သွယ်ယူရေး၊ ရေငုပ်ရှာဖွေရေး၊ တောနင်းရှာဖွေရေး၊ ချက်ပြုတ်ရေး စသည်ဖြင့် ကဏ္ဍများစွာခွဲ၍ လုပ်ကိုင်နေရသည့်အတွက် မသက်ဆိုင်သူများကို လာရောက်ခွင့် တားမြစ်ထားလိုက်ပြီး သတင်းများကို စောင့်ကြည့်ရန် အသိပေးထားရှိသည်။

ဂူအပြင်တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး ရှာဖွေရေးလုပ်ငန်း (၅)ရက်မြောက်နေ့တွင် ပျောက်ဆုံးနေသူများအား ပြန်တွေ့ပါက ဆေးရုံသို့အလျင်အမြန် ပို့ဆောင်နိုင်ရန်အတွက် လူနာတင်ယာဉ်(၁၃)စီးနှင့် ရဟတ်ယာဉ်တို့ကို အဆင်သင့် ပြင်ဆင်ထားပြီး ကယ်ဆယ်ရေး အနှောင့်အယှက် မဖြစ်စေရန် ကယ်ဆယ်ရေးနှင့် မီဒီယာများမှလွဲ၍ ဂူအနီးလာရောက်ခွင့် တားမြစ်လိုက်ပြီး မီဒီယာများ သတင်းရယူရန် နေရာကိုလည်း သတ်မှတ်ပေးလိုက်သည်။

ရက်ကြာလာသည်နှင့်အမျှ အင်အားထပ်တိုးရှာဖွေရေးများ လုပ်ဆောင်နေသော်လည်း မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ကယ်ဆယ်ရေးနှောင့်နှေးမှုများရှိနပြေီး လက်ရှိတွင် အမေရိကန်နိုင်ငံ၏ အကူအညီဖြင့် ဂူအတွင်းမှ လူများကို ခန္ဓာကိုယ် အပူချိန်ဖြင့် ပုံရိပ်ရှာစက်ဖြင့်ပါ ရှာဖွေမှု ဆောင်ရွက်နေဆဲဖြစ်သည်။

ကယ်ဆယ်ရေးများမှာ (၇)ရက်နေ့မြောက် နံနက်ဖြစ်သည့် ဇွန်လ(၂၉)ရက်နေ့ နံနက်(၃)နာရီအထိ လုပ်ဆောင်နေဆဲဖြစ်ပြီး ထိုင်းနိုင်ငံတွင်လည်း ပျောက်ဆုံးနေသူများ ဘေးကင်းစွာပြန်တွေ့ရန် ဆုတောင်းခြင်းများကို လုပ်ဆောင်နပြေီး မျှော်လင့်နကြေဆဲဖြစ်သည်။

ရေးသားသူ - #ကိုဇောင်း
Photo crd: Nunune Ntk

⊰❂ #TachileikNewsAgency #TachileikOnlineNews #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net ❂⊱