လူငယ္(၁၃)ဦး ၀င္ေရာက္သြားသည့္ မယ္ဆုိင္ဂူ၏ ထြက္ေပါက္ႏွင့္ ဆက္စပ္ႏိုင္ေခ်ရွိသည့္ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ရွိ ဂူအတြင္း ရွာေဖြမႈ ထူးျခားမႈမေတြ႔ရ၊ လိုအပ္ပါက ၿမိဳ႕နယ္အတြင္းရွိ ဂူမ်ားအတြင္း ရွာေဖြေပးသြားမည္

လူငယ္(၁၃)ဦး ၀င္ေရာက္သြားသည့္ မယ္ဆုိင္ဂူ၏ ထြက္ေပါက္ႏွင့္ ဆက္စပ္ႏိုင္ေခ်ရွိသည့္ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ရွိ ဂူအတြင္း ရွာေဖြမႈ ထူးျခားမႈမေတြ႔ရ၊ လိုအပ္ပါက ၿမိဳ႕နယ္အတြင္းရွိ ဂူမ်ားအတြင္း ရွာေဖြေပးသြားမည္
ဇွန် 28, 2018
By Tachileik News Agency

 ထိုင္းႏုိင္ငံ၊ မယ္ဆိုင္ၿမိဳ႕ရိွ ထမ့္လံုခြန္နမ့္ဂူ၏ ထြက္ေပါက္ရိွႏုိင္ေျခရိွသည္ဆိုသည့္ ေနရာမ်ားကို အိမ္နီးခ်င္း ျမန္မာႏုိင္ငံရိွ တာခ်ီလိတ္ခရုိင္အတြင္း ေဒသတာဝန္ရိွသူမ်ားက ႀကီးၾကပ္၍ ဆက္လက္ ရွာေဖြ သြားမည္ျဖစ္ၿပီး လိုအပ္သည့္ အကူအညီမ်ားကို ျပည္နယ္အစိုးရက ပံ့ပိုးေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ထိုင္းႏုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕ရိွ ဂူ၏ထြက္ေပါက္မွာ အိမ္နီးခ်င္းျမန္မာႏုိင္ငံ တာခ်ီလိတ္ခရိုင္အတြင္းရိွသည္ဟု ယူဆသျဖင့္ ထုိင္းႏုိင္ငံက ျမန္မာႏုိင္ငံဘက္ျခမ္းမွ ကူညီရွာေဖြေပးရန္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၈)ရက္ေန႔တြင္ အကူအညီေတာင္းခံလာျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကယ္ဆယ္ေရးနဲ႔ ပတ္သက္ၿပီး လိုအပ္တာမ်ား ေဆာင္ရြက္ေပးရန္ဆိုၿပီး ျပည္နယ္မီးသတ္နဲ႔ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီကို ညႊန္ၾကားထားပါတယ္။ လိုအပ္သမွ် ေဆာင္ရြက္ေပးဖို႔လည္း အေၾကာင္းၾကားထားပါတယ္။ သူတို႔အတြက္ လိုအပ္တာေတြကို ျပည္နယ္အစိုးရက ပံ့ပိုးေပးသြားမွာပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၂၈)ရက္ေန႔ ညေနပိုင္းက ေျပာသည္။

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီက ဦးေဆာင္၍ ေဒသတြင္း တာဝန္ရိွသူမ်ား၊ မီးသတ္တပ္ဖြဲ႕၊ ၾကက္ေျခနီတပ္ဖြဲ႕ႏွင့္ လူမႈကူညီေရးအဖြဲ႕မ်ားက ေဒသတြင္းမွ နယ္ေျမကၽြမ္းက်င္သူမ်ား အကူအညီျဖင့္ ျဖစ္ႏုိင္ေျခရိွသည့္ ေနရာမ်ားကို ထပ္မံရွာေဖြေပးသြားမည္ျဖစ္ၿပီး ထုိင္းႏုိင္ငံဘက္၏ ကယ္ဆယ္ေရး လုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေပးသြားရန္ အသင့္ျပင္ဆင္ထားေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ ဒီေန႔ရွာေဖြတဲ့ ဂူဘက္မွာေတာ့ လမ္းေၾကာင္းမေတြ႔ရဘူး။ ေဒသခံေတြထဲက နယ္ေျမကၽြမ္းက်င္သူေတြအကူအညီနဲ႔ ဆက္ၿပီး ရွာေဖြေပးသြားမွာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္က ေျပာသည္။

ျမန္မာႏုိင္ငံအေနျဖင့္ ပူးေပါင္းကူညီေဆာင္ရြက္ႏုိင္ေရးအတြက္ ျပည္ေထာင္စုအစိုးရက ႏုိင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔အား ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၈)ရက္ေန႔တြင္ ညႊန္ၾကားလုိက္ၿပီးေနာက္ ျမန္မာ - ထုိင္းနယ္စပ္ တာခ်ီလိတ္ခရိုင္တာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ နယ္ျခားေကာ္မတီခ်င္း ခ်ိတ္ဆက္၍ ပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မယ္ဆိုင္ၿမိဳ႕ရိွ ထမ့္လံုခြန္နမ့္လွိဳဏ္ဂူအတြင္း ဇြန္လ (၂၃)ရက္ေန႔ ကတည္းက ဝင္သြားသည့္ ေက်ာင္းသားလူငယ္ (၁၃)ဦးကို ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ား၊ လူမႈကူညီေရးအဖြဲ႕မ်ား၊ ႏိုင္ငံတကာက ပူးေပါင္း ကူညီသူမ်ားျဖင့္ နည္းလမ္းမ်ိဳးစံုသံုး၍ ရွာေဖြေနဆဲျဖစ္ၿပီး ဇြန္လ (၂၈)ရက္ေန႔ ညပိုင္းအထိ ေတြ႔ရိွျခင္းမရိွေသးေၾကာင္း သိရသည္။

သတင္း - #ခ်ယ္ရီထိုက္
ဓာတ္ပံု - #ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~


  ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်ဂူ၏ ထွက်ပေါက်ရှိနိုင်ခြေရှိသည်ဆိုသည့် နေရာများကို အိမ်နီးချင်း မြန်မာနိုင်ငံရှိ တာချီလိတ်ခရိုင်အတွင်း ဒေသတာဝန်ရှိသူများက ကြီးကြပ်၍ ဆက်လက် ရှာဖွေ သွားမည်ဖြစ်ပြီး လိုအပ်သည့် အကူအညီများကို ပြည်နယ်အစိုးရက ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လူငယ်(၁၃)ဦး ပိတ်မိနေသည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ဂူ၏ထွက်ပေါက်မှာ အိမ်နီးချင်းမြန်မာနိုင်ငံ တာချီလိတ်ခရိုင်အတွင်းရှိသည်ဟု ယူဆသဖြင့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်ခြမ်းမှ ကူညီရှာဖွေပေးရန် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် အကူအညီတောင်းခံလာခြင်း ဖြစ်ကြောင်း သိရသည်။

“ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး လိုအပ်တာများ ဆောင်ရွက်ပေးရန်ဆိုပြီး ပြည်နယ်မီးသတ်နဲ့ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီကို ညွှန်ကြားထားပါတယ်။ လိုအပ်သမျှ ဆောင်ရွက်ပေးဖို့လည်း အကြောင်းကြားထားပါတယ်။ သူတို့အတွက် လိုအပ်တာတွေကို ပြည်နယ်အစိုးရက ပံ့ပိုးပေးသွားမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၈)ရက်နေ့ ညနေပိုင်းက ပြောသည်။

တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးကော်မတီက ဦးဆောင်၍ ဒေသတွင်း တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့များက ဒေသတွင်းမှ နယ်မြေကျွမ်းကျင်သူများ အကူအညီဖြင့် ဖြစ်နိုင်ခြေရှိသည့် နေရာများကို ထပ်မံရှာဖွေပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံဘက်၏ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးသွားရန် အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနေ့ရှာဖွေတဲ့ ဂူဘက်မှာတော့ လမ်းကြောင်းမတွေ့ရဘူး။ ဒေသခံတွေထဲက နယ်မြေကျွမ်းကျင်သူတွေအကူအညီနဲ့ ဆက်ပြီး ရှာဖွေပေးသွားမှာပါ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

မြန်မာနိုင်ငံအနဖြေင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့အား ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ညွှန်ကြားလိုက်ပြီးနောက် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်တာဝန်ရှိသူများက မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်ခြားကော်မတီချင်း ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်လှိုဏ်ဂူအတွင်း ဇွန်လ (၂၃)ရက်နေ့ ကတည်းက ဝင်သွားသည့် ကျောင်းသားလူငယ် (၁၃)ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ နိုင်ငံတကာက ပူးပေါင်း ကူညီသူများဖြင့် နည်းလမ်းမျိုးစုံသုံး၍ ရှာဖွေနေဆဲဖြစ်ပြီး ဇွန်လ (၂၈)ရက်နေ့ ညပိုင်းအထိ တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

သတင်း - #ချယ်ရီထိုက်
ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~