မယ်ဆိုင်မြို့ဂူတွင်း ပိတ်မိနေသည့် လူငယ် (၁၃)ဦး အန္တရာယ်ကင်းစွာပြန်လာနိုင်ရေး တာချီလိတ်မြို့သူ မြို့သားများ ဆုတောင်း

မယ်ဆိုင်မြို့ဂူတွင်း ပိတ်မိနေသည့် လူငယ် (၁၃)ဦး အန္တရာယ်ကင်းစွာပြန်လာနိုင်ရေး တာချီလိတ်မြို့သူ မြို့သားများ ဆုတောင်း
ဇွန် 28, 2018
By Tachileik News Agency


အဆိုပါလူငယ်များ အန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေး အတွက် တာချီလိတ်မြို့သူ မြို့သားများက တာချီလိတ်ရွှေတိဂုံ စေတီတော်ရင်ပြင်ရှိ ဓမ္မာရုံတွင် ညနေ (၅)နာရီမှစတင်၍ သံဃာတော်များ ပင့်ဖိတ်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ခြင်း၊ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများက အန္တရာယ်ကင်းရှင်းရေး ရွတ်ဖတ်ပူဇော်ခြင်းများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။

အဆိုပါ ဆုတောင်းပွဲသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ၀တ်ရွတ်အသင်းများနှင့် မြို့သူမြို့သားများ ပါဝင်ခဲ့ကြသည်။

ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးအား (၆)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများအပြင် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များပါ ပါဝင်ပူးပေါင်းပြီး ရှာဖွေရေးကို လုပ်ဆောင်နေကြဆဲဖြစ်သည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ဒွိုင်းနန်းနွန်းတောင်ခြေအနီးရှိ ထမ့်လွမ်လိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ် (၁၃)ဦး အန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှ ဒေသခံများက တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့ ညနေ့ (၅)နာရီက စ၍ ည(၇)နာရီကျော်အထိ ဆုတောင်းပေးကြသည်။

အဆိုပါလူငယ်များ အန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေး အတွက် တာချီလိတ်မြို့သူ မြို့သားများက တာချီလိတ်ရွှေတိဂုံ စေတီတော်ရင်ပြင်ရှိ ဓမ္မာရုံတွင် ညနေ (၅)နာရီမှစတင်၍ သံဃာတော်များ ပင့်ဖိတ်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ခြင်း၊ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများက အန္တရာယ်ကင်းရှင်းရေး ရွတ်ဖတ်ပူဇော်ခြင်းများကို လုပ်ဆောင်နကြခြေင်းဖြစ်သည်။

ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးအား (၆)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများအပြင် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များပါ ပါဝင်ပူးပေါင်းပြီး ရှာဖွေရေးကို လုပ်ဆောင်နကြေဆဲဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~