ထိုင်းနိုင်ငံ မယ်ဆိုင် လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ်များ ရှာဖွေကယ်ဆယ်ရေး မြန်မာပူးပေါင်းကူညီမည်
ထိုင်းနိုင်ငံ မယ်ဆိုင် လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ်များ ရှာဖွေကယ်ဆယ်ရေး မြန်မာပူးပေါင်းကူညီမည်
ဇှနျ 28, 2018
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ်များ ကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံက အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရ၏ ညွှန်ကြားချက်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်တွင် ဌာနဆိုင်ရာများနှင့် လူမှုကူညီရေး အသင်းများစုပေါင်းပြီး ဇွန်လ (၂၈)ရက်နေ့တွင်  ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ မှ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ညွှန်ကြား လိုက်ပြီးနောက် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်/မြို့နယ် တာဝန်ရှိသူများက မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်ခြားကော်မတီချင်း ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်လှိုဏ်ဂူ အတွင်း ဇွန်လ (၂၃)ရက်နေ့ကတည်းက ဝင်ရောက်သွားပြီး လှိုဏ်ဂူအတွင်း ပိတ်မိနေကြသည့် လူငယ်ဘောလုံးအသင်းမှ (၁၃)ဦးကို ရှာဖွေကယ်ဆယ်ရေးအတွက် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံက လိုအပ်သည်များ အပြည့်အဝ ပူးပေါင်းကူညီမည်ဟု ဇွန်လ (၂၈)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပြီးနောက် ရှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ကယ်ဆယ်ရေးအဖွဲ့များဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ရန် ဇွန်လ (၂၈)ရက်နေ့တွင် အဆင်သင့်ပြင်ဆင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ပြည်နယ်အစိုးရညွှန်ကြားချက် အရ ဇွန်လ (၂၈)ရက်နေ့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ မြန်မာတာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် တာချီလိတ်ခရိုင်၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊  တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းနှင့် တပ်ဖွဲ့ဝင်အင်အား (၃၀)၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ  ဦးကြည်မြင့် နှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘမိုးမြင့် နှင့် ကြက်ခြေနီတပ်ဖွဲ့ဝ အပါအ၀င် အလင်းရောင်ပရဟိတအသင်း နှင့် လူမှုကူညီရေး အသင်းများက ကူညီကယ်ဆယ်ရေးအတွက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။
မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦး ရှာဖွေရေးအတွက် ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့၊ တော်ဝင်ရေတပ်၊ လေတပ်၊ တပ်မတော်အင်အားများ၊ အထူးကယ်ဆယ်ရေးအဖွဲ့များ၊ နိုင်ငံတကာမှ ဂူအတွင်းရှာဖွေ ကယ်ဆယ်ရေး ကျွမ်းကျင်သူများနှင့်အတူ ထိုင်းနိုင်ငံက အကူအညီတောင်းခံချက်အရ အမေရိကန်ပြည်ထောင်စုမှ ကယ်ဆယ်ရေးကျွမ်းကျင်သူများဖြင့် (၆)ရက်မြောက်နေ့ ရှာဖွေရေးကို ဆက်လက် ဆောင်ရွက်နေကြခြင်းဖြစ်သည်။
သတင်း - #ချယ်ရီထိုက်
ဓါတ်ပုံ - #ဇောင်းညီ
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ်များ ကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံက အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရ၏ ညွှန်ကြားချက်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်တွင် ဌာနဆိုင်ရာများနှင့် လူမှုကူညီရေး အသင်းများစုပေါင်းပြီး ဇွန်လ (၂၈)ရက်နေ့တွင် ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနဖြေင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ မှ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ညွှန်ကြား လိုက်ပြီးနောက် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်/မြို့နယ် တာဝန်ရှိသူများက မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်ခြားကော်မတီချင်း ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ နှစ်နိုင်ငံ TBC ချင်း ချိတ်ဆက်ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ဘက်ကနေ လိုအပ်တဲ့ အပိုင်းမှာ ပူးပေါင်းကူညီဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်းကိုလည်း ပြောကြားထားပါတယ်။ ကျွန်တော်တို့ ဒေသမှာ တစ်ခုခုဖြစ်ပြီဆိုရင်လည်း ထိုင်းဘက်ကနေ လာရောက်ကူညီလေ့ရှိတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး လည်း ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း ဒီကျောင်းသားလူငယ်တွေ ပျောက်ဆုံးမှုကို စိတ်မကောင်း ဖြစ်ရသလို ကူညီနိုင်ဖို့လည်း ကျွန်တော်တို့ အစိုးရက ညွှန်ကြားထားပြီး ဖြစ်သလို ကျွန်တော်တို့ကလည်း အဆင်သင့် ရှိနေပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က တာချိီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်လှိုဏ်ဂူ အတွင်း ဇွန်လ (၂၃)ရက်နေ့ကတည်းက ဝင်ရောက်သွားပြီး လှိုဏ်ဂူအတွင်း ပိတ်မိနကြေသည့် လူငယ်ဘောလုံးအသင်းမှ (၁၃)ဦးကို ရှာဖွေကယ်ဆယ်ရေးအတွက် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံက လိုအပ်သည်များ အပြည့်အဝ ပူးပေါင်းကူညီမည်ဟု ဇွန်လ (၂၈)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပြီးနောက် ရှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ကယ်ဆယ်ရေးအဖွဲ့များဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ရန် ဇွန်လ (၂၈)ရက်နေ့တွင် အဆင်သင့်ပြင်ဆင်ဆောင်ရွက်နကြခြေင်းဖြစ်သည်။
ပြည်နယ်အစိုးရညွှန်ကြားချက် အရ ဇွန်လ (၂၈)ရက်နေ့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ မြန်မာတာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် တာချီလိတ်ခရိုင်၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းနှင့် တပ်ဖွဲ့ဝင်အင်အား (၃၀)၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘမိုးမြင့် နှင့် ကြက်ခြေနီတပ်ဖွဲ့ဝ အပါအဝင် အလင်းရောင်ပရဟိတအသင်း နှင့် လူမှုကူညီရေး အသင်းများက ကူညီကယ်ဆယ်ရေးအတွက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်နခြေင်းဖြစ်သည်။
မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦး ရှာဖွေရေးအတွက် ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့၊ တော်ဝင်ရေတပ်၊ လေတပ်၊ တပ်မတော်အင်အားများ၊ အထူးကယ်ဆယ်ရေးအဖွဲ့များ၊ နိုင်ငံတကာမှ ဂူအတွင်းရှာဖွေ ကယ်ဆယ်ရေး ကျွမ်းကျင်သူများနှင့်အတူ ထိုင်းနိုင်ငံက အကူအညီတောင်းခံချက်အရ အမေရိကန်ပြည်ထောင်စုမှ ကယ်ဆယ်ရေးကျွမ်းကျင်သူများဖြင့် (၆)ရက်မြောက်နေ့ ရှာဖွေရေးကို ဆက်လက် ဆောင်ရွက်နကြခြေင်းဖြစ်သည်။
သတင်း - #ချယ်ရီထိုက်
ဓာတ်ပုံ - #ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~