မယ်ဆိုင် ဂူအတွင်း ပိတ်မိနေသည့် လူငယ် (၁၃)ဦး ရှိနိုင်မည့်နေရာများကို ရေလျော့နည်းသည်နှင့် အမြန်ဝင်ရောက် ရှာဖွေမည်

မယ်ဆိုင် ဂူအတွင်း ပိတ်မိနေသည့် လူငယ် (၁၃)ဦး ရှိနိုင်မည့်နေရာများကို ရေလျော့နည်းသည်နှင့် အမြန်ဝင်ရောက် ရှာဖွေမည်
ဇှနျ 27, 2018
By Tachileik News Agency


ဇွန်လ (၂၆)ရက်နေ့ညက မိုးရွာသွန်းပြီး ဂူအတွင်း ရေများလာသဖြင့် ရှာဖွေရေးကို ခေတ္တ ရပ်ဆိုင်းခဲ့ရသော်လည်း ဇွန်လ (၂၇)ရက်နေ့ ညနေတွင် ရာသီဥတု သာယာနေလျက်ရှိရာ လက်ရှိ  ဂူအတွင်း အဓိက(၅)နေရာမှ ရေများစုပ်ထုတ်နေပြီး ရေလျော့နည်းသွားသည်နှင့် ကယ်ဆယ်ရေးအဖွဲ့မှ အဓိက အဖွဲ့(၃) ဖွဲ့ခွဲ၍ ဂူအထက်ရှိ အထူးတပ်ဖွဲ့များနှင့် သစ်တောအဖွဲ့များက ကြိုးများဖြင့် ဂူအတွင်း ဆင်းသက်ရှာဖွေခြင်း ၊ အထူးကယ်ဆယ်ရေးအဖွဲ့က" ဖတ်ထယားဘိခ်ျ" အနီးသို့ ချည်းကပ်ခြင်းတို့ဖြင့် ကလေးများ ရှိနိုင်မည်ဟု မှန်းဆထားသည့် နေရာများသို့ အမြန်ဆုံး ဝင်ရောက်ရှာဖွေကြမည်ဖြစ်ကြောင်း အမှတ်(၃)ဒုတိယစစ်တိုင်းမှူး ဗိုလ်မှူးချုပ် ချလောင်းချိုင်း ချိုင်းယခမ်းက ဇွန်လ (၂၇)ရက်နေ့တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။



ဂူအပြင်မှ စောင့်ဆိုင်းနေကြသည့် ကလေးများ၏ မိဘဆွေမျိုးများကို ကိုယ်ချင်းစာအားနာစိတ်ဖြင့် သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာမှ မဖြန့်ကြရန်နှင့် ထူးခြားမှုရှိပါက တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ တရားဝင်ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်းကိုလည်း ပြောကြားလိုက်သည်။

သတင်း - စည်သူမောင်




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးအား ရှာဖွေမှုများ ပြုလုပ် နေလျက်ရှိရာ (၅)ရက်မြောက်နေ့ဖြစ်သည့် ဇွန်လ (၂၇)ရက်နေ့ညတွင် လက်ရှိ အခြေအနေအတိုင်း ရာသီဥတု သာယာနေပါက ရေလျော့နည်းသွားသည်နှင့် အထူးကယ်ဆယ်ရေး အဖွဲ့များက ကလေးများရှိနိုင်မည်ဟု မှန်းဆထားသည့် နေရာများသို့ အမြန်ဆုံးဝင်ရောက် ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ (၂၆)ရက်နေ့ညက မိုးရွာသွန်းပြီး ဂူအတွင်း ရေများလာသဖြင့် ရှာဖွေရေးကို ခေတ္တ ရပ်ဆိုင်းခဲ့ရသော်လည်း ဇွန်လ (၂၇)ရက်နေ့ ညနေတွင် ရာသီဥတု သာယာနေလျက်ရှိရာ လက်ရှိ ဂူအတွင်း အဓိက(၅)နေရာမှ ရေများစုပ်ထုတ်နပြေီး ရေလျော့နည်းသွားသည်နှင့် ကယ်ဆယ်ရေးအဖွဲ့မှ အဓိက အဖွဲ့(၃) ဖွဲ့ခွဲ၍ ဂူအထက်ရှိ အထူးတပ်ဖွဲ့များနှင့် သစ်တောအဖွဲ့များက ကြိုးများဖြင့် ဂူအတွင်း ဆင်းသက်ရှာဖွခြေင်း၊ အထူးကယ်ဆယ်ရေးအဖွဲ့က" ဖတ်ထယားဘိချ်" အနီးသို့ ချည်းကပ်ခြင်းတို့ဖြင့် ကလေးများ ရှိနိုင်မည်ဟု မှန်းဆထားသည့် နေရာများသို့ အမြန်ဆုံး ဝင်ရောက်ရှာဖွကြေမည်ဖြစ်ကြောင်း အမှတ်(၃)ဒုတိယစစ်တိုင်းမှူး ဗိုလ်မှူးချုပ် ချလောင်းချိုင်း ချိုင်းယခမ်းက ဇွန်လ (၂၇)ရက်နေ့တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ ရှာဖွေမှုများကိုလည်း ည (၇)နာရီအထိ ပျံသန်းရှာဖွေခဲ့ခြင်းဖြစ်သည်။

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေအနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ဇွန်လ(၂၇)ရက်နေ့ ထိုင်းစံတော်ချိန် ည(၈)နာရီကျော်အထိ ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိရာ လူငယ်(၁၃)ဦးအား ရှာဖွေတွေ့ရှိရခြင်း မရှိသေးသဖြင့် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက် လုပ်ဆောင်နေလျက်ရှိသည်။

ဂူအပြင်မှ စောင့်ဆိုင်းနကြေသည့် ကလေးများ၏ မိဘဆွေမျိုးများကို ကိုယ်ချင်းစာအားနာစိတ်ဖြင့် သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာမှ မဖြန့်ကြရန်နှင့် ထူးခြားမှုရှိပါက တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ တရားဝင်ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်းကိုလည်း ပြောကြားလိုက်သည်။

သတင်း - စည်သူမောင်
Photo crd: Kongpiban,Srakaew

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~