မယ္ဆုိင္ၿမိဳ႕ လိုဏ္ဂူအတြင္း ပိတ္မိေနသည့္ လူငယ္ (၁၃)ဦးကို ယေန႔ညတြင္ အင္အားႏွစ္ဆျဖည့္၍ ရွာေဖြမည္

မယ္ဆုိင္ၿမိဳ႕ လိုဏ္ဂူအတြင္း ပိတ္မိေနသည့္ လူငယ္ (၁၃)ဦးကို ယေန႔ညတြင္ အင္အားႏွစ္ဆျဖည့္၍ ရွာေဖြမည္
ဇွန် 26, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ ထုိင္းႏုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕ လွိဳဏ္ဂူအတြင္းပိတ္မိေနသည့္ ေက်ာင္းသားလူငယ္(၁၃)ဦးအား ရွာေဖြေနသည့္ (၄)ရက္ေျမာက္ေန႔ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၆)ရက္ေန႔ ညပိုင္းတြင္ ရွာေဖြေရး အင္အား ႏွစ္ဆတိုး၍ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း အမ်ိဳးသားဥယ်ာဥ္ထိန္းသိမ္းေရးဌာနမွ ၫြန္ၾကားေရးမွဴး Mr. Htanyar Nethtammakol က ေျပာၾကားလုိက္သည္။

ဂူအတြင္းသို႔ ဆက္သြယ္ေရးႀကိဳးမ်ား၊ ေရစုပ္ယူရန္ လွ်ပ္စစ္ဓာ္အားအတြက္ ေရထဲတြင္ အသံုးျပဳႏိုင္သည့္ မီးႀကိဳးမ်ားကို စစ္သည္အင္အား(၄၀၀) ျဖင့္ သြယ္တန္းလိက္ရွိၿပီး လက္ရိွတြင္ (၃) ကီလိုမီတာ အရွည္သို႔ ေရာက္ရိွေနၿပီျဖစ္သည္။

ေျခလ်င္စစ္သည္ႏွင့္ သစ္ေတာအဖြဲ႕ပူးေပါင္းအင္အား (၂၀၀)ခန္႔သည္ ဝက္ဝံေတာင္ေၾကာ( ဒြိဳင္ဖာမီ)ႏွင့္ ထမ့္လြမ္ဂူ အထက္ ဒြိဳင္နန္းႏြန္းေတာင္ထိပ္ ( Point) အနီးတစ္ဝိုက္တြင္ ဂူေပါက္ငယ္ေတြ႕ရွိၿပီး အစားအေသာက္မ်ားကို ပစ္ခ်ေပးခဲ့ေသာ္လည္း ဂူအတြင္း ပဲ့တင္သံမ်ား မၾကားရသျဖင့္ ဂူ၏လွ်ိဳေပါက္မွ ေအာက္ေျခသို႔ ေရာက္ရွိေၾကာင္း သံုးသပ္ထားၾကသည္။

ပိတ္မိေနသူမ်ားသည္ ဂူအတြင္းလမ္းေၾကာင္း (၃)ခုရိွေနသည့္ အနက္ အဆိုပါ အဖြဲ႕သြားေနက် Pattaya Beach တြင္ ရွိမေနေတာ့ဘဲ ေရွ႕သို႔တိုးသြားသျဖင့္ ေနာက္မွကယ္ဆယ္ေရးအဖြဲ႕မ်ားျဖင့္ မဆံုႏိုင္ေသးျခင္း ျဖစ္မည္ဟု ကယ္ဆယ္ေရးအဖြဲ႕မ်ားက သံုးသပ္ထားၾကၿပီး ေရႏွင့္လြတ္ရာ ဂူအတြင္းရွိ အျမင့္တစ္ေနရာတြင္ ခိုေအာင္းေနႏိုင္ေၾကာင္းလည္း သံုးသပ္ထားၾကသည္။

အကူနည္းျပသည္ ဂူအတြင္းသို႔ စတင္ဝင္သြားစဥ္က စားစရာမုန္႔မ်ား ဘတ္(၁၀၀၀)ဖိုး ဝယ္သြားသျဖင့္ အနည္းဆံုး(၂)ရက္စာဖူလံုႏိုင္ၿပီး ဂူနံရံရိွ ေက်ာက္ခက္ေက်ာက္စြယ္မ်ားမွ ေရကိုေသာက္ႏုိင္ျခင္းေၾကာင့္ အနည္းဆံုး ႏွစ္ပတ္အထိ အသက္ရွင္ႏုိင္သည္ဟု မိသားစုမ်ားကလည္း ေမွ်ာ္လင့္ေနၾကသည္။

ပိတ္မိေနသည့္ အဖြဲ႕အားေတြ႔ရိွပါက ဂူအတြင္းရွိ အပူခ်ိန္မွာ (၂၁) ဒီဂရီစင္တီဂရိတ္မွ (၂၅)ဒီဂရီစင္တီဂရိတ္ၾကား ရိွေနသျဖင့္ ခႏၶာကိုယ္ အေႏြးဓာတ္ရရိွရန္ ျပဳစုကုသျခင္းႏွင့္ အာဟာရျဖည့္ရန္ အခ်ိဳရည္ႏွင့္ အာဟာရသၾကားလံုးမ်ားသာ ေကၽြးၿပီး အျခားအစားအစာမ်ား မေကၽြးရန္၊ ဂူထဲမွ ထြက္လာခ်ိန္တြင္ မ်က္လံုးကို အလင္းေရာင္ခ်က္ခ်င္း မထိေတြ႕ေစရန္၊ ဂူအတြင္းရိွ လင္းႏို႕ငွက္မ်ား ကိုက္ခံရပါက ေခြး႐ူးေရာဂါမ်ား ရရွိႏိုင္သျဖင့္ က်န္းမာေရး စစ္ေဆးမႈႏွင့္ အနီးကပ္ေစာင့္ေရွာက္မႈမ်ား လုပ္ေဆာင္ရန္တို႔ကိုလည္း ကၽြမ္းက်င္ဆရာဝန္မ်ားက အႀကံျပဳမွာၾကားထားေၾကာင္း သိရသည္။

သတင္း - #စည္သူေမာင္
Photo crd :  Rungrot Kongpiban



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ လှိုဏ်ဂူအတွင်းပိတ်မိနေသည့် ကျောင်းသားလူငယ်(၁၃)ဦးအား ရှာဖွေနေသည့် (၄)ရက်မြောက်နေ့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့ ညပိုင်းတွင် ရှာဖွေရေး အင်အား နှစ်ဆတိုး၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးဌာနမှ ညွန်ကြားရေးမှူး Mr. Htanyar Nethtammakol က ပြောကြားလိုက်သည်။

ဂူအတွင်းသို့ ဆက်သွယ်ရေးကြိုးများ၊ ရေစုပ်ယူရန် လျှပ်စစ်ဓာ်အားအတွက် ရေထဲတွင် အသုံးပြုနိုင်သည့် မီးကြိုးများကို စစ်သည်အင်အား(၄၀၀) ဖြင့် သွယ်တန်းလိက်ရှိပြီး လက်ရှိတွင် (၃) ကီလိုမီတာ အရှည်သို့ ရောက်ရှိနပြေီဖြစ်သည်။

ခြေလျင်စစ်သည်နှင့် သစ်တောအဖွဲ့ပူးပေါင်းအင်အား (၂၀၀)ခန့်သည် ဝက်ဝံတောင်ကြော( ဒွိုင်ဖာမီ)နှင့် ထမ့်လွမ်ဂူ အထက် ဒွိုင်နန်းနွန်းတောင်ထိပ် ( Point) အနီးတစ်ဝိုက်တွင် ဂူပေါက်ငယ်တွေ့ရှိပြီး အစားအသောက်များကို ပစ်ချပေးခဲ့သော်လည်း ဂူအတွင်း ပဲ့တင်သံများ မကြားရသဖြင့် ဂူ၏လျှိုပေါက်မှ အောက်ခြေသို့ ရောက်ရှိကြောင်း သုံးသပ်ထားကြသည်။

ပိတ်မိနေသူများသည် ဂူအတွင်းလမ်းကြောင်း (၃)ခုရှိနေသည့် အနက် အဆိုပါ အဖွဲ့သွားနေကျ Pattaya Beach တွင် ရှိမနေတော့ဘဲ ရှေ့သို့တိုးသွားသဖြင့် နောက်မှကယ်ဆယ်ရေးအဖွဲ့များဖြင့် မဆုံနိုင်သေးခြင်း ဖြစ်မည်ဟု ကယ်ဆယ်ရေးအဖွဲ့များက သုံးသပ်ထားကြပြီး ရေနှင့်လွတ်ရာ ဂူအတွင်းရှိ အမြင့်တစ်နေရာတွင် ခိုအောင်းနေနိုင်ကြောင်းလည်း သုံးသပ်ထားကြသည်။

အကူနည်းပြသည် ဂူအတွင်းသို့ စတင်ဝင်သွားစဉ်က စားစရာမုန့်များ ဘတ်(၁၀၀၀)ဖိုး ဝယ်သွားသဖြင့် အနည်းဆုံး(၂)ရက်စာဖူလုံနိုင်ပြီး ဂူနံရံရှိ ကျောက်ခက်ကျောက်စွယ်များမှ ရေကိုသောက်နိုင်ခြင်းကြောင့် အနည်းဆုံး နှစ်ပတ်အထိ အသက်ရှင်နိုင်သည်ဟု မိသားစုများကလည်း မျှော်လင့်နကြေသည်။

ပိတ်မိနေသည့် အဖွဲ့အားတွေ့ရှိပါက ဂူအတွင်းရှိ အပူချိန်မှာ (၂၁) ဒီဂရီစင်တီဂရိတ်မှ (၂၅)ဒီဂရီစင်တီဂရိတ်ကြား ရှိနေသဖြင့် ခန္ဓာကိုယ် အနွေးဓာတ်ရရှိရန် ပြုစုကုသခြင်းနှင့် အာဟာရဖြည့်ရန် အချိုရည်နှင့် အာဟာရသကြားလုံးများသာ ကျွေးပြီး အခြားအစားအစာများ မကျွေးရန်၊ ဂူထဲမှ ထွက်လာချိန်တွင် မျက်လုံးကို အလင်းရောင်ချက်ချင်း မထိတွေ့စေရန်၊ ဂူအတွင်းရှိ လင်းနို့ငှက်များ ကိုက်ခံရပါက ခွေးရူးရောဂါများ ရရှိနိုင်သဖြင့် ကျန်းမာရေး စစ်ဆေးမှုနှင့် အနီးကပ်စောင့်ရှောက်မှုများ လုပ်ဆောင်ရန်တို့ကိုလည်း ကျွမ်းကျင်ဆရာဝန်များက အကြံပြုမှာကြားထားကြောင်း သိရသည်။

သတင်း - #စည်သူမောင်
Photo crd : Rungrot Kongpiban

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~