က်ဳိင္းတံုမွ ျပန္လာသည့္ ကားတစ္စီး တာခ်ီလိတ္ၿမိဳ႕နယ္ ရန္ရွင္း(၄)ရြာေဘးရွိ ေရေခ်ာင္းထဲ အရွိန္လြန္ထိုးက်

က်ဳိင္းတံုမွ ျပန္လာသည့္ ကားတစ္စီး တာခ်ီလိတ္ၿမိဳ႕နယ္ ရန္ရွင္း(၄)ရြာေဘးရွိ ေရေခ်ာင္းထဲ အရွိန္လြန္ထိုးက်
ဇွန် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း တာခ်ီလိတ္ - တာေလသြားလမ္းေပၚရွိ မိုင္းကိုးေက်းရြာ အုပ္စု၊ ရန္ရွင္း(၄)ရြာအ၀င္တြင္ က်ဳိင္းတံုဘက္မွ လာသည့္ ကားတစ္စီး ထိုးက်သြားမႈ ၂၀၁၈ခုႏွစ္ ဇြန္လ(၁၁)ရက္ေန႔ ညေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ရွင္း(၄)ရြာအ၀င္ ကားလမ္းေဘးရွိ အနက္ေပ(၁၀၀)ေက်ာ္ နက္သည့္ ေရေခ်ာင္းထဲသို႔ ကားတစ္စီးထိုးက်ေနေၾကာင္း သတင္းရရွိ၍ တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔ မွ သြားေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး တာခ်ီလိတ္နာေရးကူညီမႈအသင္းမွလည္း အကူအညီေပးႏိုင္ရန္ အတြက္ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

ေရေခ်ာင္းထဲသို႔ က်သြားေသာ ကားအမ်ဳိးအစားမွာ စီအာဗီြ အမ်ဳိးအစား ျဖစ္ၿပီး ယာဥ္ေမာင္းမွာ ကားႏွင့္အတူ ေအာက္အထိ ပါသြားခဲ့ေသာ္လည္း ႀကီးႀကီးမားမား ထိခိုက္ဒဏ္ရာရရွိျခင္း မရွိေၾကာင္း တာခ်ီလိတ္နာေရးကူညီမႈအသင္းထံက သိရသည္။

ေခ်ာင္းထဲသို႔က်သြားေသာ အဆိုပါ ကားမွာ က်ဳိင္းတံုမွ အျပန္ ရန္ရွင္း(၄)ရြာအ၀င္ အေကြ႕တြင္ အရွိန္လြန္ကာ က်သြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း တာချီလိတ် - တာလေသွားလမ်းပေါ်ရှိ မိုင်းကိုးကျေးရွာ အုပ်စု၊ ရန်ရှင်း(၄)ရွာအဝင်တွင် ကျိုင်းတုံဘက်မှ လာသည့် ကားတစ်စီး ထိုးကျသွားမှု ၂၀၁၈ခုနှစ် ဇွန်လ(၁၁)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၄)ရွာအဝင် ကားလမ်းဘေးရှိ အနက်ပေ(၁၀၀)ကျော် နက်သည့် ရေချောင်းထဲသို့ ကားတစ်စီးထိုးကျနေကြောင်း သတင်းရရှိ၍ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး တာချီလိတ်နာရေးကူညီမှုအသင်းမှလည်း အကူအညီပေးနိုင်ရန် အတွက် ရောက်ရှိခဲ့ကြောင်း သိရသည်။

ရေချောင်းထဲသို့ ကျသွားသော ကားအမျိုးအစားမှာ စီအာဗွီ အမျိုးအစား ဖြစ်ပြီး ယာဉ်မောင်းမှာ ကားနှင့်အတူ အောက်အထိ ပါသွားခဲ့သော်လည်း ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းထံက သိရသည်။

ချောင်းထဲသို့ကျသွားသော အဆိုပါ ကားမှာ ကျိုင်းတုံမှ အပြန် ရန်ရှင်း(၄)ရွာအဝင် အကွေ့တွင် အရှိန်လွန်ကာ ကျသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~