တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးရမိသည့္ ဆုိင္ကယ္ (၉)စီးအား ပိုင္ရွင္မ်ားထံ ေပးအပ္

တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးရမိသည့္ ဆုိင္ကယ္ (၉)စီးအား ပိုင္ရွင္မ်ားထံ ေပးအပ္
ဇွန် 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕မရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးရမိသည့္ ဆုိင္ကယ္(၉)စီးအား ပိုင္ရွင္မ်ားထံ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၄)ရက္ေန႔ နံနက္ပိုင္းတြင္ တာခ်ီလိိတ္ရဲဓမၼာရံုရွိ  ေအာင္ေဇယ်ခန္းမ၌ ျပန္လည္ ေပးအပ္လုိက္သည္။

ယေန႔ နံနက္ပိုင္းတြင္ အဆိုပါ ဆိုင္ကယ္(၉)စီးအနက္ တာခ်ီလိတ္ၿမိဳ႕မွ ပိုင္ရွင္ (၈)ဦးအား အခမ္းအနားျဖင့္ ေပးအပ္ျခင္းျဖစ္ၿပီး က်န္ဆိုင္ကယ္(၁)စီးကို က်ိဳင္းတံုၿမိဳ႕မွပိုင္ရွင္ထံ လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇြန္လ(၉)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ရဲတပ္ဖြဲ႕က ဆိုင္ကယ္ခိုးသူႏွစ္ဦးထံမွ ျပန္လည္ သိမ္းဆည္း ရမိခဲ့သည့္ ဆုိင္ကယ္(၉)စီးအား လက္ရိွတြင္ ဆုိင္ကယ္ပိုင္ရွင္မ်ားအား စံုစမ္းေဖာ္ထုတ္ကာ ေပးအပ္ျခင္းျဖစ္ၿပီး တရားရံုးစီရင္ခ်က္ခ်ၿပီးသည္ႏွင့္ ပိုင္ရွင္မ်ားထံ အပ္ႏွံမည္ျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ပိုင္ရွင္မ်ားထံ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးေပၚထြန္း၊ ဒုတိယခရိုင္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးအုန္းလြင္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသန္းႏု၊ တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွ ဒုရဲမွဴးစံသိန္း၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး မ်ဳိးခိုင္၊ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္ ႏွင့္  ၿမိဳ႕မိၿမိဳ႕ဖ ဦးျမင့္ဦး(မုတ္ဆိတ္)တို႔က ဆုိင္ကယ္ကို ျပန္လည္လႊဲေျပာင္းေပးခဲ့သည္။

ဆိုင္ကယ္ခိုးသူမ်ားအား ဖမ္းဆီးရမိေရးအတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏုႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး မ်ဳိးခိုင္တို႔၏ ႀကီးၾကပ္မႈျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ေခါင္းေဆာင္ ရဲအုပ္ေအးလြင္ႏွင့္ အဖြဲ႔ အပါအဝင္ အမႈစစ္နယ္ထိန္း ဒုေခါင္းေဆာင္ ရဲအုပ္ကိုကိုဦးတို႔က ေဆာင္ရြက္ခဲ့ျခင္းျဖစ္ရာ ၂၀၁၈ခုႏွစ္ ဇြန္လ(၉)ရက္ေန႔ ေန႔လယ္ပိုင္းက ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း

ဆိုင္ကယ္ခိုးယူသူႏွစ္ဦးျဖစ္သည့္ စိုင္းရွစ္ခြန္ေက်ာ္ႏွင့္ ဇင္မင္းသူတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၇၆/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၉(ဆိုင္ကယ္)ျဖင့္ အမႈဖြင့္စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့မရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိသည့် ဆိုင်ကယ်(၉)စီးအား ပိုင်ရှင်များထံ ၂၀၁၈ ခုနှစ် ဇွန်လ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်ရဲဓမ္မာရုံရှိ အောင်ဇေယျခန်းမ၌ ပြန်လည် ပေးအပ်လိုက်သည်။

ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဆိုင်ကယ်(၉)စီးအနက် တာချီလိတ်မြို့မှ ပိုင်ရှင် (၈)ဦးအား အခမ်းအနားဖြင့် ပေးအပ်ခြင်းဖြစ်ပြီး ကျန်ဆိုင်ကယ်(၁)စီးကို ကျိုင်းတုံမြို့မှပိုင်ရှင်ထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇွန်လ(၉)ရက်နေ့ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့က ဆိုင်ကယ်ခိုးသူနှစ်ဦးထံမှ ပြန်လည် သိမ်းဆည်း ရမိခဲ့သည့် ဆိုင်ကယ်(၉)စီးအား လက်ရှိတွင် ဆိုင်ကယ်ပိုင်ရှင်များအား စုံစမ်းဖော်ထုတ်ကာ ပေးအပ်ခြင်းဖြစ်ပြီး တရားရုံးစီရင်ချက်ချပြီးသည်နှင့် ပိုင်ရှင်များထံ အပ်နှံမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ပိုင်ရှင်များထံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်း၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးစံသိန်း၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးခိုင်၊ တာချီလိတ်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင် နှင့် မြို့မိမြို့ဖ ဦးမြင့်ဦး(မုတ်ဆိတ်)တို့က ဆိုင်ကယ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ဆိုင်ကယ်ခိုးသူများအား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုနှင့် တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်တို့၏ ကြီးကြပ်မှုဖြင့် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်အေးလွင်နှင့် အဖွဲ့ အပါအဝင် အမှုစစ်နယ်ထိန်း ဒုခေါင်းဆောင် ရဲအုပ်ကိုကိုဦးတို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၂၀၁၈ခုနှစ် ဇွန်လ(၉)ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း

ဆိုင်ကယ်ခိုးယူသူနှစ်ဦးဖြစ်သည့် စိုင်းရှစ်ခွန်ကျော်နှင့် ဇင်မင်းသူတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၇၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉(ဆိုင်ကယ်)ဖြင့် အမှုဖွင့်စစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~