ညီအစ်ကိုချင်း စကားများရာမှ အစ်ကိုဖြစ်သူ ဓါးထိုးခံရပြီး သေဆုံးမှု ကျောက်မဲတွင် ဖြစ်ပွား

ညီအစ်ကိုချင်း စကားများရာမှ အစ်ကိုဖြစ်သူ ဓါးထိုးခံရပြီး သေဆုံးမှု ကျောက်မဲတွင် ဖြစ်ပွား
ဇှနျ 8, 2018
By Tachileik News Agency


ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်၊ နယ်မြေ (၁၅) ကန်မိန်းရပ်တွင် ၂၀၁၈ ခုနှစ် ဇွန်လ (၇) ရက်နေ့ ည (၉) နာရီခန့်က အိုက်လူးက နေအိမ်တွင် ထမင်းစားနေစဉ် ညီဖြစ်သူ အိုက်ဝမ်နှင့် ဇနီး၊ အိုက်ကစ်နှင့် နေအိမ်သို့ အလည်ရောက်နေသည့် စိုးအောင်တို့ အတူရှိနေကြရာမှ ညီဖြစ်သူ အိုက်ဝမ်နှင့် အိုက်ကစ်တို့ စကားများ ရန်ဖြစ်ကြသည်ကို အသံကြားသဖြင့် သွားရောက်ကြည့်ရှုရာ စိုးအောင်ကဖျန်ဖြေပေးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။


အိုက်ဝမ် ထွက်သွားပြီးနောက် အိုက်ကစ်မှာ ရပ်နေရာမှ ထိုင်ချလျက်နောက်ပြန်လဲကျသွားပြီး အိုက်ဝမ်က ဝဲဘက်ပခုံးကို ဓါးဖြင့်ထိုးသွားကြောင်းပြောသဖြင့် အိုက်လူးသည် အိမ်အနီးရှိ ဦးလေးဖြစ်သူ ဦးအိုက်ဆွယ်အား သွားခေါ်၍ ပြန်ရောက်လာရာ အိုက်ကစ်မှာ နေရာတွင် သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။


သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ညီအစ်ကိုချင်းစကားများရာမှ အစ်ကိုဖြစ်သူ ဓားဖြင့်ထိုးခံရပြီး သေဆုံးသွားသဖြင့် ညီဖြစ်သူကို လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်၊ နယ်မြေ (၁၅) ကန်မိန်းရပ်တွင် ၂၀၁၈ ခုနှစ် ဇွန်လ (၇) ရက်နေ့ ည (၉) နာရီခန့်က အိုက်လူးက နေအိမ်တွင် ထမင်းစားနေစဉ် ညီဖြစ်သူ အိုက်ဝမ်နှင့် ဇနီး၊ အိုက်ကစ်နှင့် နေအိမ်သို့ အလည်ရောက်နေသည့် စိုးအောင်တို့ အတူရှိနကြေရာမှ ညီဖြစ်သူ အိုက်ဝမ်နှင့် အိုက်ကစ်တို့ စကားများ ရန်ဖြစ်ကြသည်ကို အသံကြားသဖြင့် သွားရောက်ကြည့်ရှုရာ စိုးအောင်ကဖျန်ဖြေပေးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အိုက်ကစ်၏ ဝဲဘက်ညှပ်ရိုးအနီးမှ သွေးများထွက်နေသည်ကို တွေ့လိုက်ရသဖြင့် အိုက်ဝမ်အား ဆက်လက် မပြုလုပ်ရန် ဆွဲထားရာ အိုက်ဝမ်က အိမ်အပြင်ထွက်မည် လွှတ်ပေးဟုပြော၍ လွှတ်ပေးလိုက်ရာ အိမ်ပြင်သို့ ထွက်သွားခဲ့ကြောင်း သိရသည်။

အိုက်ဝမ် ထွက်သွားပြီးနောက် အိုက်ကစ်မှာ ရပ်နေရာမှ ထိုင်ချလျက်နောက်ပြန်လဲကျသွားပြီး အိုက်ဝမ်က ဝဲဘက်ပခုံးကို ဓားဖြင့်ထိုးသွားကြောင်းပြောသဖြင့် အိုက်လူးသည် အိမ်အနီးရှိ ဦးလေးဖြစ်သူ ဦးအိုက်ဆွယ်အား သွားခေါ်၍ ပြန်ရောက်လာရာ အိုက်ကစ်မှာ နေရာတွင် သေဆုံးနပြေီဖြစ်ကြောင်း သိရသည်။

အစ်ကိုဖြစ်သူကို ဓားဖြင့်ထိုးသည့် အိုက်ဝမ်အား ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၂၃၃/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ဇီဝိတလူမှုကူညီရေးအသင်း(ကျောက်မဲ)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~