နိုင်ငံနယ်နိမိတ်မျဉ်းအနီး ပေ (၁၅၀)အတွင်း ဝင်ရောက်နေထိုင်မှုများရှိနေသည့် ရခိုင်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်များတွင် စိစစ်မှုများ လုပ်ဆောင်နေ

နိုင်ငံနယ်နိမိတ်မျဉ်းအနီး ပေ (၁၅၀)အတွင်း ဝင်ရောက်နေထိုင်မှုများရှိနေသည့် ရခိုင်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်များတွင် စိစစ်မှုများ လုပ်ဆောင်နေ
ဇှနျ 17, 2018
By Tachileik News Agency

အိမ်နီးချင်းနိုင်ငံများတွင် နယ်စပ်ဖြတ်ကျော်ကျေးရွာများ တည်ဆောက်ခြင်းကို ဟန့်တားနိုင်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့်‌ နယ်နိမိတ်မျဉ်းမှ ပေ (၁၅၀) အကွာဇုန်အတွင်း မည်သည့်‌ အဆောက်အဦမျှ ဆောက်လုပ်ခွင့်‌ မရှိသည့်‌အပြင် ဆောက်လုပ်မှုများ တွေ့ရှိပါက ပြန်ဖျက်ပေးရန် တာဝန်ရှိကြောင်း သိရသည်။


နှစ်နိုင်ငံနယ်နိမိတ်ကို ပူးတွဲစစ်ဆေးရာတွင် သက်ဆိုင်ရာနိုင်ငံများ၏ ဒေသအာဏာပိုင်များ၊ လုံခြုံရေး တာဝန်ရှိသူများနှင့် မြေတိုင်းကျွမ်းသူများ ပါဝင်သည့် အဖွဲ့ဖြင့် မြေပြင်၌ တိုင်းတာရေးကိရိယာများ အသုံးပြုပြီး မျဉ်းကြောင်းများ၊ ဇုန်များဖြင့်‌ပုံဖော်ကာ မြေပြင်ရှိအဆောက်အဦများ နယ်နိမိတ်မျဉ်းကို ကျော်လွန်ခြင်း ရှိ/မရှိ၊ non-construction Zone အတွင်းဝင်ရောက်နေခြင်းရှိ/မရှိကို စစ်ဆေးလေ့ရှိပြီး နယ်နမိတ်တိုင်းတာရေးဆိုင်ရာ နည်းပညာကျွမ်းကျင်သူများက နယ်နမိတ်မျဉ်း(Boundary Line )ကို Zero Line ဟုလည်းကောင်း နှစ်နိုင်ငံ၏ နယ်နိမိတ်မျဉ်းမှ ပေ(၁၅၀) အတွင်း အဆောက်အဦ မဆောက်ရနယ်မြေကို  Zero Line Area ဟုလည်းကောင်း သုံးစွဲလေ့ရှိကာ ဒေသခံများက No Man Land ဟု အရပ်ခေါ်ဖြင့် သုံးစွဲလေ့ရှိကြောင်း ၂၀၁၈ ခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က အဆိုပါ အခေါ်အဝေါ် အသုံးအနှုန်းများနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ရှင်းလင်းဖြေကြားထားသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး ပေ(၁၅၀) အတွင်း အဆောက်အဦ မဆောက်ရနယ်မြေအတွင် လူဝင်ရောက် နေထိုင်မှုများ ရှိနေသည့် ရခိုင်ပြည်နယ်ရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းနယ်စပ်တွင် စိစစ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများတွင် နယ်စပ်ဖြတ်ကျော်ကျေးရွာများ တည်ဆောက်ခြင်းကို ဟန့်တားနိုင်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံများ အနဖြေင်‌့ နယ်နိမိတ်မျဉ်းမှ ပေ (၁၅၀) အကွာဇုန်အတွင်း မည်သည်‌့ အဆောက်အဦမျှ ဆောက်လုပ်ခွင်‌့ မရှိသည်‌့အပြင် ဆောက်လုပ်မှုများ တွေ့ရှိပါက ပြန်ဖျက်ပေးရန် တာဝန်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်တွင် သတ်မှတ်ဧရိယာအတွင်း နေထိုင်သူများ မရှိစေရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက တည်ဆဲဥပဒေများနှင်‌့အညီ ညှိနှိုင်းဆောင်ရွက်နေကြောင်းသိရပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ မြန်မာ - ထိုင်းနယ်နိမိတ်ဖြစ်သည့် မယ်ဆိုင် - မယ်ဟောက်ချောင်းဘေး တစ်ဖက် ပေ(၁၅၀)စီအကွာအဝေးအတွင်း နှစ်နိုင်ငံမှ ဒေသခံများ ကျူးကျော် တည်ဆောက်ထားသည့် အဆောက်အဦများအား ၂၀၁၈ ခုနှစ်၊ မေလ (၃၁)ရက်နေ့က နှစ်နိုင်ငံတာဝန်ရှိသူများက ပူးတွဲကြည့်ရှုစစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံဘက်ခြမ်း၊ မယ်ဆိုင်မြို့နယ်တွင် ကျူးကျော်နေအိမ် အဆောက်အဦး (၃၃)လုံး၊ မြန်မာဘက်ခြမ်း တာချီလိတ်မြို့နယ်တွင် ကျူးကျော် နေအိမ်အဆောက်အဦး (၄၅)လုံးတို့အား စစ်ဆေးတွေ့ရှိထားသဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများက အဆိုပါ ကိစ္စကို ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံနယ်နိမိတ်ကို ပူးတွဲစစ်ဆေးရာတွင် သက်ဆိုင်ရာနိုင်ငံများ၏ ဒေသအာဏာပိုင်များ၊ လုံခြုံရေး တာဝန်ရှိသူများနှင့် မြေတိုင်းကျွမ်းသူများ ပါဝင်သည့် အဖွဲ့ဖြင့် မြပြေင်၌ တိုင်းတာရေးကိရိယာများ အသုံးပြုပြီး မျဉ်းကြောင်းများ၊ ဇုန်များဖြင်‌့ပုံဖော်ကာ မြပြေင်ရှိအဆောက်အဦများ နယ်နိမိတ်မျဉ်းကို ကျော်လွန်ခြင်း ရှိ/မရှိ၊ non-construction Zone အတွင်းဝင်ရောက်နခြေင်းရှိ/မရှိကို စစ်ဆေးလေ့ရှိပြီး နယ်နမိတ်တိုင်းတာရေးဆိုင်ရာ နည်းပညာကျွမ်းကျင်သူများက နယ်နမိတ်မျဉ်း(Boundary Line )ကို Zero Line ဟုလည်းကောင်း နှစ်နိုင်ငံ၏ နယ်နိမိတ်မျဉ်းမှ ပေ(၁၅၀) အတွင်း အဆောက်အဦ မဆောက်ရနယ်မြေကို Zero Line Area ဟုလည်းကောင်း သုံးစွဲလေ့ရှိကာ ဒေသခံများက No Man Land ဟု အရပ်ခေါ်ဖြင့် သုံးစွဲလေ့ရှိကြောင်း ၂၀၁၈ ခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က အဆိုပါ အခေါ်အဝေါ် အသုံးအနှုန်းများနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ရှင်းလင်းဖြကြေားထားသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~