ကျောင်းဖွင့်ရာသီအစ ကျောင်းတွင်းသန့်ရှင်းရေးအဖြစ် အထက(တာချီလိတ်)တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ကျောင်းဖွင့်ရာသီအစ ကျောင်းတွင်းသန့်ရှင်းရေးအဖြစ် အထက(တာချီလိတ်)တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်
ဇွန် 3, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်တွင် မေလ နောက်ဆုံးပတ်နှင့် ဇွန်လအစတို့မှ စတင်ကာ အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း မြို့ပေါ်ရှိ စာသင်ကျောင်းများ၌ စုပေါင်း သန့်ရှင်ရေးများ ပြုလုပ်နေလျက်ရှိရာ စာသင်ကျောင်း(၄)ကျောင်းမြောက်အဖြစ် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ဇွန်လ(၃)ရက်နေ့ နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စုပေါင်း သန့်ရှင်းရေးပြုလုပ်ရာတွင် အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်)မှ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အထက(တာချီလိတ်)မှ ဆရာ/မများမှ စုပေါင်းပါဝင်၍ အဆိုပါ ကျောင်းအတွင်း မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းမှ အမှိုက်များ ဆယ်ယူခြင်း၊ ချုံနွယ်သစ်ပင်များ ရှင်းလင်းခြင်း စသည်တို့ ကို စုပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ဆက်လက်၍ ၂၀၁၈ခုနှစ် ဇွန်လ(၉)ရက်နေ့ဖြစ်သည့် စနေနေ့တွင် တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ ဆေးရုံကြီးတွင် လည်းကောင်း၊ ဇွန်လ(၁၀)ရက်နေ့ ဖြစ်သည့် တနင်္ဂနွေတွင် တာချီလိတ်မြို့အထွက် ဖြစ်သည့် အထက(ဟောင်လိတ်)ကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရန် အတွက် စီစဉ်ထားရှိရာ မည်သူမဆို လာရောက်၍ ပူးပေါင်းလုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။

"အခုတခေါက် လာရောက် ပူးပေါင်းဆောင်ရွက်တဲ့သူတွေများတယ်၊ နောက်အပတ်မှာလည်း ဒီထက်ပိုများဦးမယ်၊ တပ်ရော ရဲရော ပါမယ်၊ လာမဲ့အပတ် စနေနေ့မှာ ဆေးရုံကြီးထဲမှာ စုပေါင်း သန့်ရှင်းရေးလုပ်မယ်၊ တနင်္ဂနွေနေ့မှာတော့ အထက(ဟောင်လိတ်)မှာ လုပ်ကြမှာပါ၊ တာချီလိတ်မှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့များအနေနဲ့ လာရောက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း ဖိတ်ခေါ်ပါတယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စာသင်ကျောင်းများအတွက် စုပေါင်းသန့်ရှင်းရေးအဖြစ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မဇ္ဈိမလူမှုကူညီရေးအသင်း ပါဝင်သည့် လူမှုရေးအသင်းအဖွဲ့များမှ ပြီးခဲ့သည့် ရက်များက အထက(ဆန်ဆိုင်း)၊ အထက(ခွဲ)ပုန်းထွန်၊ အလက(ခွဲ)တာလော့ ကျောင်းတို့တွင် စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြပြီး ၂၀၁၈ခုနှစ် ဇွန်လ(၃)ရက်နေ့တွင် မြို့ပေါ် စာသင်ကျောင်း(၄)ကျောင်းမြောက်အဖြစ် အထက(တာချီလိတ်)တွင် ဆောင်ရွက်ကြခြင်း ဖြစ်သည်။

ဓါတ်ပုံ - UTS ၊ နေမျိုး(မဇ္ဈိမ)

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်တွင် မေလ နောက်ဆုံးပတ်နှင့် ဇွန်လအစတို့မှ စတင်ကာ အပတ်စဉ် စနေ တနဂင်ဿနွေနေ့တိုင်း မြို့ပေါ်ရှိ စာသင်ကျောင်းများ၌ စုပေါင်း သန့်ရှင်ရေးများ
 ပြုလုပ်နေလျက်ရှိရာ စာသင်ကျောင်း(၄)ကျောင်းမြောက်အဖြစ် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ဇွန်လ(၃)ရက်နေ့ နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စုပေါင်း သန့်ရှင်းရေးပြုလုပ်ရာတွင် အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်)မှ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အထက(တာချီလိတ်)မှ ဆရာ/မများမှ စုပေါင်းပါဝင်၍ အဆိုပါ ကျောင်းအတွင်း မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းမှ အမှိုက်များ ဆယ်ယူခြင်း၊ ချုံနွယ်သစ်ပင်များ ရှင်းလင်းခြင်း စသည်တို့ ကို စုပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ဆက်လက်၍ ၂၀၁၈ခုနှစ် ဇွန်လ(၉)ရက်နေ့ဖြစ်သည့် စနေနေ့တွင် တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ ဆေးရုံကြီးတွင် လည်းကောင်း၊ ဇွန်လ(၁၀)ရက်နေ့ ဖြစ်သည့် တနဂင်ဿနွေတွင် တာချီလိတ်မြို့အထွက် ဖြစ်သည့် အထက(ဟောင်လိတ်)ကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရန် အတွက် စီစဉ်ထားရှိရာ မည်သူမဆို လာရောက်၍ ပူးပေါင်းလုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။

"အခုတခေါက် လာရောက် ပူးပေါင်းဆောင်ရွက်တဲ့သူတွေများတယ်၊ နောက်အပတ်မှာလည်း ဒီထက်ပိုများဦးမယ်၊ တပ်ရော ရဲရော ပါမယ်၊ လာမဲ့အပတ် စနေနေ့မှာ ဆေးရုံကြီးထဲမှာ စုပေါင်း သန့်ရှင်းရေးလုပ်မယ်၊ တနဂင်ဿနွေနေ့မှာတော့ အထက(ဟောင်လိတ်)မှာ လုပ်ကြမှာပါ၊ တာချီလိတ်မှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့များအနေနဲ့ လာရောက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း ဖိတ်ခေါ်ပါတယ်"ဟု မဇဿဈိမလူမှုကူညီရေးအသင်း ဥကဿကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စာသင်ကျောင်းများအတွက် စုပေါင်းသန့်ရှင်းရေးအဖြစ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မဇဿဈိမလူမှုကူညီရေးအသင်း ပါဝင်သည့် လူမှုရေးအသင်းအဖွဲ့များမှ ပြီးခဲ့သည့် ရက်များက အထက(ဆန်ဆိုင်း)၊ အထက(ခွဲ)ပုန်းထွန်၊ အလက(ခွဲ)တာလော့ ကျောင်းတို့တွင် စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြပြီး ၂၀၁၈ခုနှစ် ဇွန်လ(၃)ရက်နေ့တွင် မြို့ပေါ် စာသင်ကျောင်း(၄)ကျောင်းမြောက်အဖြစ် အထက(တာချီလိတ်)တွင် ဆောင်ရွက်ကြခြင်း ဖြစ်သည်။

ဓါတ်ပုံ - UTS ၊ နေမျိုး(မဇဿဈိမ)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~