အာခါတုိင္းရင္းသား ဘာသာစာေပ သင္ရိုးညႊန္းတမ္းကို တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အေျခခံပညာေက်ာင္း (၁၁)ေက်ာင္းတြင္ ယခုႏွစ္အတြင္း သင္ၾကားမည္

အာခါတုိင္းရင္းသား ဘာသာစာေပ သင္ရိုးညႊန္းတမ္းကို တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အေျခခံပညာေက်ာင္း (၁၁)ေက်ာင္းတြင္ ယခုႏွစ္အတြင္း သင္ၾကားမည္
ဇွန် 10, 2018
By Tachileik News Agency

အာခါတုိင္းရင္းသားမ်ား ေနထုိင္ရာ ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသမွ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရိွ အေျခခံပညာေက်ာင္း (၁၁)ေက်ာင္းတြင္ ၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္၌ အာခါတုိင္းရင္းသား ဘာသာစာေပ သင္ရိုးညႊန္းတမ္း KG ႏွင့္ Grade 1 အဆင့္တို႔ကို သင္ၾကားမည္ျဖစ္ေၾကာင္း သိရသည္။

“ဆရာ၊ဆရာမဦးေရက ဒီေက်ာင္းေပါင္း (၁၁)ေက်ာင္းအတြက္ သင္တန္းေပးၿပီးသား (၂၀)ေက်ာ္ရိွပါတယ္။ ဆရာ၊ ဆရာမ လစာနဲ႔ သင္ရိုးညႊန္းတမ္းစာအုပ္ေတြအတြက္က ႏုိင္ငံေတာ္က ပံ့ပိုးမွာပါ။ ေတာင္းခံထားၿပီး ျဖစ္ပါတယ္။ ဒီႏွစ္မွာ (၁၁)ေက်ာင္း ခြင့္ျပဳထားၿပီးၿပီ ဆိုရင္ေတာ့ ေနာက္ႏွစ္ေတြမွာလည္း ေက်ာင္းအေရ အတြက္ေတြ တိုးခ်ဲ႕ႏုိင္ဖို႔ စည္းရံုးလုပ္ေဆာင္သြားမွာပါ”ဟု အာခါစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ (ရွမ္းျပည္နယ္) ဗဟိုေကာ္မတီဝင္ ဦးယာကုတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အာခါစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ(ဗဟို)က တုိင္းရင္းသားစာေပ၊ ဘာသာစကားသင္ၾကားေရးဆိုင္ရာ ရွင္းလင္းပြဲကို တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကိုးေက်းရြာအုပ္စု၊ ပန္အန္ရြာတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၀)ရက္ေန႔ ေန႔လယ္ပိုင္းက ပထမဆံုးအႀကိမ္ လုပ္ေဆာင္လိုက္ၿပီး အျခားေဒသမ်ားတြင္လည္း ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အာခါဘာသာသင္ရိုးညႊန္းတမ္းကို ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္က မုိင္းကိုးေက်းရြာအုပ္စုရိွ ရန္ရွင္း(၃)ေက်းရြာ အေျခခံပညာေက်ာင္းတြင္ KG တန္းစတင္ သင္ၾကားခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္တြင္ မုိင္းကိုးေက်းရြာ အုပ္စုရိွ အေျခခံပညာေက်ာင္း (၅)ေက်ာင္း၊ တာေလၿမိဳ႕ရိွ အေျခခံပညာေက်ာင္း (၄)ေက်ာင္း၊ က်ိဳင္းလပ္ၿမိဳ႕ရိွ အေျခခံပညာေက်ာင္း (၁)ေက်ာင္းႏွင့္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုရိွ အေျခခံပညာေက်ာင္း (၁)ေက်ာင္းတို႔တြင္ သင္ၾကားသြားရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အရင္ကေတာ့ အာခါစာကို စာေပနဲ႔ယဥ္ေက်းမႈေကာ္မတီကေန ေႏြရာသီေက်ာင္းပိတ္ရက္ သင္ၾကားေပးတာေတြမ်ိဳးပဲ ရိွခဲ့တယ္။ အခုလို ေက်ာင္းေတြမွာ သင္ၾကားႏုိင္ၿပီဆုိရင္ေတာ့ အာခါစာကို သင္ယူႏုိင္တဲ့သူေတြ လူငယ္ေတြထဲမွာ မ်ားလာမယ္ဆိုေတာ့ ကိုယ့္လူမ်ိဳးစာေပအတြက္ အားရိွတာေပါ့”ဟု အာခါစာသင္ၾကားေပးေနသည့္ ဆရာတစ္ဦးျဖစ္သူ ဦးအုန္းလြင္က ဆိုသည္။

အာခါစာသင္ရိုးညႊန္းတမ္းေရးဆြဲျခင္းကို UNICEF ၏ ပံ့ပိုးမႈျဖင့္ ၂၀၁၄ ခုႏွစ္တြင္ KG အဆင့္ကို စတင္ခဲ့ျခင္း ျဖစ္ၿပီး Grade 1၊ Grade 2၊ Grade 3 တို႔ကို ပညာေရးဝန္ႀကီးဌာန၏ ပံ့ပိုးမႈျဖင့္ ေရးဆြဲႏုိင္ခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

သင္ရုိးညႊန္းတမ္းေရးဆြဲရာတြင္ အာခါစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ ဗဟိုႏွင့္ ၿမိဳ႕နယ္အဆင့္မွ တာဝန္ရိွသူမ်ား၊ ပညာေရးဝန္ႀကီးဌာနမွ အႀကံေပးပုဂၢိဳလ္မ်ား၊ ဘာသာစကား ကၽြမ္းက်င္ပညာရွင္မ်ား၊ ပညာေရးဌာနမွ တာဝန္ရိွသူမ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ ေရးဆြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အာခါစာသင္ရိုးညႊန္းတမ္း စာအုပ္မ်ား ရုိက္ႏွိပ္ျဖန္႔ေဝေပးျခင္းကို ပညာေရးဝန္ႀကီးဌာနက ပံ့ပိုးေပးထားကာ ဆရာ၊ဆရာမမ်ား အတြက္ လစာကို တုိင္းရင္းသားေရးရာ ဝန္ႀကီးဌာနက ပံ့ပိုးေပးၿပီး ဆရာ၊ဆရာမမ်ား အျဖစ္ သင္တန္းေပးျခင္းကို အာခါစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီက လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ေတြ ၂၀၁၄ ခုႏွစ္ကစၿပီးေတာ့ ကၽြန္ေတာ္တုိ႔ဘာသာစာေပသင္မယ့္ ဆရာ၊ဆရာမေတြ ဆရာျဖစ္သင္တန္းေပးေနပါတယ္။ ေနာက္ထပ္လည္း သင္တန္းေတြ ထပ္လုပ္သြားမွာပါ”ဟု အာခါစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ (ရွမ္းျပည္နယ္) ဗဟိုေကာ္မတီ အလုပ္အမႈေဆာင္ ဦးခ်စ္သားက ေျပာသည္။

ျမန္မာႏုိင္ငံတြင္ အာခါတုိင္းရင္းသားဦးေရ ႏွစ္သိန္းေက်ာ္ရိွၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုႏွင့္ တာခ်ီလိတ္ခရိုင္တို႔တြင္ အမ်ားဆံုးေနထုိင္ၾကၿပီး မုိင္းျဖတ္၊ မုိင္းေယာင္း၊ မုိင္းတံုႏွင့္ မိုင္းဆတ္တို႔တြင္ အနည္းငယ္ ေနထိုင္ၾကသည့္အျပင္ ထိုင္းႏုိင္ငံ၊ လာအိုႏိုင္ငံ ႏွင့္ တရုတ္ႏိုင္ငံတို႔တြင္လည္း ေနထိုင္ၾကေၾကာင္းႏွင့္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕တြင္ အာခါတုိင္းရင္းသားေရးရာဝန္ႀကီးေနရာလည္း ရရိွထားျခင္းျဖစ္ေၾကာင္း သိရသည္။

ယေန႔ က်င္းပသည့္ ရွင္းလင္းပြဲသို႔ အာခါစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီ(ဗဟို)မွ ဥကၠဌႏွင့္ အဖြဲ႔ဝင္မ်ား၊ ဘာသာစကားပညာရွင္မ်ား၊ ေဒသခံမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓါတ္ပံု - ခ်ယ္ရီထိုက္



~~~~~~~~⊰❂ unicode ~~~~~~~~

အာခါတိုင်းရင်းသားများ နေထိုင်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၁)ကျောင်းတွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်၌ အာခါတိုင်းရင်းသား ဘာသာစာပေ သင်ရိုးညွှန်းတမ်း KG နှင့် Grade 1 အဆင့်တို့ကို သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

“ဆရာ၊ဆရာမဦးရေက ဒီကျောင်းပေါင်း (၁၁)ကျောင်းအတွက် သင်တန်းပေးပြီးသား (၂၀)ကျော်ရှိပါတယ်။ ဆရာ၊ ဆရာမ လစာနဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တွေအတွက်က နိုင်ငံတော်က ပံ့ပိုးမှာပါ။ တောင်းခံထားပြီး ဖြစ်ပါတယ်။ ဒီနှစ်မှာ (၁၁)ကျောင်း ခွင့်ပြုထားပြီးပြီ ဆိုရင်တော့ နောက်နှစ်တွေမှာလည်း ကျောင်းအရေ အတွက်တွေ တိုးချဲ့နိုင်ဖို့ စည်းရုံးလုပ်ဆောင်သွားမှာပါ”ဟု အာခါစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရှမ်းပြည်နယ်) ဗဟိုကော်မတီဝင် ဦးယာကုတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာခါစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို)က တိုင်းရင်းသားစာပေ၊ ဘာသာစကားသင်ကြားရေးဆိုင်ရာ ရှင်းလင်းပွဲကို တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်အန်ရွာတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၀)ရက်နေ့ နေ့လယ်ပိုင်းက ပထမဆုံးအကြိမ် လုပ်ဆောင်လိုက်ပြီး အခြားဒေသများတွင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အာခါဘာသာသင်ရိုးညွှန်းတမ်းကို ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်က မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ရှင်း(၃)ကျေးရွာ အခြေခံပညာကျောင်းတွင် KG တန်းစတင် သင်ကြားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် မိုင်းကိုးကျေးရွာ အုပ်စုရှိ အခြေခံပညာကျောင်း (၅)ကျောင်း၊ တာလမြေို့ရှိ အခြေခံပညာကျောင်း (၄)ကျောင်း၊ ကျိုင်းလပ်မြို့ရှိ အခြေခံပညာကျောင်း (၁)ကျောင်းနှင့် လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်း (၁)ကျောင်းတို့တွင် သင်ကြားသွားရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။

“အရင်ကတော့ အာခါစာကို စာပေနဲ့ယဉ်ကျေးမှုကော်မတီကနေ နွေရာသီကျောင်းပိတ်ရက် သင်ကြားပေးတာတွေမျိုးပဲ ရှိခဲ့တယ်။ အခုလို ကျောင်းတွေမှာ သင်ကြားနိုင်ပြီဆိုရင်တော့ အာခါစာကို သင်ယူနိုင်တဲ့သူတွေ လူငယ်တွေထဲမှာ များလာမယ်ဆိုတော့ ကိုယ့်လူမျိုးစာပေအတွက် အားရှိတာပေါ့”ဟု အာခါစာသင်ကြားပေးနေသည့် ဆရာတစ်ဦးဖြစ်သူ ဦးအုန်းလွင်က ဆိုသည်။

အာခါစာသင်ရိုးညွှန်းတမ်းရေးဆွဲခြင်းကို UNICEF၏ ပံ့ပိုးမှုဖြင့် ၂၀၁၄ ခုနှစ်တွင် KG အဆင့်ကို စတင်ခဲ့ခြင်း ဖြစ်ပြီး Grade 1၊ Grade 2၊ Grade 3 တို့ကို ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ရေးဆွဲနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အာခါစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဗဟိုနှင့် မြို့နယ်အဆင့်မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ အကြံပေးပုဂ္ဂိုလ်များ၊ ဘာသာစကား ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာခါစာသင်ရိုးညွှန်းတမ်း စာအုပ်များ ရိုက်နှိပ်ဖြန့်ဝေပေးခြင်းကို ပညာရေးဝန်ကြီးဌာနက ပံ့ပိုးပေးထားကာ ဆရာ၊ဆရာမများ အတွက် လစာကို တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက ပံ့ပိုးပေးပြီး ဆရာ၊ဆရာမများ အဖြစ် သင်တန်းပေးခြင်းကို အာခါစာပေနှင့်ယဉ်ကျေးမှုကော်မတီက လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့တွေ ၂၀၁၄ ခုနှစ်ကစပြီးတော့ ကျွန်တော်တို့ဘာသာစာပေသင်မယ့် ဆရာ၊ဆရာမတွေ ဆရာဖြစ်သင်တန်းပေးနေပါတယ်။ နောက်ထပ်လည်း သင်တန်းတွေ ထပ်လုပ်သွားမှာပါ”ဟု အာခါစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရှမ်းပြည်နယ်) ဗဟိုကော်မတီ အလုပ်အမှုဆောင် ဦးချစ်သားက ပြောသည်။

မြန်မာနိုင်ငံတွင် အာခါတိုင်းရင်းသားဦးရေ နှစ်သိန်းကျော်ရှိပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်တို့တွင် အများဆုံးနေထိုင်ကြပြီး မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းတုံနှင့် မိုင်းဆတ်တို့တွင် အနည်းငယ် နေထိုင်ကြသည့်အပြင် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ နှင့် တရုတ်နိုင်ငံတို့တွင်လည်း နေထိုင်ကြကြောင်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် အာခါတိုင်းရင်းသားရေးရာဝန်ကြီးနေရာလည်း ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ကျင်းပသည့် ရှင်းလင်းပွဲသို့ အာခါစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို)မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဘာသာစကားပညာရှင်များ၊ ဒေသခံများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

သတ