Update News

မူဆယ္ၿမိဳ႕ရွိ နမ့္ေပၚတံတားရဲကင္းတြင္ အက္ဆစ္ေပပါ အလုံး(၈၀)တင္ေဆာင္လာသည့္ ယာဥ္အား ဖမ္းဆီးရမိ


ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္၊ နမ့္ေပၚတံတားရဲကင္း၌  မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသံုးျပဳရန္ဟု ယူဆရသည့္ အက္ဆစ္ေပပါ အလံုး(၈၀)ကို တင္ေဆာင္လာသည့္ကားအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူဆယ္ၿမိဳ႕နယ္၊ နမ့္ေပၚတံတားရဲကင္းမွ ပူးေပါင္းအဖြဲ႔က အဆိုပါ အက္ဆစ္ေပပါမ်ားအား  ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၇) ရက္ေန႔ ည (၈)နာရီအခ်ိန္က ဖမ္းဆီးရမိျခင္း ျဖစ္သည္။

(၁၂) ဘီးယာဥ္ျဖင့္ အက္ဆစ္ေပပါမ်ားအား သယ္ေဆာင္၍ ေမာင္းနင္လာသူ ယာဥ္ေမာင္း ေအာင္မ်ိဳးဦးအား အမႈဖြင့္စစ္ေဆးနိုင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓါတ္ပံု - ရဲတပ္ဖြဲ႔




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားရဲကင်း၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုရန်ဟု ယူဆရသည့် အက်ဆစ်ပေပါ အလုံး(၈၀)ကို တင်ဆောင်လာသည့်ကားအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားရဲကင်းမှ ပူးပေါင်းအဖွဲ့က အဆိုပါ အက်ဆစ်ပေပါများအား ၂၀၁၈ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့ ည (၈)နာရီအချိန်က ဖမ်းဆီးရမိခြင်း ဖြစ်သည်။

(၁၂) ဘီးယာဉ်ဖြင့် အက်ဆစ်ပေပါများအား သယ်ဆောင်၍ မောင်းနင်လာသူ ယာဉ်မောင်း အောင်မျိုးဦးအား အမှုဖွင့်စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::