မကွေးတိုင်းအတွင်း မြို့နယ်ပေါင်း (၁၂)ခုတွင် သီးနှံမျိုးစုံ စိုက်ဧက ခြောက်သောင်းကျော် ရေနစ်မြုပ်

မကွေးတိုင်းအတွင်း မြို့နယ်ပေါင်း (၁၂)ခုတွင် သီးနှံမျိုးစုံ စိုက်ဧက ခြောက်သောင်းကျော် ရေနစ်မြုပ်
ဇှနျ 14, 2018
By Tachileik News Agency


"အစားထိုးသီးနှံစိုက်ပျိုးနိုင်ဖို့ အတွက် ဝါဆိုပဲလို့ခေါ်တဲ့ သုံးလမြေပဲ၊ ပဲတီစိမ်း၊ ဝါ၊ အစေ့ထုတ်ပြောင်း အဲဒီ (၄) မျိုးနဲ့ ဓာတ်မြေသြဇာတွေ အချိန်မီထောက်ပံ့ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ IRM က ထောက်ပံ့ထားတဲ့ ဓာတ်မြေသြဇာ အိတ် (၂၄၀၀၀) ကျော်ကလည်း မြို့နယ်တွေမှာ အသင့်ရောက်နေပါပြီ" ဟု မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဇွန်လ(၉)ရက်နေ့မှစ၍ ဇွန်လ(၁၄)ရက်နေ့အထိ မကွေးတိုင်းအတွင်း အဆက်မပြတ်မိုးရွာသွန်း လျှက်ရှိနေသဖြင့် ငဖဲမြို့နယ်တွင် နွေစပါး၊ နွေနှမ်း စုစုပေါင်း(၁၄၆)ဧက၊ မင်းတုန်းမြို့နယ်တွင် မိုးစပါး နှင့်အခြားသီးနှံ စုစုပေါင်း(,၁၅၆၆)ဧက၊ ကံမမြို့နယ်တွင် မိုးစပါး၊ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ဖူးစားပြောင်း စုစုပေါင်း(၅,၆၄၆)ဧက ၊ စလင်းမြို့နယ်တွင် ချည်မျှင်ရှည်ဝါ၊ အစေ့ထုတ်ပြောင်းနှင့် အခြားသီးနှံနှင့် စုစုပေါင်း (၅၆)ဧက၊ စေတုတ္တရာမြို့နယ်တွင် မိုးနှမ်း၊ နွေနှမ်း၊ နွေစပါး၊ မြေပဲနှင့် အခြားသီးနှံများ စုစုပေါင်း (၄,၈၇၈)ဧက၊ မင်းဘူးမြို့နယ်တွင် နွေနှမ်း၊ မိုးနှမ်း၊ နွေစပါး၊ ပဲတီစိမ်း စုစုပေါင်း(၁၅,၄၀၃)ဧက၊ ပွင့်ဖြူ မြို့နယ်တွင် နွေနှမ်း၊ မိုးနှမ်း၊ နွေစပါးနှင့်အခြားသီးနှံ စုစုပေါင်း(၂၃,၆၅၉)ဧက၊ စလင်းမြို့နယ်တွင် နွေနှမ်း၊ မိုးနှမ်း၊ နွေစပါးနှင့်အခြားသီးနှံ (၅,၉၉၆)ဧက၊ ပခုက္ကူမြို့နယ်တွင် မြေပဲ(၂)ဧက၊ ပေါက်မြို့နယ်တွင် နွေနှမ်း၊ မိုးနှမ်း (၉၂)ဧက၊ မြိုင်မြို့နယ်တွင် မိုးနှမ်း၊နွေနှမ်းနှင့်အခြားသီးနှံ (၂၁၂)ဧက၊ ရေစကြိုမြို့နယ်တွင် ပဲတီစိမ်း၊ နွေနှမ်း၊ နွေစပါး (၃၇၈)ဧက၊ မြို့သစ်မြို့နယ်တွင် မိုးနှမ်း၊ နွေနှမ်း၊ မြေပဲ (၅,၁၅၈)ဧက၊ စုစုပေါင်း စိုက်ဧက (၆၃,၁၉၂)ဧက ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ဌာနမှတ်တမ်းများအရ သိရပြီး မိုးမှာဆက်လက်ရွာသွန်း နေသဖြင့် ရေနစ်မြုပ်စိုက်ဧက ပိုမိုလာဖွယ်ရှိကြောင်း သိရသည်။

သတင်း -  #ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း (၁၂) မြို့နယ်မှ သီးနှံမျိုးစုံစိုက်ဧက (၆)သောင်းကျော် ရေနစ်မြုပ်ခံနေရ၍ အစားထိုးသီးနှံစိုက်ပျိုးနိုင်ရေးအတွက် အချိန်မီထောက်ပံ့ပေးနိုင်ရန် စီစဉ်လျှက်ရှိကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

"အစားထိုးသီးနှံစိုက်ပျိုးနိုင်ဖို့ အတွက် ဝါဆိုပဲလို့ခေါ်တဲ့ သုံးလမြေပဲ၊ ပဲတီစိမ်း၊ ဝါ၊ အစေ့ထုတ်ပြောင်း အဲဒီ (၄) မျိုးနဲ့ ဓာတ်မြသြေဇာတွေ အချိန်မီထောက်ပံ့ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ IRM က ထောက်ပံ့ထားတဲ့ ဓာတ်မြသြေဇာ အိတ် (၂၄၀၀၀) ကျော်ကလည်း မြို့နယ်တွေမှာ အသင့်ရောက်နေပါပြီ" ဟု မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဇွန်လ(၉)ရက်နေ့မှစ၍ ဇွန်လ(၁၄)ရက်နေ့အထိ မကွေးတိုင်းအတွင်း အဆက်မပြတ်မိုးရွာသွန်း လျှက်ရှိနေသဖြင့် ငဖဲမြို့နယ်တွင် နွေစပါး၊ နွေနှမ်း စုစုပေါင်း(၁၄၆)ဧက၊ မင်းတုန်းမြို့နယ်တွင် မိုးစပါး နှင့်အခြားသီးနှံ စုစုပေါင်း(,၁၅၆၆)ဧက၊ ကံမမြို့နယ်တွင် မိုးစပါး၊ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ဖူးစားပြောင်း စုစုပေါင်း(၅,၆၄၆)ဧက၊ စလင်းမြို့နယ်တွင် ချည်မျှင်ရှည်ဝါ၊ အစေ့ထုတ်ပြောင်းနှင့် အခြားသီးနှံနှင့် စုစုပေါင်း (၅၆)ဧက၊ စေတုတ္တရာမြို့နယ်တွင် မိုးနှမ်း၊ နွေနှမ်း၊ နွေစပါး၊ မြေပဲနှင့် အခြားသီးနှံများ စုစုပေါင်း (၄,၈၇၈)ဧက၊ မင်းဘူးမြို့နယ်တွင် နွေနှမ်း၊ မိုးနှမ်း၊ နွေစပါး၊ ပဲတီစိမ်း စုစုပေါင်း(၁၅,၄၀၃)ဧက၊ ပွင့်ဖြူ မြို့နယ်တွင် နွေနှမ်း၊ မိုးနှမ်း၊ နွေစပါးနှင့်အခြားသီးနှံ စုစုပေါင်း(၂၃,၆၅၉)ဧက၊ စလင်းမြို့နယ်တွင် နွေနှမ်း၊ မိုးနှမ်း၊ နွေစပါးနှင့်အခြားသီးနှံ (၅,၉၉၆)ဧက၊ ပခုက္ကူမြို့နယ်တွင် မြေပဲ(၂)ဧက၊ ပေါက်မြို့နယ်တွင် နွေနှမ်း၊ မိုးနှမ်း (၉၂)ဧက၊ မြိုင်မြို့နယ်တွင် မိုးနှမ်း၊နွေနှမ်းနှင့်အခြားသီးနှံ (၂၁၂)ဧက၊ ရေစကြိုမြို့နယ်တွင် ပဲတီစိမ်း၊ နွေနှမ်း၊ နွေစပါး (၃၇၈)ဧက၊ မြို့သစ်မြို့နယ်တွင် မိုးနှမ်း၊ နွေနှမ်း၊ မြေပဲ (၅,၁၅၈)ဧက၊ စုစုပေါင်း စိုက်ဧက (၆၃,၁၉၂)ဧက ရကြေီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ဌာနမှတ်တမ်းများအရ သိရပြီး မိုးမှာဆက်လက်ရွာသွန်း နေသဖြင့် ရေနစ်မြုပ်စိုက်ဧက ပိုမိုလာဖွယ်ရှိကြောင်း သိရသည်။

သတင်း - #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~