က်ိဳင္းတံုၿမိဳ႕ ယန္းခေက်းရြာအုပ္စုအတြင္းရိွ မူးယစ္သတင္းရေနအိမ္ (၃)အိမ္ကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ ဖမ္းဆီး

က်ိဳင္းတံုၿမိဳ႕ ယန္းခေက်းရြာအုပ္စုအတြင္းရိွ မူးယစ္သတင္းရေနအိမ္ (၃)အိမ္ကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ ဖမ္းဆီး
ဇွန် 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ ယန္းခေက်းရြာအုပ္စုအတြင္း မူးယစ္သတင္းရရွိထားသည့္ ေနအိမ္(၃)လံုးအား ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ အမ်ိဳးသားႏွစ္ဦးႏွင့္ အမ်ိဳးသမီးႏွစ္ဦးတို႔ကို စုစုေပါင္း စိတ္ၾကြေဆးျပား (၃၈၂) ျပားတို႔ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕ႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၄)ရက္ေန႔ ေန႔လယ္ (၁၂)နာရီေက်ာ္တြင္ က်ိဳင္းတံုၿမိဳ႕၊ ယန္းခေက်းရြာအုပ္စု၊ ဝမ္ဆန္(အာခါ)ရြာရိွ ယာလို႔၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ အသက္ (၂၄)ႏွစ္အရြယ္ ယာလို႔ႏွင့္အတူ အသက္ (၄၃)ႏွစ္အရြယ္ ယာမူးဆိုသူတို႔အား မူးယစ္ေဆးသံုးစြဲေနသည္ကို ေတြ႔ရၿပီး ၎တို႔ထံမွ စိတ္ၾကြေဆးျပား (၄၂) ျပားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ယင္းေနာက္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ားပါဝင္သည့္အဖြဲ႕သည္ အဆုိပါရြာရိွ အသက္ (၅၅)ႏွစ္အရြယ္ အမ်ိဳးသမီး နာတီး၏ ေနအိမ္အား ေန႔လယ္ (၂)နာရီခြဲဝန္းက်င္တြင္ ဝင္ေရာက္ရွာေဖြရာ နာတီးအား စိတ္ၾကြေဆးျပား (၇၀)ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ားပါဝင္သည့္အဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၄)ရက္ေန႔ ညေန (၃)နာရီခြဲဝန္းက်င္တြင္ ယန္းခေက်းရြာအုပ္စု၊ ႀကိတ္ေခါင္(ေအာက္)ေက်းရြာရိွ အသက္(၅၉)ႏွစ္အရြယ္ မီဆာ၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ မီဆာအား စိတ္ၾကြေဆးျပား (၂၇၀)ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ယာလို႔ႏွင့္ ယာမူးတို႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ လည္းေကာင္း၊ နာတီးအား မယ(ပ) ၁၀၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ လည္းေကာင္း၊ မီဆာအား မယ(ပ) ၁၀၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ လည္းေကာင္း အသီးသီး အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းခကျေးရွာအုပ်စုအတွင်း မူးယစ်သတင်းရရှိထားသည့် နေအိမ်(၃)လုံးအား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စုစုပေါင်း စိတ်ကြွဆေးပြား (၃၈၂) ပြားတို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့် အဖွဲ့နှင့်အတူ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့ နေ့လယ် (၁၂)နာရီကျော်တွင် ကျိုင်းတုံမြို့၊ ယန်းခကျေးရွာအုပ်စု၊ ဝမ်ဆန်(အာခါ)ရွာရှိ ယာလို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အသက် (၂၄)နှစ်အရွယ် ယာလို့နှင့်အတူ အသက် (၄၃)နှစ်အရွယ် ယာမူးဆိုသူတို့အား မူးယစ်ဆေးသုံးစွဲနေသည်ကို တွေ့ရပြီး၎င်းတို့ထံမှ စိတ်ကြွဆေးပြား (၄၂) ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

ယင်းနောက် ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့်အဖွဲ့သည် အဆိုပါရွာရှိ အသက် (၅၅)နှစ်အရွယ် အမျိုးသမီး နာတီး၏ နေအိမ်အား နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင် ဝင်ရောက်ရှာဖွေရာ နာတီးအား စိတ်ကြွဆေးပြား (၇၀)နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်တွင် ယန်းခကျေးရွာအုပ်စု၊ ကြိတ်ခေါင်(အောက်)ကျေးရွာရှိ အသက်(၅၉)နှစ်အရွယ် မီဆာ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ မီဆာအား စိတ်ကြွဆေးပြား (၂၇၀)နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ယာလို့နှင့် ယာမူးတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၀၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် လည်းကောင်း၊ နာတီးအား မယ(ပ) ၁၀၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း၊ မီဆာအား မယ(ပ) ၁၀၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~